Friday, April 6, 2012

Font Maker font များဖန်တီးနိုင်သည့် software

Font များကို မိမိကိုယ်တိုင်ဖန်တီးချင်သူများအတွက် တင်ပေးလိုက်ပါတယ် ခင်ဗျာ
Fontog 3.5 
အသစ်အဆန်းလေးများတည်ထွင်နိုင်ကြပါစေ...........

zawgyi ကနေ unicode ကို(သို့)unicode ကနေ zawgyi ကို ဘယ်လိုပြောင်းမလဲ

zawgyi ကနေ unicode ကို(သို့)unicode ကနေ zawgyi ကို ဘယ်လိုပြောင်းမလဲ

တစ်ခါတစ်လေ unicode နဲ့ရေးထားတဲ့ ဆိုဒ်တစ်ခုက စာတစ်ပုဒ်ကို ကြိုက်တယ်ဆိုပါစို့။အဲ့စာကို
ဒီဆိုဒ်မှာ မျှချင်တယ်ဗျာ ဒါမယ့် ဒီဆိုဒ်မှာက zawgyi font ပဲလက်ခံတော့ မျှလို့ မရပြန်ဘူး။
ဒါကို မသိခင်တုန်းကတော့ အကုန်လုံး အစအဆုံး ပြန်ရိုက်ရတာပေါ့လေ။
ခုတော့လွယ်လွယ်ကူကူပဲ ပြောင်းလို့ရသွားပါပြီ။ချင်းတွင်းက လုပ်ထားတာပါ။
ပြောင်းချင်ရင် ဒီလင့် ကိုသွားလိုက်ပါ။font တော်တော်များများကို convert လုပ်ပေးပါတယ်။
ပြောင်းနိုင်တဲ့ font တွေပါ။
ပထမစာမျက်နှာမှာ ပြောင်းချင်တဲ့ font ရွှေးပြီး ပြောင်းချင်တဲ့စာကို ထည့်လိုက်ပါ။
ပြီးရင် convert ဆိုတာကို နှိပ်လိုက်ရုံပါပဲ။ ဒါဆို ဒုတိယ စာမျက်နှာမှာ ပြောင်းသွားပါလိမ့်မယ်။
အဆင်ပြေပါစေဗျာ။

Myanmar translater website 24 language

ဘာသာစကား (၂၄) မျိုးကနေ မြန်မာလို ဘာသာပြန်ပေးနိုင်တဲ့ Website လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် ။
သူက ကိုယ်ရိုက်လိုက်တဲ့ စာ တစ်ကြောင်းလုံးကို တစ်လုံးချင်းစီရဲ့ အဓိပ္ပါယ်အလိုက် ဘာသာပြန်ပေးနိုင်ပါတယ် ။

အဲဒီ ဆိုက်ကနေSupport လုပ်ပေးတဲ့ ဘာသာ စကား (၂၄)မျိုး ကတော့ အင်္ဂလိပ်၊ ဟီးဘရူး၊ ဂရိ၊ ပေါ်တူဂီ၊
အာရေဘစ်၊ စပိန်၊ နော်ဝေး၊ ဆွီဒင်၊ ဂျာမန်၊ ရုရှား၊ ဂျပန်၊ တရုတ်၊ ကိုရီးယား၊ မလေးရှား၊ ဗီယက်နမ်၊
ထိုင်း၊ ဟိန္ဒီ၊ ရိုမေးနီးယား၊ ပြင်သစ်၊ ဒပ်ချ်၊ Finish၊ ဖိလစ်ပိုင်၊ Polish နှင့် Danish ဘာသာစကားတို့ ဖြစ်ပါတယ် ။
ဟော့ဒီဆိုက်ေလးပါ ။ လေ့လာကြည့်ပါဦးနော် ။

The grate Myanmar peoples of Mother last will and testament

ဒေါ်အောင်ဆန်းစုကြည်၏သေတမ်းစာ
ဘဝ ဟူသည်                                      What is life?
တိုတောင်း လှပေစွ.                              It is very short
ကန်ရေပြင်၌ တက်သော                        It may be water wave.
ရေပွက်မျှသာ ဖြစ်တယ်။              

ကွေးသောလက်များ                              The bend hands              
ဆန် ့မသွားမီ                                       don't stretch out
မတည် သော အသက်                            don't be situated
ခန္ဓာ ဟူသည်                                       My body mean
ဇာတိ ဇရာ မရဏ
သောက ပရိဒေဝ အနိစ္စ
အမြဲမှန်ကန်သော အရာ
မမြဲခြင်းသာ ဖြစ်တယ်။
ဘုရားရှင်သော်မှ မလွှဲနိုင်တဲ့တရား.
အနိစ္စ သေဆုံးခြင်း၏ တရား။

တနေ ့တချိန်
လေမှာလွင့်သော..ပွင့်ချပ်ငယ်နှယ်
ကျမ သေဆုံးပါလိမ့်မယ်။
ကျမ အသက် လူကြီးအရွယ်
သွားရမဲ့လမ်း ပြင်ဆင်ခဲ့ပါတယ်။

ကျမ ကိုယ် ကျမ
ဖေဖေ့လို အာဇာနည်လို ့မယူဆပါဘူး။
အမှန်တရားနဲ့ တရားဥပဒေသာ
မြတ်နိူးပါတဲ့ သာမန်လူ
မြန်မာအမျိုးကောင်းစားရေးကို
ရှေးရှူသူသာဖြစ်တယ်။

အကယ်၍ ကျမ သေလွန်တဲ့အခါ
မငိုပါနဲ ့ မပူဆွေးကြပါနဲ ့
ကြီးကြီးကျယ်ကျယ် စျာပနပွဲ မလုပ်ကြပါနဲ ့။
ကျမ ကိုချစ်သူ မချစ်သူ
မည်သူမဆို လာရှူနိုင်တယ်
ပုပ်ပွ ဖူးယောင် လူသေကောင်၏
မျက်မြင်မုချ အသုဘ ကမ္မဌာန်း..
အိုနာ သေခြင်း၏ မမြဲသောလမ်း။

ကျမ သေဆုံးပြီးနောက်
ချန်ထားခဲ့ပါရစေ။
ကျမ၏ အထွဋ္ဋ်မြတ်သော ဆံပင်
ရွှေတိဂုံဆံတော်ရှင်သို ့လှူဒါန်းပါ။
ကျမ၏ မျက်ကြည်လွှာ..
အလင်းမရသူကို လှူဒါန်းပေးပါ။
ကျမ၏ နှလုံးသား..ကျောက်ကပ်
အသည်း ကလီဇာများ
ကောင်းသေးပါက လိုအပ်သူများအားလှုဒါန်းပေးပါ။

မသာတစ်ခေါက် ကျောင်းဆယ်ခေါက်
နာရေးကူညီသော စေတနာရှင်
စင်ကြယ်သောကုသိုလ်နဲ့ ကိုကျော်သူ
ကျမ အသက်မဲ့ ခန္ဓာ ကို လှူပါတယ်။
ဖုတ်ကျည်းသင်္ဂြ ိုလ်ပေးပါ။

ပုပ်ပွလာမဲ့ ခန္ဓာအား
မီးသငြ်္ဂိုလ်ပြီး..
ရလာသောခန္ဓာ၏ ပြာမြေဇာ
အပင်တို ့အတွက် မြေသြဇာကြွေးပေးပါ။

နောင်လာနောက်သားများအတွက်
ကျမ၏ နေအိမ် (သို ့) ကျမ၏အကျဉ်းထောင်
အင်းစိန် ထောင်ခွဲ
အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း
အောင်ဆန်းစုကြည်၏ ပြတိုက်အဖြစ်
ကျမ၏ အသုံးအဆောင်..စာအုပ်
တီးသူမဲ့သော စန္ဒယား
ကျမ၏ မြန်မာ အဝတ်အစား
ရိုးသားသော မြန်မာအမျိုးသမီး၏တန်ဖိုးများ.
နောင်လာနောက်သားများရှူမြင်စေ။

ကျမ၏ ကျန်ရစ်သော ဘဏ်ငွေသားအနည်းငယ်။
ကျမ၏ စျာပန စရိတ် နှင့်
ဆင်းရဲသော သံဃာအိုများ အတွက်ကျန်းမာရေး
ဇီဝိတဒါန ဆေး အလှု
ကွယ်လွန်သူ မိဘများ အမှုထား၍
ကျမနှင့် ကွယ်လွန်သော ခင်ပွန်းအတွက်
သားများမှရေစက်ချ..အမျှဝေစေချင်ပါတယ်။

ကျမ ရသော ငြိမ်းချမ်းရေး နိုဘယ်ဆုငွေသား
$1.3 million အား
ကိုယ်ကျိူး အတွက် မသုံးစွဲ
တပြားမချန် မြန်မာပြည်သူများအတွက်
ကျမ်းမာရေးနဲ့ ပညာရေး ရံပုံငွေ
လှုဒါန်းခဲ့ပါတယ်။
ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာ ချမ်းသာကြပါစေ။
ကြား ကြားသမျှ အမျှ အမျှ အမျှ ယူတော်မူ။

အမျိုးအတွက်ထားတဲ့ အမေ့ရဲစေတနာကို
နားလည် ပါရမီဖြည့်ပေးသူ သားများ
အမေဘဝမှာ မွေးရကျိူးနပ်ပါတယ်။
အမေ့ဘဝအတွက်အကောင်းဆုံး
ဘုရားပေးသောဆုလာဒ်
ဒီသားများသာ ဖြစ်ပါတယ်။

ဒီ သားများ အတွက်..
အမေ မွေးခဲ့သောဇီဝိတ အသက်
အဖေပေးခဲ့သော ပညာ မှတပါး
အခြားပေးရန် စည်းစိမ် အမွေ မရှိ။
စိတ်ဓါတ်နှင့်ကြံ့ခိုင်သောမျိုးရိုး၏အမွေ
အောင်ဆန်းမျိုးရိုး..ဆက်ကျန်နေပါစေ။

အတူနေ မမဒေါ်ခင်ဝင်းနှင့် သမီးများ
ကျမအား စောင့်ရှောက်သောကျေးဇူး
အထူး မမေ့ပါ။ ကျေးဇူးတင်ပါတယ်။

ဆေးဝါး ကုသပေးသော
မောင်ငယ် ဒေါက်တာတင်မျိူးဝင်း
သမားစိတ်ရင်း ကြောင့် ကျမ အသက်ရှည်..
ကျေးဇူးဆပ်စရာ ပစ္စည်းမဲ့သူ ကျမ
ဦးချပြီး.ဆပ်ပါရစေ။

ပြည်တွင်းပြည်ပ..
ကျမကို ချစ်ခင်ကြသော
ကျမကို အားပေးကြသော..
မိတ်ဆွေ သင်္ဂဟ
သိသူ မသိသူ မှန်သမျှ
ကျမပြုသောကုသိုလ် အဖို ့ဘာဂ ဝေမျှပါတယ်။
ရွှင်လမ်းကြစေ။

ကျမ၏ တဦးတည်းသော ချစ်ရသောအကိုကြီး.
သွေးသားစပ်သူ ဦးအောင်ဆန်းဦး အတွက်..
ကျမ အဖေ၏ ပန်းချီတချပ်..
သူမသေခင်..ခေါင်းရင်းမှာ ချိပ်ဖို ့ပေးအပ်ခဲ့တယ်။

အနှစ် ၂၀ သက်တမ်းရ.သက်တော်ရှည်
အဝေးရောက် ၀န်ကြီးချုပ်
ကျမ၏ တဝမ်းကွဲမောင် ဒေါက်တာစိန်ဝင်း..
ကျမရဲ့ အနှစ် (၂၀) အချုပ်ကာလအတွင်း
ကျမ ရတဲ့ဆုတွေလက်ခံတဲ့အခါ စင်ပေါ်တက်
မျက်နှာပြ ဖော်ရပေးတာ
အထူးကျေးဇူး တင်ပါတယ်။

ဖေဖေ့မျက်နှာနဲ ့
ကျမအပေါ်..မရှိတဲ့ အပြစ်ကိုတင်.အကွက်ဆင်
အတင်းထောင်ချ..သပ်သျှို ပြန်ကယ်ပြတဲ့
အတုယူ ချီးမွမ်းထိုက်ပါသော
မှုးကြီးသန်းရွှေရဲ့ မေတ္တာ စေတနာ
မှတ်ကျောက် စာထိုးခဲ့ပါတယ်။
ကလိမ်ခြုံ နအဖ၏ ဂန္ဓဝင်မိချောင်းမျက်ရည်။

ကျမ မခေါ်ဘဲ အလည်တဲ့ဧည့်သည်.
ကျမ အသက်ဘေးအတွက် သူ စိုးရိမ်တယ်။
မောပမ်း မေ့လဲနေသော ဆီးချိူလူနာသည်သူ
ပုတုဇ္ဇနော ဥမ္မတကော အဆိုရှိ
တကယ်မှန် မှန် မမှန် မှန်..
ဟုတ်သော်ရှိ မဟုတ်သော်ရှိ
ခမြာ..စေတနာနဲ့ သတိပေးရန်ကြံတဲ့အတွက်
သူ၏ ထားရှိသော ဂရုဏာ စေတနာ
ကျေးဇူးတင်ပါထိုက်ပါတယ်။

ကျမ သွားတဲ့အခါ..
တရား သံဝေဂရ..
မျက်ရည် မကျုကြပါနဲ ့။
မပြီးဆုံးသေးတဲ့ ကျမရဲ့ဝတ္တရား
ကျရာနေရာ ကူညီပါ၀င် ဖြည့်ဆည်းပေးကြပါ။
ကျမ အတွက်ထားတဲ့ ချစ်မေတ္တာ
တိုင်းပြည်အမျိုးအတွက်
လက်ဆင့်ကမ်းကြိုးစားပေးပါ။
အဖေ ပေးခဲ့တဲ့ လွတ်လပ်ရေး
ကျမ လက်ထက်မှာ မရသေးခင်
ကျမ သေလွန်ခဲ့ပါလျှင်
ကျမ ကိုယ်စား တာဝန်ဆက်ယူပေးနိုင်စေ.
တနေ ့မှာ..ဒေါင်းမျိူးနွယ်ဆက်
ပြန်ခေါင်းထောင်ထကြပါစေ
ဒို ့ မြန်မာအမျိုး..သိက္ခာ မျိုးနွယ်ဆွေ။
အာဏာရှင်စနစ်..ပြုတ်ကျပါစေ။