Sunday, March 16, 2014

စတော.ရှယ်ယာ ဘာညာ သာရကာ


August 3, 2011 at 2:55pm
လေလံပွဲကြီးတစ်ခုလို စတော.လို. ခေါ်တဲ. စာရွက်တွေ ရောင်းတာ ၀ယ်တာကိုပဲ စတော.မားကက်ဆိုပဲ၊ ကျုပ်တို.ကတော. စကော.မားကက် အကြောင်းပဲ ပိုစိတ်ဝင်စားတယ်၊

သူရို.ဆီမှာတော. ကော်ပိုရေးရှင်းကြီးတွေက ငွေပင်ငွေရင်းတွေ ရဖို. စတော.ရှယ်ယာတွေ ထုတ်ရောင်းတတ်ကြတယ်၊ ၀ယ်တဲ.သူတွေကလည်း ၀ယ်တယ်၊ အဲလိုဆိုတော. ဈေးကွက်ကြီး ရှိလာတယ်ပေါ.ဗျာ၊ livestock ဆိုတာက စတယ်ပြောရမှာရယ်၊ ကျွဲတွေ နွားတွေမပါပဲ စာရွက်တွေပဲ ရောင်းလို. Live ဆိုတာကြီး ပြုတ်သွားတာနေမှာ၊ equities တို. Securities တို. ခေါ်လားခေါ်ရဲ.ဗျာ၊

အဲဒီ စတော.ဆိုတာကြီးကို ၀ယ်လိုက်ရင် ခင်ဗျားက investor တို. Shareholder တို.ဖြစ်သွားရောပဲ။ လုပ်ငန်းကို တစ်စိတ်တစ်ပိုင်း ပိုင်တယ်ပေါ.လေ၊ လုပ်ငန်းရဲ. ကောင်းမွေ ဆိုးမွေနဲလဲ ပါတ်သက်ရသူပေါ.၊ ရှယ်ယာပိုင်ရင် vote လုပ်လို.ရပါတယ်၊ ရွှေနိုင်ငံမှာ တော. စင်ပေါ်ကလူကြီးတွေက သဘောတူပါသလားမေးရင် အောက်က ရှယ်ယာရှင်တွေက သဘောတူပါတယ် လို.ဖြေရတယ်၊
ရင်းနှီးမြှုပ်နှံချင်သူတွေက စတော.တွေဝယ်ပြီး ရင်းနှီးလေ.ရှိတယ်၊ လုပ်ငန်းကောင်းရင် ရှယ်ယာဈေးတက်၊ အသုံးမကျရင်တော. ဈေးကျပေါ.၊

စတော.ဆိုတာ လုပ်ငန်းမှာ ခင်ဗျားရင်းနှီးထားပါတယ်ဆိုတဲ. စာရွက်တစ်ခုပဲ၊ ကိုယ်တိုင်သိမ်းထားတဲ.သူလဲ ရှိသလို ပွဲစားတွေလက်ထဲ အပ်ထားလို.လဲရတယ်၊

စတော.တွေမှာ common stock နဲ. Preferred stock ဆိုပြီး တွေ.နိုင်တယ်

အဲဒီ ဈေးကွက်ကြီးတစ်ခုလုံးဟာ ပိုက်ပိုက်အတွက်ပဲ (နင်ပြောမှလား တေနာရဲ.) ထုတ်ဝေတဲ. ကော်ပိုရေးရှင်းကြီးတွေအလုပ်ကောင်းလို. ရှယ်ယာဈေးတက်ရင် capital gain, ရှယ်ယာဈေးကျရင် capital loss ပဲ၊ ဘယ်သူမှ မြတ်မယ်လို. အာမ မခံနိုင်ဘူး၊

နယူးယော.သားတွေ ၁၇၉၀ လောက်ကတည်းက လမ်းကလေးတစ်ခုထဲက buttonwood ဆိုတဲ. အပင်လေးအောက်မှာ ရုံးဖွင်.ရက်တွေကို စတော.တွေ ရောင်းဝယ်ကြတာ၊ အစောင် ၁၀၀ လောက် အရောင်း အ၀ယ်ဖြစ်ရင်ပဲ တော်တော်များနေပြီ၊ အဲဒီလမ်းမှာ လူအရမ်းစည်တယ်၊ ပွဲစားနဲ. ကုန်သည် တစ်စုက အရောင်းအ၀ယ်တွေကို ထိန်းချုပ်တယ်၊ ကော်ပိုရေးရှင်းကြီးတွေရဲ. ရှယ်ယာတွေကို ပုံသေ ကော်မရှင် ယူပြီး ရောင်းပေး ၀ယ်ပေးတယ်၊ buttonwood agreement ဆိုပြီး ၁၇၉၂ မှာ စခဲ.တာ ဒီနေ.နာမည်ကျော် NYSE ရဲ. အစပဲ၊
နောက်တော. သစ်ပင်အောက်ကနေ ကော်ဖီဆိုထဲရွှေ.၊ နောက် အဆောက်အအုံနဲ.ဖြစ်လာတယ်၊ နှစ်ပေါင်း ၂၀၀ လောက်ကြာပြီးချိန်မှာတော. ဝေါ လမ်းဆိုတာ NYSE ရဲ. သင်္ကေတ တစ်ခုကို ဖြစ်လာပါတော.တယ်၊ ငွေရေး ကြေးရေး ဈေးကွက်နဲ.ပါတ်သက်ရင် ဝေါ လမ်းဟာ အလုပ်လုပ်ဖို. အဆင်အပြေဆုံးပါတဲ.၊

NYSE ဆို မ၀င်နိုင်တဲ. မကပ်နိုင်တဲ. ပွဲစားတွေ လည်းရှိခဲ.တယ်၊ သူတို.လဲ ပလက်ဖောင်းပေါ်ကနေ အမိုးအကာ အောက်ကိုရောက်၊ AMEX American Stock Exchange ဆိုပြီး နောက်တစ်ခုပေါ်လာတယ်၊

Nasdaq ကတော. National association of securities dealers automated quotation system , ၁၉၇၁ လောက်မှပဲ တည်ထောင်တာ၊ သူက ပထမဆုံး အီလက်ထရောနစ် စတော. အိပ်ချိန်းပဲ၊
ပြိုင်ဆိုင်မှုတွေများလာတော. ပိုမြန်၊ ပိုဈေးသက်သာလာတာထုံးစံပါပဲ၊ အခုတော. နိုင်ငံတိုင်းလိုလိုမှာ စတော.အိပ်ချိန်းတွေရှိနေပါပြီ၊ ဈေးကွက်ကတော. အမေရိကန်မှာ အကြီးဆုံးပါပဲ၊ Cincinnati stock exchange, philadelphia stock exchange, the boston stock exchange တွေလဲ နာမည်ကြီးတယ်၊

လာအို၊ ကမ္ဘောဒီးယားလို နိုင်ငံမျိုးတွေမှာတောင် စတော.အိပ်ချိန်းရှိနေပါပြီ

ကျုပ်တို.မြန်မာမှာလည်းရှိနေတာကြာပေါ.၊ နောက်ဆုံးမှပဲ ရေးပါမယ်၊

NYSE ကိုပြိုင်ဖို.ဆိုပြီး Nasdaq ပိုင်တဲ. NASD ရယ် AMEX ရယ် ပေါင်းတယ်၊
စတော.အိပ်ချိန်းတွေမှာ listed ဖြစ်ဖို. သိပ်တော. မလွယ်ဘူး၊ စည်းကမ်းတွေများလှတယ်၊ အဲဒီစည်းကမ်းတွေနဲ. ကိုက်ညီဖို. နှစ်နဲ.ချီပြီးကို ကြာပါတယ်၊ အိပ်ချိန်းတွေက သူတို. ဖီလော်နဲ. ပန်းတိုင်တွေနဲ. ကိုက်ညီတဲ. ကော်ပိုရေးရှင်းကြီးတွေကိုပဲ လက်ခံလေ.ရှိတယ်၊
NYSE မှာ listed လုပ်ထားတဲ. သူတွေကိုကြည်.ရင် ဆရာကြိးတွေပဲ၊ Nasdaq ဘက်မှာတော. နည်းပညာ နဲ.ပါတ်သက်တဲ. လုပ်ငန်းတွေများတယ်၊
ကော်ပိုရေးရှင်းကြီးတွေက အများပိုင်လုပ်ငန်းအဖြစ်ဖွဲ.ပြီး စတော.တွေရောင်းခွင်.ရပြီဆိုရင် ရင်းနှီးမြှုပ်နှံချင်သူတွေကို ဆွဲဆောင်ရတော.တာပဲ၊ တတ်နိုင်သူတွေက တီဗွီတို. ပုံနှိပ်မီဒီယာတို. သုံးပေါ.၊ တစ်ချို.လဲ အီးမေးတို. ၊ တစ်ဆင်.စကားတို.နဲ.ပေါ.၊ ဒီမှာသာ ကြော်ငြာရင် မင်းသား မင်းသမီးက စတော. စာရွက်လေးကိုင် ဖင်လေးလှုပ် ခေါင်းလေးလှုပ် ဟိုပြေး ဒီပြေးနဲ. တီဗွီမှာ တွေ.ရအုံးမှာ၊
ဝယ်ချင်သူတွေများလေ ၊ ဝေါလမ်းက လူတွေ ထောလေပါပဲ၊ အဲဒီမှာ လူ ၃ မျိုးလောက် တွေ.နိုင်ပါတယ်
Individual investor ရယ်၊ trader ရယ်၊ professionals တွေရယ် ပါပဲ၊

Individual investor တွေက မြန်မာဆန်ဆန်ပြောရရင် အာရုံလာတဲ. စတော.၀ယ်ပြီး ခပ်ကြာကြာလေး ကိုင်ထားတတ်ကြတယ်၊ နေ.စဉ်အတက်အကျ ဈေးတွေကို သိပ်စိတ်မ၀င် စားတတ်ဘူး၊
စတော.တွေ အများကြီးဝယ်ပြီး ကိုင်ထားတဲ.သူတွေအကြောင်းပြောရရင် warren buffett အကြောင်းပြောရမယ်၊ သူက စတော.၀ယ်တာမဟုတ် business ၀ယ်တာတဲ.၊ တတ်နိုင်တဲ. ဈေးနဲ.၀ယ်ပြီး . အကြာကြီးကိုင်ထားတယ်၊ ဘယ်တော.ပြန်ရောင်းမလဲမေးရင် never တဲ.၊ သူက ရှေးရိုးဆန်တဲ. ကော်ပိုရေးရှင်းကြီးတွေ၊ ဘဏ်တွေ၊ အာမခံ လုပ်ငန်းတွေရဲ. ရှယ်ယာတွေ ၀ယ်လေ.ရှိတယ်၊ နည်းပညာနဲ. ပါတ်သက်တဲ. လုပ်ငန်းတွေရဲ. စတော.ကို ၀ယ်ခဲတယ်၊ အဲဒီနည်းနဲ.ပဲ ဘီလျံနာကြီးပေါ.ဗျာ၊
CAT, LMT, MMM တို.ရဲ. ရှယ်ယာတွေဝယ်ခဲ.သူတွေ အမြတ်ကောင်းကောင်းရကြတယ်၊ ၁၉၉၀ နေ.တွေဟာ စကော.ဈေးကွက်မှာ မြှုပ်နှံသူတွေအတွက် ဘယ်တုန်းကနဲ.မှ မတူအောင် ကောင်းခဲ.တယ်၊ ရှယ်ယာတွေဟာ ၂၅%၊ ၅၀%၊ ၁၀၀% တွေထိအောင်မြတ်ခဲ.တယ်လို.ဆိုပါတယ်

Short term trader တွေလဲရှိတယ်၊ သူတို.က ကော်ပိုရေးရှင်းကြီးတွေရဲ.ရေရှည်ကိစ္စတွေကိ စိတ်မ၀င်စားဘူး၊ အချိန်တိုတစ်ခုအတွင်း အမြတ်ရဖို.ပဲသိတယ်၊ ၀ယ်ပြီး ၅ မိနစ်လောက်နဲ. ရောင်းချင်ပြန် ရောင်မယ်၊ နာရီပိုင်း၊ရက်ပိုင်း နဲ.ပြန်ရောင်းတယ်၊အဓိက က ရှယ်ယာဈေးတက်ဖို.ပဲ၊ အဲလိုလူတွေထဲမှာ မှ day trader ဆိုတာရှိသေးတယ်၊ ၁၀ လောက်နဲ.၀ယ်ပြီး ၁၀.၅ လောက်ရရင် ပြန်ရောင်းမယ်လို. ဆုံးဖြတ်ထားပြီး ရောင်းတတ်တယ်၊ လောဘသတ်နိုင်တယ် ပြောရမလား၊ ပါးနပ်တဲ.လောင်းကစား စိတ်လို.ပြောရမလားမသိ၊ ဈေးနဲနဲ ကျတာနဲ.လဲ အရှုံးသက်သာအောင် အကုန်ပြန်ရောင်းတတ်တယ်၊ အဲဒီလိုလူမျိုးတွေက စတော.တွေကို မနက်ပိုင်းမှာ ၀ယ်ကြတာများတယ်၊ ညနေပိုင်းဆိုရင် ငွေပြန်ဖေါ်တာ၊ အမြဲတမ်းမြတ်နေဖို.တော.မလွယ်ပါ၊ လူနဲနဲလောက်ပဲ အဲဒီနည်းနဲ. အလုပ်ဖြစ်တာတဲ.၊
ဟောင်ကောင်ကမိတ်ဆွေကတော. သူတိုဆီမှာ အိမ်ရှင်မတွေ နေ.ခင်းဘက် အလုပ်အားပြီဆိုရင် စတော.အိပ်ချိန်းသွားတယ်ဆိုပါတယ်၊ နဲနဲလောက်မြတ်ရင်ပဲ အဟုတ်ကြီးထင်ပြီး ပျော်ကြတာတဲ. ၊ ရေရှည်မှာတော. လက်ကြီးသမားကပဲ စားသွားတာပဲလို. ပြောပါတယ်၊
Professional trader တွေကတော. ဝေါလမ်းက အိပ်ချိန်းတွေနဲ. ပွဲစားလုပ်ငန်းတွေက လူတွေပါပဲ၊ ပင်စင်ရံပုံငွေ၊ ဘဏ်နဲ. Mutual fund တွေမှာ လုပ်တဲ.သူတွေလဲပါတယ်၊ ငွေပင်ငွေရင်းကြီးကြတော. စတော. တစ်ခုတည်းတင်မဟုတ်ပဲ ဈေးကွက်တစ်ခုလုံးမှာကို ကစားကြတာ၊ တစ်ချို.က ကွန်ပြူတာပရိုဂရမ်တွေရေးပြီး အော်တိငုတ်တုတ် အရောင်းအ၀ယ်လုပ်တယ်ဆိုပါတယ်၊ ခေါင်းစား သက်သာတာပေါ.၊ အိပ်ချိန်တွေက အဲဒီလို institutional investor တစ်နေ. ဘယ်လောက်ပဲ ရောင်းနိုင် ၀ယ်နိုင်တယ်လို. ကန်.သတ်ထားတတ်ပါတယ်၊

ဝေါလမ်းမှာ ဆရာကြီးဖြစ်ချင်ရင် အိပ်ချိန်းတွေမှာ အဖွဲ.၀င်အဖြစ်လက်ခံဖို. လျောက်ရပါတယ်၊ NYSE လိုနေရာမျိုးမှာ seat တစ်ခုရဖို. ဒေါ်လှ သန်းပေါင်းများစွာ ပေးရပါမယ်၊ အခွင်.အရေးက အဲဒီ အိပ်ချိန်း မှာ စတော.တွေကို တိုက်ရိုက်လွတ်လွတ် လပ်လပ်ကြီးကစားပေတော.ပဲ၊ seat ငှားစားလို.လဲရတယ်၊ အိမ်ကနေ ၀ယ်ရောင်းလုပ်နိုင်တဲ. အစီအစဉ်တွေလဲရှိတယ်၊

သတင်းစာ၊တီဗွီ၊ အင်တာနက်တွေကနေ ဈေးကွက်အခြေအနေကို စောင်.ကြည်.နိုင်တယ်၊ ပံမှန်ကတော. DJIA လို.ခေါ်တဲ. Don Jones Industrial Average ကို စောင်.ကြည်ကြတာများတယ်

၁၈၈၄ လောက်တုန်းက ရထားလုပ်ငန်းနဲ.ပါတ်သက်တဲ. စတော. ၁၂ မျိုးရဲ. ပျမ်းမျှအပိတ်ဈေးတွေကို Charles Dow ဆိုတဲ.သတင်းထောက်က နေ.စဉ်ရေးလေ.ရှိတယ်၊ Don Jones Transportation Average လို.ခေါ်တယ်၊ သူ.ရည်မှန်းချက်က စတော.ဈေးကွက်တွေရဲ. နေ.စဉ်အလုပ်ဖြစ်မှုကို တိုင်းတာနိုင်မယ်. နည်းလမ်းရှိဖို.ပဲ၊ Flimsie ဆို.ခေါ်တဲ. ၄ မျက်နှာသာပါတဲ. သတင်းစာမှာ သူ.ရဲ. comments တွေကို နေ.စဉ်ရေခဲ.တာ … နောက်တော. Wall street journal ဆိုပြီး ဖြစ်လာတယ်၊
နောက်နှစ်အနည်းငယ်ကြာတော. DJIA ပေါ်လာတယ်၊ စက်မှုနဲ.ဆိုင်တဲ. စတော. ၁၂ မျိုးရဲ. အညွှန်းကိန်းတွေ  ပါတယ်၊  အဲဒီ ကိန်းဂဏန်းတွေကြည်.ပြီး ဈေးကွက်ထဲမှာ ဘာဖြစ်နေတယ်ဆိုတာ သိနိုင်တယ်၊ ကောက်ချက်ဆွဲနိုင်တယ်၊ အလားအလာတွေ သိနိုင်တယ်၊
Dow မှာ ဖေါ်ပြတဲ. စတော. ၁၂ မျိုးဟာ ၁၉ ရာစုနှောင်းပိုင်းမှာတော. အကြီးဆုံးနဲ. လူကြိုက်များဆုံး လုပ်ငန်းကြီးတွေပဲဖြစ်တယ်၊ G.E, U.S leather, American tobacco, စတာတွေပေါ.၊ တစ်ချို.လဲ အခုရှိသေးတယ်၊ တစ်ချို.လဲ ရှိတော.ဘူး၊ တစ်ချို.လဲ ပေါင်းသွားကြတယ်

၁၉၂၈ ကစပြီး DJIA မှာ စတော. ၃၀ ပါလာပါတယ်၊ Dow 30 လို.ခေါ်ကြတယ်၊ ဈေးကွက်ရဲ. အရေးပါဆုံး စတော.တွေပဲ၊ ပထမတော. Equal weighted index သုံးခဲ.ပေမယ်. နောက်ပိုင်းတော. Different weighting တွေပြောင်းလာတယ်၊ higher weighting လုပ်ထားတဲ. စတော.တွေ ဈေးကွက်မှာ အလုပ်မဖြစ်တဲ.အခါမျိုးမှာ သူ.ရဲ. အညွှန်းကိန်းကို အများကြီးကျသွားစေတယ်၊ affect များတယ်ပေါ.ဗျာ၊ အညွှန်းကိန်းကျတိုင်းလဲ ကိုယ်.ရဲ. စတော.ဈေး ကျချင်မှ ကျမယ်၊ ၃၀ တောင်ရှိတာကိုး

Dow (wall street journal) ကတော. စတော.ဈေးနှုန်းတွေကိုလေ.လာနိုင်ဖို. နံပါတ် ၁ ပါပဲ၊ အခြား ရာချီတဲ. အညွှန်းကိန်းတွေ ရှိပါသေးတယ်၊ အများကြီးကို ကြည်.တဲ.လူလဲရှိတာပေါ.၊ အဓိကလူကြိုက်များတာကတော. Dow ပြီးရင် Nasdaq composite index စတော.ပေါင်း ၅၀၀၀ ကျော်ပါတယ်၊ တီဗီမှာပဲဖြစ်ဖြစ် အင်တာနက်မှာပဲဖြစ်ဖြစ် Dow ရဲ.အောက်မှာ Nasdaq ကိုတွေ.နိုင်တယ်၊ နောက်ပြီး S&P 500 (Standard & Poor’s corporation), Russell 2000 နဲ. Wilshire 5000 တွေလဲလူသိများတယ်
ဝေါလမ်းက ဆရာကြီးတွေရဲ.ရည်မှန်းချက်က နှစ်စဉ် အညွှန်းကိန်းတွေထက် ပိုအလုပ်ဖြစ်ဖို.ပဲ၊ ဥပမာ . Dow က ဒီနှစ် ၁၅% တက်တယ်ဆိုရင် ကိုယ်က ၁၅% ထက်ပိုပြီး တွက်ချေကိုက်ခဲ.ရင် ဆရာ.ဆရာကြီးပေါ.၊ ဒီလိုဖြစ်ဖို. တော်တော်ခက်ပါတယ်တဲ.၊ ပရိုတွေရဲ. သုံးပုံတစ်ပုံလောက်တော. လုပ်နိုင်ကြဆိုပဲ၊
စတော.ဈေးကွက်မှာ အရှုံးအမြတ်ကို တိုင်းတာဖို. Wall street က ဒေါ်လာကို ကိုယ်စားပြုတဲ. ပွိုင်. စနစ် တစ်ခုကို ကျင်.သုံးပါတယ်၊ ၅ ဒေါ်လာကနေ ၁၀ တက်သွားပြီဆိုရင် ၅ ပွိုင်.မြတ်တယ်ပြောပါတယ်၊ Dow မှာ ၁၀၀၀၀ ကနေ ၁၀၁၀၀ တက်သွားရင် ပွိုင်. ၁၀၀ မြတ်တယ်ပေါ.ဗျာ၊ ဒေါ်လာ ဘယ်လောက် မြတ်တယ် ရှုံးတယ် လို.ပြောတာကို မယဉ်ကျေးဘူးလို. ယူဆတယ်၊ အဲဒါကြောင်. ပွိုင်. နဲ.ပဲပြောကြတယ်၊
တွက်ရတာလည်း ရိုးရှင်းပါတယ်၊ ၁၅ တန်ရှယ်ယာ ၁၀၀၀ ၀ယ်ရင် ၁၅၀၀၀ နဲ. ကော်မရှင်ပေါ.၊ ၁၆ ဖြစ်သွားရင် ၁ ပွိုင်.မြတ်တယ်၊ ၁၇ ဆို ၂ ပွိုင်.မြတ်တယ်ပေါ.ဗျာ၊

ကိုယ်က ရောင်ချင်တာ၊ ၀ယ်သူရှိပါ.မလား၊ ကိုယ်က ၀ယ်ချင်ရင်ရော ရောင်းသူရှိပါ.မလား စိတ်ပူစရာမလိုပါ၊အိပ်ချိန်းတွေက ရောင်းသူ၊ ၀ယ်သူ ကို အမြဲ ရှိအောင်လုပ်ပေးထားပါတယ်၊ ခင်ဗျားကြိုက်ဈေးရချင်မှ ရမယ်၊ ဒါပေမယ်. တစ်ဖက်မှာ ၀ယ်သူရှိတယ်၊ ကိုယ်ဝယ်ချင်ရင်လဲ ဒီလိုပဲ တစ်ဖက်မှာ ရောင်းသူ အဆင်သင်.ရှိပါတယ်၊ ဒါမျိုးကို NYSE မှာ specialist ဆိုသူတွေက ကြားဝင် ဆောင်ရွက်ပေးတယ် ၊ သူတို.က ဈေးကွက် ဖြစ်အောင်ကို ဖန်တီးပေးထားတယ်၊ ခင်ဗျားရောင်းချင်လို. ၀ယ်မယ်.သူမရှိရင် သူတို.ငွေနဲ. စိုက်ဝယ်ပေးတယ်၊ specialist တွေက စတော.တွေအကြောင်း နောကြေတယ်၊ ဖြစ်နိုင်သမျှ အနိမ်.ဆုံးဈေးနဲ. ၀ယ်မယ်၊ အဖြစ်နိုင်ဆုံး အမြင်.ဈေးနဲ.ပြန်ရောင်းမယ်၊ ရောင်းသမျှ ၀ယ်သမျှထဲက ကော်လည်းရသေးတယ်၊ ဒါကို မမျှတဘူးလို. တစ်ချို.ကဆိုပေမယ်. သူတို. ငွေစိုက်ပြီးယူရတဲ. Risk အတွက် ပြန်ရတဲ. Compensation သဘောပါတဲ.၊

ရာဂဏန်း ထောင်ဂဏန်းလောက်သာ ကစားတဲ.သူတွေက ပြားဂဏန်းလောက်ပဲ ကြားလူကို ပေးရပေမယ်. သန်းချီပြီးကစားတဲ.သူတွေက တော. ကော်မရှင်လည်းများသွားတာပေါ.၊ ဈေးတက်တက် ကျကျ specialist တွေ ရကြပါတယ်၊

Nasdaq ကတော. Market maker တွေထားပြီး ရောင်းသူ ၀ယ်သူကို match လုပ်ပေးပါတယ်၊ NYSE လို စတော. တစ်ခုကို specialist တစ်ယောက်ထားတာမျိုးမဟုတ်ပဲ စတော.တစ်ခုတည်းကိုပဲ Market maker တွေ အများကြီးထားပေးတယ်၊ စတော. လူကြိုက်များလေ market maker များလေပဲ၊ Microsoft လို စတော.မျိုးဆိုရင် market maker 30 လောက်ရှိပါတယ်၊

စတော.ကို ၀ယ်ယူသင်.တဲ. အကြောင်းတွေအများကြီးရှိပါတယ်၊ လေ.လာသူတွေက လွန်ခဲ.တဲ. ၇၅ နှစ်အတွင်း ရင်းနှီးမြှုပ်နှံမှုနယ်ပယ်ကို လေ.လာရင် စတော.တွေမှာ အများဆုံးပါတဲ.၊ ရေရှည်မြှုပ်နှံလို. အကောင်းဆုံးပါတဲ.၊ တစ်နှစ် ပြန်ရချက် ၁၁% လောက်ရှိတယ်ဆိုပါတယ်၊ ဒါဟာ ငွေကြေးဖောင်းပွနှုန်းထက်လဲ ပိုတယ်၊ ဘွန်းဝယ်တာထက်လဲ ကိုက်တယ်၊ ဘဏ်မှာ ငွေစုတာထက်လဲ ကိုက်တယ် (သူတို.ဆီမှာပေါ.ဗျာ) ဆိုပါတယ်၊

Risk ဆိုတာ ဘာမှန်းကို မသိကြပဲ အဲဒီဈေးကွက်ကို ရောက်လာသူတွေများပါတယ်၊ ၀ယ်ပြီဆိုကတည်းက ဆုံးနိုင်ချေလည်းရှိနေပါတယ်၊ risk အနည်းဆုံးဖြစ်အောင်ဘယ်လို လုပ်မလဲပဲစဉ်းစားရတယ်၊ risk လုံးဝမရှိအောင်တော. ဘယ်သူမှ မတတ်နိုင်ပါဘူး၊ စစ်ပွဲ၊ အကြမ်းဖက်မှု၊ စီးပွားရေးကျဆင်းမှုတွေ ဟာ ဈေးကွက် တစ်ခုလုံးကို ဂန်.သွားစေနိုင်ပါတယ်၊ တခြားစတော.တွေ တက်ပြီး ကိုယ်.စတော.မှ ဈေးကျတာမျိုးလည်းရှိနိုင်ပါတယ်၊ စတော.မ၀ယ်ဘူးကွာ ဘဏ်မှာ ငွေစုတာ သေခြာတယ်ဆိုရင်တောင်မှာ ရတဲ. အတိုးက ငွေဖေါင်းပွနှုန်းထက်နည်းနေရင် ရှုံးတယ်လို. ပြောရပါမယ်

ဒါက Dow 30 ပါ
Alcoa (AA)
American Express Co. (AXP)
AT&T Corp. (T)
Boeing Co. (BA)
Caterpillar, Inc. (CAT)
Citigroup, Inc. (C)
Coca-Cola Co. (KO)
DuPont Co. (DD)
Eastman Kodak Co. (EK)
ExxonMobil Corp. (XOM)
General Electric Co. (GE)
General Motors Corp. (GM)
Hewlett-Packard Co. (HPQ)
Home Depot (HD)
Honeywell International Inc. (HON)
Intel Corp. (INTC)
International Business Machines Corp. (IBM)
International Paper Co. (IP)
J.P. Morgan Chase (JPM)
Johnson & Johnson (JNJ)
McDonald’s Corp. (MCD)
Merck & Co. (MRK)
Microsoft (MSFT)
Minnesota Mining and Manufacturing Co. (MMM)
Philip Morris and Co. (MO)
Procter & Gamble Co. (PG)
SBC Communications (SBC)
United Technologies Corp. (UTX)
Wal-Mart Stores, Inc. (WMT)
Walt Disney Co. (DIS)

ကျုပ်တို.ရဲ. ရွှေနိုင်ငံကြီးမှာလည်း အိပ်ချိန်းရှိပါ.ဗျာ
Myanmar Security Exchange Center (MSEC) လို.ခေါ်ပါတယ် ၊ သူတို.ရဲ. vision က To initiate the Securities Market in Myanmar to support Marketisation, Privatisation and Internationalisation of Myanmar Economy ပါ
ခွင်.ပြုရင်းနှီးငွေ ကျပ် ၁၀၀၀၀၀၀၀၀ (ဒေါ်လှ ၁၇ သန်းခန်.တဲ.) ကိုယ်.ဟာကိုယ်သာ တွက်ကြည်.
ထည်.၀င်ပြီး ရင်းနှီးငွေ ၂၀၀၀၀၀၀၀ (ဒေါ်လှ ၃.၄ သန်းခန်.တဲ.) ရှိပါတယ်
MSEC ကို ၁၉၉၆ ဇွန်လ ကတည်းက တည်ထောင်ခဲ.တာပါ၊ မြန်.မာ.စီးပွားရေးဘက်က ၅၀% နဲ. Daiwa Institute of Research Ltd. က ၅၀% ထည်.၀င်ရင်းနှီးထားပါတယ်
မြန်မာ.စီးပွားရေးဘဏ်ဆိုတာ တစ်နိုင်ငံလုံးအနှံ. ဘဏ်ခွဲပေါင်း ၃၀၀ ကျော်ရှိပြီး ၀န်ထမ်းပေါင်း သောင်းကျော်နဲ. လည်ပါတ်နေတဲ. အစိုးရဘဏ်ပါ၊
Daiwa ဆိုတာက သုတေသန၊ အကြံပေး၊ နဲ. System solution ဆိုတဲ.နယ်ပယ်တွေမှာ လူသိများပါတယ်၊ ဂျပန် ဘဏ္ဍာရေးလောကရဲ. Opinion leader ပါတဲ.၊ capital market တွေ ပြည်တွင်းနဲ. ပြည်ပ စီးပွားရေးအခြေအနေတွေကို စီစစ်လေ.လာ သုတေသနပြုတာတွေ ကျယ်ကျယ်ပြန်.ပြန်.လုပ်ပါတယ်
MSEC က အခုတော. Company တွေ အများပိုင် ပြောင်းချင်ရင် အကူအညီပေးတယ်၊ securities တွေမှာ ရင်းနှီးမြှုပ်နှံချင်ရင် ကူညီတယ်၊ securities တွေ ရောင်းဝယ်ချင်ရင် ကြားက ဆောင်ရွက်ပေး တယ်၊ ရင်းနှီးမြှုပ်နှံဖို. သတင်းအချက်အလက်တွေပေးတယ်၊ နိုင်ငံခြားဘဏ္ဍာရံပိုငွေတွေ ပြည်တွင်း ၀င်လာဖို. အကြံဥဏ်တွေပေးတယ်၊ စီးပွားရေးအခြေအနေတွေကို သုတေသနပြုတယ်၊ ရင်းနှီးမြှုပ်နှံမှု သတင်းတွေကို ထုတ်ပြန်ပေးတယ်၊ securities တွေကို ပွဲစားလုပ်ပေးတယ်၊ တာဝန်ယူရောင်းပေးတယ်၊ စသည်ဖြင်.ပေါ.ဗျာ၊ နောက်ပြီး Myanmar treasury bond တွေကို အေးဂျင်.လုပ်ပြီးရောင်းပေးတယ်
သက်တမ်းကကြာပေမယ်. ကြာသလောက်တိုးတက်လာတာမတွေ.ရပါဘူး၊ မြန်မာနိုင်ငံမှာ လက်ချိုးရေလို.ရတဲ. အများပိုင် လုပ်ငန်းတွေရှိတယ်၊ ရှယ်ယာတွေကို ကိုယ်.ဟာကိုပဲ ရောင်းကြတယ်၊ MSEC မှာ လာပြီး listed လုပ်ထားတာ မြန်မာနိုင်ငံသားများဘဏ်နဲ. သစ်တောဖက်စပ်တို.ပဲရှိမယ်ထင်တယ်၊
ဒီနှစ်ထဲမှာ မှ ဖွင်.တဲ. လာအိုနဲ. ကမ္ဘေဒီးယား အိပ်ချိန်းတွေလောက်တောင် အလုပ်ဖြစ်မယ် မထင်ပါ၊
သစ်တောဖက်စပ်တို. မွေးရေဘဏ်တို. စက်မှုလက်မှုဘဏ်တို.က တစ်နှစ်ကို ၂၀% ကျော် dividend ခွဲဝေပေးလို. မဆိုးဘူးပြောလို.ရပါတယ်၊ ဒါပေမယ်. ရှယ်ယာဈေးတက်မယ် မထင်ပါ၊ အားနည်းချက်က Liquidity လို.ခေါ်တဲ. ငွေဖြစ်လွယ်မှုပါပဲ၊ မြန်မြန် ပြန်ရောင်းလို.မရဘူးပေါ.ဗျာ
Thet Lwin Shwe  ထံမှကူးယူဖော်ပြပေးပါသည်။

No comments:

Post a Comment

ဝင်ရောက်ဆွေးနွေးနိုင်ကြပါတယ်