Tuesday, March 11, 2014

online ဘဏ်အကြောင်း

ကျွန်တော်တို့ဝန်းကျင်မှာနည်းပညာဖွ့ံဖြိုးတိုးတက်လာတာနဲ့အမျှ ၀န်ဆောင်မှုလုပ်ငန်းများလည်း ပိုမိုလွယ်ကူ မြန်ဆန်လာကြပါတယ် အခု online banking စနစ်နဲ့ အလုပ်လုပ်ပုံ အသုံးပြုပုံ ဘဏ်ကဒ်ပြုလုပ်ပုံနဲ့ ဘဏ်ကဒ်ကို online အသုံးပြုလုပ်လို့ရအောင် အတည်ပြုပုံများကို လူတိုင်းနားလည်နိုင်အောင် ရှင်းပြပေးပါမယ်
နိုင်ငံတကာမှာ အသုံးများပြီးနံမည်ကြီးနေသည့် visa card တို့ master card တို့ကို မိမိနေထိုင်ရာနေရာများတွင် မိမိ၏ဘဏ်အကောင့်ဖွင့်ထားသော ဘဏ်၌အလွယ်တစ်ကူ ပြုလုပ်လို့ရရှိနေပါပြီ။ မြန်မာပြည်တွင်လည်း ဘဏ်တော်တော်များများကို စတင်ပြုလုပ်ပေးလျှက်ရှိပါတယ်။
 ပထမဦးစွာ online card တွေအလုပ်လုပ်ပုံကို နားလည်လွယ်အောင်ရှင်းပြပါမယ် မြန်မာပြည်ကတော့ နည်းပညာတိုးတက်မှုအားနည်းခဲ့သည့်အတွက် လူတိုင်းသိရှိဖို့ ခက်ခဲခဲ့ခြင်းဖြစ်ပါတယ် အခြားသောနိုင်ငံများမှာတောင် လုပ်လို့ရနေတာကို အခြေခံလူတန်းစားများ မလုပ်တတ်သေး နားမလည်သေးတာကို တွေ့ရှိပါတယ်။ အခုခေတ်မှာတော့ လူတိုင်းလိုလိုဖုန်းကိုင်နိုင်တော့မှာဆိုတော့ သိထားဖို့ လုပ်တတ်ဖို့ အချိန်ရောက်လာပါပြီ ဖုန်းနဲ့ပဲပြောပါမယ် android ဖုန်းတွေကိုကိုင်ထားတဲ့ သူငယ်ချင်းတွေဆိုရင် play store မှ game တို့ application တို့ စာအုပ်တို့ကို ၀ယ်ယူချင်တယ်ဆိုရင် မိမိရဲ့ online card visa or master နဲ့ဝယ်ယူနိုင်ပါတယ် iphone မှာလည်းဒီလိုပါပဲ apple store ကနေဝယ်ယူနိုင်ပါတယ် ဒီလိုမျိုး online ကနေရောင်းချတာတွေကိုဝယ်ယူနိုင်ယုံပဲလားဆိုရင်တော့မဟုတ်ပါဘူး ပိုက်ဆံကုန်ရုံတင်မဟုတ်ပဲ ပိုက်ဆံရှာမယ်ဆိုရင်လည်း အသုံးဝယ်လာပါတယ် online ပိုက်ဆံဘယ်လိုရှာမလဲ ကိုယ့်က တစ်ခုခုတော့တတ်မြှောက်ထားနိုင်ရပါမယ် software ရေးမယ်၊ game ရေးမယ်၊ facebook developer လုပ်နိုင်မယ် ပြီးတော့ လွယ်ကူတာကတော့ online ကြော်ငြာခြင်းလုပ်ငန်းလုပ်မယ်ဆိုရင် အသုံးဝင်လာပါပြီ နောက်တစ်ခု နိုုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံ ငွေလွဲမယ်ဆိုရင်လည်းရရှိပါတယ် စတော့ရှယ်ယာ ၀ယ်ယူမယ် ဆိုရင်လည်းလွယ်ကူပါတယ် အသုံးချပုံလေးတွေတော့ နည်းနည်းပြောပြီးပြီဆိုတော့ ဆက်သွားတာပေါ့။
 အပေါ်မှာပြထားတဲ့ကဒ်ရဲ့နံပါတ်လေးတွေဟာ မိမိရရှိလာရင် ပါလာမည့်မိမိအသုံးပြုရမည့်နံပါတ်လေးတွေဖြစ်ပါတယ် အခုမှစတင်ပြီး visa or master ကဒ်စတင်ပြုလုပ်မည့်သူဆိုရင်တော့ ဘဏ်မှာပဲ မိမိရဲ့အကောင့်ကို online အသုံးပြုလို့ရအောင် တစ်ခါတည်းလုပ်ခိုင်းနိုင်ပါတယ် တစ်ချို့ကတော့ မိမိမှာ visa or master ရှိပြီး verify မဖြစ်သေးတဲ့ ကဒ်တွေဆိုရင် မိမိဖွင့်ထားတဲ့ဘဏ် ATM ပုံကနေ card verify လုပ်လို့ရပါတယ် ပြုလုပ်ပုံချင်းက ဘဏ်အမျိုးအစားမတူညီသောကြောင့် ပုံနဲ့မရှင်းပြနိုင်ပါဘူး visa ဆိုရင် ATM မှ verify by visa ကိုရှာပြီးနှိပ်ပါ သူက ဖုန်းတောင်းရင် မိမိဖုန်းနံပါတ်ပေးလိုက်ပါ မှန်ကန်မှုရှိပြီးဆိုရင် သူအတည်ပြုပေးပါလိမ့်မယ်  နောက်တစ်မျိုးက မိမိဖွင့်ထားတဲ့ဘဏ် website ကနေလည်း verify ပြုလုပ်နိုင်ပါတယ် Master Card ဆိုရင်တော့  Secure Code ပါ လုပ်ပုံချင်းကတော့အတူတူပါပဲ အဓိကက မိမိက အသုံးပြုလို့ရရှိဖို့ပါပဲ နောက်ထပ်ဆက်ရန်ရှိသေးသည်။

No comments:

Post a Comment

ဝင်ရောက်ဆွေးနွေးနိုင်ကြပါတယ်