Friday, March 14, 2014

မိမိသိလိုသောနည်းပညာ၊ ဗဟုသုတများကို onlineပေါ်မှာရှာဖွေခြင်း

ကျွန်တော်ဒီပို့လေးရေးဖြစ်တာကတော့ အချို့သောသူများဟာ မိမိလိုချင်တာကို ဘယ်လိုရှာယူရမလဲ၊ ဘယ်လိုရယူရမှာလဲဆိုတာကို မသိရှိကြသေးပါဘူး ဒါကြောင့် ရည်ရွယ်ပြီး ရေးပေးလိုက်ပါတယ်။
ဒါကတော့ နည်းပညာ၊ ကွန်ပျူတာကို ကျွမ်းကျင်စွာမသိရှိသေးသောသူများပါ သိရှိပြီးသူများကိုမရည်ရွယ်ပါဘူး။
ပထမဦးစွာ မိမိသိလိုတာများကိုလိုချင်ရင် အင်္ဂလိပ်စာအားနည်းသူများအတွက်နဲ့လွယ်ကူစွာရရှိနိုင်ဖို့က
မိမိအသုံးပြုနေသော ကွန်ပျူတာဆိုရင် browser မှာပေါ့၊ ဖုန်းဆိုရင်လည်းရပါတယ် www.google.com ကိုနှိပ်ထည့်လိုက် ပြီးရင်သူ့အထဲမှာပါလာတဲ့ အကွက်ထဲမှာ မိမိလိုချင်သော(ဥပမာ) မြန်မာဇာတ်ကားများဆိုရင် မြန်မာလိုရိုက်ပါ မြန်မာကားတွေအများကြီးပေါ်လာပါလိမ့်မယ် နောက်ပြီးနည်းပညာနဲ့ပြောမယ်ဆိုရင်လည်း ဖုန်း (sony z root ဖောက်) ဆိုပြီး အင်္ဂလိပ်လိုရောမြန်မာလိုရောရိုက်ထည့်လိုက်မယ်ဆိုရင်  root ဖောက်နည်းကို မြန်မာစာနဲ့တွေ့မြင်ရမှာဖြစ်ပါတယ် ဒါကလည်း မြန်မာတွေလေ့လာပြီးတင်ထားသော အရာများဖြစ်ပါတယ် နောက် မြန်မာတွေ တင်မထားသေးတဲ့နည်းတွေကို လိုချင်လာရင်တော့ အနည်းဆုံး အင်္ဂလိပ်စာကို ဖတ်နိုင်ဖို့တော့လိုအပ်လာပါတယ် မိမိလိုချင်တာကို google မှာရိုက်ပြီး ရှာဖွေနိုင်ပါတယ် နောက်ထပ်ကတော့ စက်ပစ္စည်းတစ်ခုခုကိုပြင်မယ်ပေါ့ မိမိကိုယ်တိုင်ပြင်ချင်တယ်ဆိုရင်တော့ ကိုယ်က အင်္ဂလိပ်စာဖတ်အား အားနည်းနေမယ်ဆိုရင် www.youtube.com ကနေ မိမိပြင်လိုသည့် စက်အမျိုးအစား error ဆိုရင် error ပေါ့ repair ဆိုရင်လည်း repair ပေါ့ ရိုက်လိုက်ရင်သူက ဗွီဒီယိုနဲ့ပြပေးလာပါမယ် တင်ပြီးသားရှိခဲ့ရင်ပေါ့ အများအားဖြင့်တော့ ရှိတာများပါတယ် ဖုန်းတစ်လုံး မှန်ပြန်လဲမယ်လိုဟာမျိုးတွေပေါ့ ဒီလိုဗွီဒီယိုမျိုးတွေကြတော့ google အမြဲမစွမ်းဆောင်နိုင်တာကများပါတယ် အဓိက ကတော့ ဦးစားပေးလိုချင်သောအရာကို သင့်တော်ရာနဲ့ ရှာဖွေတာပိုကောင်းပါတယ် google တစ်ခါတစ်လေ အလုံးစုံ မရှာဖွေနိုင်ပါဘူး တရုတ်ဆိုက်လိုဟာမျိုးတွေကို သူမနိုင်တော့ရှာဘူး ဒီအခါမှာ china browser တွေနဲ့ရှာဖွေရပါတယ် ဒီလောက်ဆိုရင် သူများတွေဆီကတောင်းဖို့ထက် မိမိကိုယ်တိုင်ရှာဖွေလို့ရနိုင်ပါတယ် မိမိကိုယ့်ကိုယ် ရှာဖွေနိုင်ရန် ရေးသားပေးလိုက်ပါတယ် နားလည်မှုမရှိက comment ရေးသားနိုင်ပါတယ် ခင်မင်လျှက်
နေမင်းကြီး

No comments:

Post a Comment

ဝင်ရောက်ဆွေးနွေးနိုင်ကြပါတယ်