Tuesday, December 18, 2012

epson printer T60 resetter tool


SSC software နဲ့လုပ်လို့မရတဲ့ T60 printer အတွက်ကတော့ သီးခြား resetter ရှိပါတယ် အသုံးလိုသူများအတွက် တင်ပေးလိုက်ပါတယ် နယ်ဝေးကသူငယ်ချင်းတွေအတွက်ကတော့ အလွန်အဆင်ပြေပါလိမ့်မယ် ဒီမှာ ယူလိုက်ပါ

epson printer resetter tool


epson printer တော်တော်များများကို counter service အတွက် reset လုပ်ဖို့ရန် တော်တော်ကို အသုံးဝင်တဲ့ tool ဖြစ်ပါတယ် SSC last version ကို တင်ပေးလိုက်ပါတယ် ဘာတွေလုပ်ဖို့လိုသလဲဆိုရင် SSC software ကိုဖွင့်ပြီး မိမိ printer ရဲ့ USB port driver ကိုရွေးပေးလိုက်ပြီး မိမိ printer အမျိုးအစားကိုသာရွေးချယ်ပေးလိုက်ပါ ဒါဆိုရင် reset ကိုနှိပ်လိုက်ပါ ဒါဆိုအဆင်ပြေသွားပါပြီ ဒီမှာ ယူလိုက်ပါ...

Thursday, December 13, 2012

networt အကြောင်းကိုစိတ်ဝင်စားသူများအတွက်

networt ကိုစတင်လေ့လာချင်သူများအတွက် beginner to networt မြန်မာစာအုပ်ကို တင်ပေးလိုက်ပါတယ် ဒီမှာ ယူလိုက်ပါ size ကတော့ 9 Mb ရှိပါတယ်
နောက်တစ်မျိုး ကတော့ အင်္ဂလိပ်လိုပါ Josh's networt စာအုပ်ပါ ဒီမှာ ယူလိုက်ပါ

computer & IT dictionary

ကွန်ပျူတာအသုံးပြုသူတိုင်းလိုအပ်နိုင်ပါတယ် ကျွန်တော်တို့ ကွန်ပျူတာမှာ မသိသေးတဲ့ စကားလုံး ဝေါဟာရတွေကို သိရှိစေရန် computer & IT dictionary ကို တင်ပေးလိုက်ပါတယ်
ဒီမှာ ယူလိုက်ပါ
နောက်တစ်မျိုးကတော့ microsoft ကထုတ်တဲ့ microsoft computer dictionary ပါ လိုချင်ရင်တော့ ဒီမှာ ယူလိုက်ပါ

for andriode phone root tool

andriode phone တွေကို root လုပ်ရတာနည်းအမျိုးမျိုး လုပ်ယူနေရပါတယ် အခုတင်ပေးလိုက်တာကတော့ all in one လို့တော့ပြောလို့ရနေပါပြီ နောက်ဆုံးထွက် 4.0.4 version အထိ root လုပ်လို့ရပါတယ် နောက်ဆုံး version google nexus  10 toolkit  v1.3.0 ကို ဒီမှာ ဒေါင်းယူလိုက်ပါ root လုပ်ရတာအဆင်မပြေတဲ့သူတွေအတွက်ပါ. size ကတော့ 41 Mb ရှိပါတယ်..
root လုပ်လို့အဆင်ပြေပြီဆိုရင် မြန်မာဖောင့်အတွက် MMAS ကလုပ်ထားတဲ့ zawgyi font changer နဲ့ ဖောင့်ကိုအလွယ်တကူထည့်လို့ရပါတယ် zawgyi font changer ကို ဒီမှာ ဒေါင်းယူလိုက်ပါ 2 Mb ရှိပါတယ်

photoshop မြန်မာလိုစာအုပ်များ

photoshop ကိုလေ့လာနေကြတဲ့သူများအတွက်
photoshop cs 5 မြန်မာလိုစာအုပ်လေးကို တင်ပေးလိုက်ပါတယ် ဒီမှာ ယူလိုက်ပါ size ကတော့ 12Mb ရှိပါတယ်
photoshop tutorial basic concept စာအုပ်ကိုတော့ ဒီမှာ ယူလိုက်ပါ size ကတော့ 7Mb ရှိပါတယ်



Nokia Flashing

Nokia  phone ကိုflashing လုပ်ခြင်းကို ပထမဆုံး တင်ပြပေးပါမယ်........
လိုအပ်တာတွေကိုအရင်ဒေါင်းယူလိုက်ပါအုံး......
1. phoenix nokia service software here
2. your phone firewall lasted update required so you can download your phone firewall here
အပေါ်ကလိုအပ်တာလေးတွေဒေါင်းယူပြီးပြီဆိုရင် စတင်ပါတော့မယ် မိမိရဲ့ ကွန်ပျူတာကို အောက်ဖော်ပြပါ အဆင့်လေးတွေလုပ်ပေးလိုက်ပါ.....

*. Create restore point through Start > All Programs > Accessories > System Tools > System Restore. Name it 'Before flashing' click create.
*. Remove Nokia PC Suite, Nokia Software Updater, Nokia Care Suite, Nokia Modem Drivers, Nokia Connectivity Drivers through Control Panel > Add/Remove Programs, but DO NOT REMOVE PC Connectivity Solution and Windows - Nokia Modem.

*. Restart your PC.
*. Do not connect your phone before installing Phoenix software.
*. Disable all antivirus, firewall, anti-spyware, anti-malware etc.
*. Disable screen saver.
*. Check C:Program filesNokiaPhoenixProducts If you have those folder in there delete all.
အပေါ်မှာ မိမိဒေါင်းယူထားတဲ့ phone firewall RM-xxxx ဆိုတာတွေကို C:Program files /Nokia/phoenix/Product/ ထဲမှာ folder အသစ်လုပ်ပြီး copy လုပ်ယူပြီးထည့်ပေးလိုက်ပါ folder name is your phone version RM-xxxx
2. In your mobile phone :


*. Backup all your mobile phone content since all your data will be lost after flashing. (If you phone is dead, skip this step!)
*. If you protect your memory card with password, then remove it.
*. Remove your memory card from your mobile phone.
*. Go to Tools > Settings > Security > Phone and SIM.


- Set Pin code request to Off.
- Set Autolock period to None.
- Set Lock code to default password which is 12345.
- Set Lock if SIM changed to No.


*. Uninstall your mobile antivirus. (if you have any)
*.  phone battery ဟာအနည်းဆုံး 70% and keep charging. (Although flashing takes only 7-10 minutes.)

Begin Flashing
 

1. Install Phoenix Service Software 2009 or later :
 
*. First Extract the archive you have downloaded which contains Phoenix Service Software 2009 or later
*. Install the software. Be patient, it may take some minutes to install all the components.
*. Don't run Phoenix software after installation.
*. Connect your Nokia handset to your PC with USB cable in PC Suite mode.
*. windows will start installing the connectivity drivers as soon as you connect the phone. Let it install completely.


- If this process failed then you must be remove PC Connectivity Solution. But don't worry we created restore point earlier remember.

- Restore your system and start remove Nokia component again but do not remove PC Connectivity Solution.

2. Install Offline Firmware Package You Downloaded :
 
- If your firmware file is in .RAR format, first extract it using WinRar on desktop.
- On desktop you will find .EXE file of your firmware file.
- Install the EXE file. Do not change its path. It will install it to default location of C:Program filesNokiaPhoenixProducts

 
- If you have downloaded a firmware file which doesn't have an auto setup, then just copy your Extracted folder Manually in the directory C:Program filesNokiaPhoenixProducts
- Be sure you install updated firmware. You cannot downgrade your phone's firmware in BB5 phones which includes all new Nokia phones including N-Series. (N82, N90, ....) (But there is still some tricks!)
- Phoenix allows downgrading but your phone doesn't allow it as your phone has some special security built into. So no use of trying it. You'll get an error message.

3. Flashing Procedure (Updating to latest firmware version) :
 
- Open Phoenix Service Software by double click on the icon from your desktop.
- Connect your phone in PC Suite Mode.
- In Phoenix, click File > Manage Connections.
- Now click New.


- Now select the type of cable you are using. If you are using DKE-2, CA-53 [N-Series] cable, select USB.




မြန်မာပြည်မှာ GSM & CDMA ဖုန်းများကိုင်ဆောင်သူတွေအတွက်

မြန်မာ့ဆက်သွယ်ရေး GSM , CDMA ဖုန်းကိုင်ဆောင်သူများ သိရှိရန်
=================================

GSM ဖုန်းတစ်လုံးကနေ တစ်လုံးကို Phone Bill လွှဲတဲ့ code ဖြစ်ပါတယ်။
*123*Pin No*phone no # then call
(ဥပမာ- *123*217675393302988839*092003747#) ပြီးလျှင် call လိုက်ပါ။

CDMA ဖုန်းတစ်လုံးကနေတစ်လုံးကို Phone Bill လွှဲတဲ့ code ဖြစ်ပါတယ်။
*166* Pin No * Phone no # then call
(ဥပမာ- *123*217675393302988839*0910450

19#) ပြီးလျှင် call လိုက်ပါ။

မြန်မာပြည်အတွက် ကျွန်တော့်ရဲ့တင်ပြချက်

ဒီတစ်ခါတော့ မြန်မာပြည်ကိုချစ်တဲ့ ကျွန်တော်မြန်မာပြည်ကိုနှလုံးသားကထွက်ပေါ်လာတဲ့ ဝေဖန် အကြံပြုချက်ကိုတင်ပြပေးလိုက်ပါတယ်
မြန်မာပြည်ရဲ့ အဓိကလိုအပ်ချက်က (၂)ခုပဲရှိပါတယ် ဘာလဲဆိုရင် လျှပ်စစ်မီးနှင့်သောက်သုံးရေ ကို မြန်မာပြည်အနှံအပြားပေးနိုင်ဖို့ပါပဲ ဖြစ်လာမည့်အကျိုးဆက်တွေကတော့
၁. မီးကိုနိုင်ငံအနှံရပြီဆိုရင် မြန်မာပြည်မှာ ကုန်ကြမ်းပေါများလှတဲ့နိုင်ငံတစ်နိုင်ငံပါ လိုအပ်ချက်က ကုန်ချောထုတ်လုပ်ပြီး make in

myanmar ဖြစ်ဖို့ပါ ဘာတွေပေါ့လည်း ကောက်ပဲသီးနှံ၊ ရာဘာ၊ ဆန်စပါး၊ သားငါး၊ သဘာဝဓာတ်ငွေ့၊ သစ်၊ ရွှေငွေကျောက်တန်ပတ္တမြား၊ စားအုန်းဆီ၊ ချည်ထည်ပိုထည်၊ ရေနံ တွေပေါများလှပါတယ် ဒါတွေကို ဒီအတိုင်းရောင်းမည့်အစား ကုန်ချောထုတ်ပြီးရောင်းမယ်ဆိုရင် အမြတ်အစွန်း(၂)ပိုရလာပါလိမ့်မယ်..... ရာဘာကနေ စက်ရုံပေါုင်းစုံထုတ်ပေါ်လာပါလိမ့်မယ် ဒီလိုပဲ စက်ရုံတွေပေါ့များလာပါလိမ့်မယ် ဒါဆိုရင် အလုပ်လက်မဲ့မရှိနိုင်တဲ့အပြင်ကို အခြားနိုင်ငံတွေက ပါ အလုပ်သမားငှားသုံးနေရမှာပါ သယံဇာတ မရှိတဲ့ ထိုင်းလို့နိုင်ငံတောင် နိုင်ငံတကာနဲ့ရင်ပေါင်တန်နိုင်တာ ဒို့မြန်မာပြည်က ရင်ပေါင်မတန်နိုင်စရာမရှိပါဘူး မိမိအစိုးရက နေရာတိုင်းကိုလိုက်လုပ်နေစရာတောင်မလိုအပ်ပါဘူး မီးကိုနိုင်ငံလုံး(၂၄)နာရီပေးနိုင်ရင် ကောင်းကျိုးတွေကြည့်ပါပဲ အစကနေလုပ်စရာလည်းမလိုအပ်ပါဘူး အရင်ရှိပြီးသားကိုထပ်တိုးလုပ်ရင်ရပါတယ်.. မီးအဆင့်အောင်မြင်ရင် ပြည်တွင်း၊ပြည်ပ လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ပြီး ဒီလိုဒီလိုဖြစ်ချင်တယ်ဆိုရင် လုပ်ကြမှာပဲ ပြည်သူ့တွေတောင်းတနေတဲ့ ဖုန်းကိုလည်း အစိုးရ က ကိုယ်တိုင်လုပ်စရာမလိုအပ်ပါဘူး ပင်ပန်းပါတယ် မီးတာပေးထားလိုက် လုပ်ငန်းရှင်များကို စျေးပြိုင်စနစ်နဲ့ လွဲပေးလိုက်ရင် သူ့ဘာသာ စျေးကွက်ရှာတဲ့အနေနဲ့ လိုအပ်တဲ့ တာဝါတိုင်တွေ ဘာတွေလုပ်ဆောင်သွားပါလိမ့်မယ် အများပြည်သူတွေလည်း စျေးပြိုင်စနစ်ဆိုတော့ စျေးသက်သာပါလိမ့်မယ်...........
လျှပ်စစ်မီးကို ကိုယ်တိုင်မထုတ်လုပ်နိုင်ပဲ အခြားနိုင်ငံကနေဝယ်သုံးနေရတဲ့ ထိုင်းနိုင်ငံမှာတောင်နေရာအနှံ တောပါမကျန်ပေးနိုင်တာထက် မီးကြေးတောင်မှ အခု unit ၅၀ အထိအလကားသုံးခွင့်ပြုထားပါတယ် အရင်ကဆို unit ၈၀ အထိပေးပါတယ် ပိုက်ဆံနဲ့ဆိုရင် (၁)လကို ဘတ်(၃၀၀)အထိအလကားသုံးစွဲခွင့်ပေးထားပါတယ် ဒို့နိုင်ငံကကိုယ်ပိုင်ထုတ်လုပ်တာဆိုတော့ သူ့ထက်တောင်ပိုပေးနိုုင်ရမှာပေါ့..
၂.
နောက်အဆင့် လစားနဲ့လုပ်အားခ ကမ္ဘာပေါ်မှာ လူတစ်ယောက်ရဲ့တစ်နေ့ဝင်ငွေကို (၁၅)ဒေါ်လာသတ်မှတ်ပေးထားပါတယ် အခုမြန်မာပြည်မှာ ရတဲ့လခဟာဆိုရင် ဒေါ်လာနဲ့ဆိုရင် (၂)ဒေါ်လာဝန်းကျင်ပဲ ရနေပါတယ် မိသားစု ဘယ်လိုလောက်ငှာအောင်သုံးမလဲ မိသားစုအရေးမလွယ်ကူလှပါ... တိုးတတ်နေတဲ့ထိုင်းနိုင်ငံတောင် တစ်ရက်လုပ်အားခ ပုံမှန်(၁၀)ဒေါ်လာပဲရပါတယ် မြန်မာပြည်မှာ ကုန်ချောထုတ်လုပ်မည့်စက်ရုံ၊ အလုပ်ရုံတွေပေါ်ပေါက်လာပြီဆိုရင် အခြေခံ လစာကို (၁၀)ဒေါ်လာအထက်မှာပေးနိုင်ပါတယ် ဖြစ်နိုင်မလားလို့တွေးကြည့်ပါ ဖြစ်နိုင်ပါတယ် ဒါဆိုရင် ပြည်သူတွေမှာ ပိုက်ဆံရှိလာပါလိမ်မယ် ......... ဒါဆိုရင် ကုန်ပစ္စည်းတွေရောင်းဝယ်အားလဲ ပိုမိုတိုးလာပါလိမ်မယ် အခုဟာက အလုပ်လက်မဲ့တွေက များပြားလွန်းပါတယ် အခြားနိုင်ငံသွားရောက်ပြီးအလုပ်လုပ်နေတာတင် (၁၀)သန်းလောက်ဖြစ်နေတယ် မြန်မာပြည်မှာအလုပ်တွေရှိနေပြီဆိုရင် မပြန်လာမည့်သူဘယ်သူရှိမှာလဲ ဘွဲ့ရအလုပ်လက်မဲ့ တော်ရာမှာမလုပ်ရပဲ အခြေနေကြောင့်လုပ်နေရတယ် အလုပ်မရှိတဲ့ အင်ဂျင်နီယာတွေလည်းအများကြီးပဲ
ကဲဘယ်လိုလဲ စာဖတ်ပရိတ်သတ် ဒါတွေကိုလုပ်ပေးနိုင်မည့် ဘယ်အစိုးရပဲဖြစ်ဖြစ် ကျွန်တော်တို့ လက်ခံနိုင်ပါတယ်.. ...
နောက်ထက်ရှိသေးတယ်ဗျာ မြန်မာတွေမှာ အရိုးစွဲနေတဲ့ ဘီဇ လို့ပြောရမယ် (၁၀၀၀)ကို မြင်ရ (၁၀)လောက်တော့စွန့်ရတော့မှာပေါ့ ဒါလေးတောင်မကြည့်တတ်ပဲ လက်မြှောက်ဆန္ဒပြနေမယ်ဆိုရင်တော့ မြန်မာပြည်ဟာ နိုင်ငံတကာနဲ့ရင်ဘောင်တန်နိုင်ဖို့မလွယ်ကူလှပါဘူး ခေတ်မှီချင်တယ် တိုးတတ်ချင်တယ် အပြောင်းအလဲအတွက် စွန့်သင့်သလောက်တော့ စွန့်လိုက်ရမှာပေါ့ ဥပမာဗျာ စက်ရုံတစ်ရုံဆောက်ဖို့ မြေဧက (၂၀)ပတ်လည် ကျယ်ဝန်းမယ်ဆိုရင် (၂၀)ဧကတော့ အတန်ရာတန်ကြေးရရှိပါလိမ်မယ် ဒါကိုမပေးနိုင်ဘူးမရောင်းနိုင်ဘူး ဆိုပြီးနေမယ်ဆိုရင်တော့ ကျွန်တော်ပြောခဲ့တဲ့ လုပ်အားခလည်း မဖြစ်နိုင်သလို အလုပ်လက်မဲ့တွေလည်း ဆက်လက်ရှိနေအုံးမှာပါ အများကြီး အကျိုးဖြစ်ထွန်းမယ်ဆိုရင် ဒီလောက် ပေးရမှာပါပဲ ကိုယ်လဲ လုံးဝ ဆုံးရှုံးတာမဟုတ်ပါဘူး တန်ရာတန်ကြေးတော့ရတာပါပဲ.........
ကျွန်တော်ရေးထားတာတွေကို ၀င်ရောက် ဆွေးနွေးနိုင်ပါတယ် အားလုံးပဲ......