Saturday, January 18, 2014

မြတ်စွာဘုရား၏ “ကိုယ်ရေးရာဇဝင် - အကျဉ်းချုပ်”


~~~~~~~~~~~~~~~~~~~~~~~~~~

ကျေးဇူးတော်အရှင် မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး၏ (ကိုယ်ရေးရာဇဝင် အထ္တုပ္ပတိအကျဥး် )

*အမည်- သိဒ္ဓတ္ထ ဂေါတမ...

*ခမည်းတော် - သုဒ္ဓေါဒန ဂေါတမ မင်းကြီး

*မယ်တော် - မိဖုရား မဟာ မာယာ (မွေးဖွားပြီး ခုနှစ်ရက်အကြာတွင်သေဆုံးသည်)

*လူမျိုးစု - ခတ္တိယ

*မိထွေးတော် - မဟာပဇာပတိ ဂေါတမီ

*မွေးဖွားသည့်ရက် - ခရစ်မပေါ်မီ ၆၂၃ ခု၊ မေလ ၊ သောကြာနေ့ မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့်နေ့

*မွေးဖွားသည့်ဒေသ - လုမ္ဗိနီအင်ကြင်းဥယျာဉ်၊ ကပိလဝတ်ပြည်

*မွေးဖွားသည့်တိုင်းပြည် - အိန္ဒိယ (ယခု နီပေါနိုင်ငံ) မဇ္စျိမဒေသ

*မွေးဖွားသည့်နေရာရှိအပင် - အင်ကြင်းပင်

*ပထမဦးဆုံးပြောသည့်စကား - “ငါသည် တလောကလုံးထက်မြတ်၏”

*ဖွားဖက်တော် ခုနှစ်ဦး- ယသော်ဓရာမင်းသမီး၊ ညီတော်အာနန္ဓာ၊ ကာဠုဒါယီအမတ်လောင်း၊ ဆန္နအမတ် လောင်း၊ ကဏ္ဍကမြင်း၊ ရွေအိုးကြီးလေးလုံး၊ ဗောဓိပင်

*အိမ်ထောင်ပြုသည့်အသက် - ၁၆ နှစ်

*ဇနီး - ယသော်ဓရာ မင်းသမီး (၀မ်းကွဲနှမ)

*သားတော် - ရာဟုလာ

*ယောက္ခမတော်များ - သုပ္ပဗုဒ္ဓမင်းကြီး (ဒေဝဒဟပြည်မင်းကြီး)၊မိဖုရား အမိတ္တာ(သုဒ္ဓေါဒန မင်းကြီး၏ အမတော်)

*ယောက်ဖတော် - ဒေဝဒတ် (ညီအကိုဝမ်းကွဲ)

*ကောဏ္ဍညပုဏ္ဏားပြောသည့်စကား - “အရှင်သားတော်သည် တောထွက်၍ ဘုရားဧကန်ဖြစ်လိမ့်မည်”

*နမိတ်ကြီးလေးပါး - သူအို၊သူနာ၊သူသေ၊ရဟန်း

*သားတော်မွေးဖွားပြီးပြောသည့်စကား - “ရာဟုဖမ်းပြီ၊အနှောင်အဖွဲ့ဖြစ်ပြီ”

*တောထွက်သည့်အသက် - ၂၉နှစ်၊(အိမ်ထောင်ပြုပြီး ၁၃ နှစ်အကြာ)

*တောထွက်သည့်အချိန် - ခရစ်မပေါ်မီ ၅၉၄ ခု၊ ဇူလိုင်လ၊ တနင်္လာနေ့ (ညလယ်)၊မဟာသက္ကရာဇ် ၉၇ ခု၊ ၀ါဆိုလပြည့်နေ့

*မြင်းရထားမောင်းသူ - ဆန္နအမတ်

*တော်ဝင်မြင်းအမည် - ကဏ္ဍက (သခင်နဲ့ခွဲပြီးနောက်သေဆုံးသွားသည်)

*ဖြတ်သွားသည့်မြစ် - အနော်မာ

*သွားသည့်နေရာ - ဥရုဝေလတော

*ဘုရားလောင်းအားနောက်ဆုံးဆွမ်းကပ်သူ - သုဇာတာ ဃနနို့ဆွမ်း( ၄၉ လုပ်မျှသာ)

*ဘုရားလောင်းအားမြက်လှူဒါန်းသူ- သောတ္ထိယ မြက်ရိတ်သမားမှမြက်ရှစ်ဆုပ်လှူဒါန်းသည်

*ကျင့်ကြံမှု - မဇ္စျိမ ပဋ္ဋိပဒါလမ်းစဉ်၊ ၀င်လေထွက်လေကို ရှုမှတ်ခြင်း

*နေရာ - အိန္ဒယနိုင်ငံ၊ ဘီဟာနယ်တွင်ရှိသော ဗုဒ္ဓဂါယာ -

*အမှီပြုသည့်အပင် - ဗောဓိပင်

*ဘုရားဖြစ်သည့်အသက် - ၃၅ နှစ်

*ဘုရားဖြစ်သည့်နေ့ - ခရစ်မပေါ်မီ ၅၈၈၊မေလ၊ ဗုဒ္ဓဟူးနေ့၊မဟာသက္ကရာဇ် ၁၀၃၊ ကဆုန်လပြည့်နေ့

*တရားဦးဟောသည့်နေရာ - သမင်ခြံ၊ မိဂဒါ၀ုန်တော၊ တရားဦးဟောသည့်အချိန် - စနေနေ့၊ ဇူလိုင်လ၊ ခရစ်မပေါ်မီ ၅၈၈ မဟာသက္ကရာဇ် ၁၀၃၊ ၀ါဆိုလပြည့်နေ့

*ဟောသည့်တရားဦး - ဓမ္မစကြာလက္ခဏသုတ် ပထမဆုံးသံဃာငါးဦး - အရှင်ကောဏ္ဍည၊ အရှင်ဝပ္ပံ၊ အရှင်ဘဒ္ဓိယ၊ အရှင်မဟာနာမ်၊ အရှင်အဿဇိ

*အမျိုးသားဓမ္မသေနာပတိ- ရှင်သာရိပုတ္တရာမထေရ် (ဥပတိဿ)၊ လက်ယာရံ။ *ရှင်မောဂ္ဂလာန် မထေရ်(ကောလိတ)၊ လက်ဝဲရံ

*အမျိုးသမီးဓမ္မသေနာပတိ - ခေမာ ထေရီ၊ လက်ယာရံ (ဗိမ္ဗိသာရမင်းကြီး၏မိဖုရား)။ ဥပ္ပလဝဏ် ထေရီ ၊လက်ဝဲရံ

*ဘုရားရှင်အားနောက်ဆုံးဆွမ်းကပ်သူ - စုန္ဒ (၀က်ပျိုသားဆွမ်း)

*ရောဂါ - သွေးဝမ်းသွားရောဂါ

*သက်တော် - ၈၀ နှစ်

*၀ါတော် - ၄၅ ၀ါ

*ပရိနိဗ္ဗာန်ပြုသည့် အပင် - အင်ကြင်းပင်နှစ်ပင်ကြား

*ပရိနိဗ္ဗာန်ပြုသည့်နေရာ - အင်ကြင်းဥယျာဉ်၊ ကုသိနာရုံပြည် (ယခု ဥတရာပတ်၊ အိန္ဒိယနိုင်ငံ)

*ဗုဒ္ဓ၏ နောက်ဆုံးသာဝက - သုဘဒ္ဒ မထေရ်

*ဗုဒ္ဓ၏ နောက်ဆုံးစကား -

“ သင်္ခါရတရားတို့သည် ပျက်စီးခြင်း သဘောရှိကြသည်။
........သင်ချစ်သားတို့ မမေ့မလျော့သောသတိတရားတို့ဖြင့် အားထုတ်ကြကုန်လော့”
............( အပ္ပမာဒေန သမ္မာဒေထ )..........

*ပရိနိဗ္ဗာန်ပြုသည့်အချိန် -
ခရစ်မပေါ်မီ ၅၄၃ ခု၊ မေလ၊ အင်္ဂါနေ့ မဟာသက္ကရာဇ် ၁၄၈ ခု၊ ကဆုန်လပြည့်နေ့

.......ဂေါတမ ဘုရားအလောင်းတော်သည်

ဤဘဒ္ဒကမ္ဘာမှ ပြန်၍ ရေတွက်သည်ရှိသော် လေးသချေင်္နှင့် ကမ္ဘာတစ်သိန်းထက်၌ သုမေဓာရသေ့ ဖြစ်ခဲ့ရလေသည်။

*သုမေဓာရသေ့သည် ဒီပင်္ကရာမြတ်စွာဘုရား ခြေတော်ရင်း၌ ကိုယ်တော်တစ်ဦးတည်း နိဗ္ဗာန်ချမ်းသာကို ရနိုင်သော်လည်း သြဃလေးဖြာသံသရာ၌ နစ်မွန်းပျော်ပါးကုန်သော ဝေနေယျသတ္တဝါ အပေါင်းတို့ကို သနားကြင်နာတော်မူလှသဖြင့် ယူတော်မမူခဲ့ပေ။

*ပါရမီ(၃)မျိုး၊

*သုမေဓာရသေ့ဘဝမှ ဝေဿန္တရာမင်း ဘဝတိုင်အောင် မရေမတွက်နိုင် များစွာသော ဘဝတို့၌…
၁။ ရွှေ၊ ငွေ၊ မြင်း အစရှိသည်တို့ကို လှူခြင်း၊ (ဒါနပါရမီ)၊
၂။ ခြေ၊ လက်၊ နား နှာခေါင်း အစရှိသည်တို့ကို လှူခြင်း၊ (ဒါနဥပပါရမီ)၊
၃။ ကိုယ့်အသက်ကို လှူခြင်း၊ (ဒါနပရမတ္ထပါရမီ)၊
အစရှိသော ပါရမီသုံးဆယ်တို့ကို ဖြည့်ကျင့်တော်မူခဲ့လေသည်။

စွန့်ခြင်းကြီး(၅)ပါး၊

ထို့အပြင် အလွန်စွန့်နိုင်ခဲစွာသော…
၁။ ပဒေသရာဇ် ဧကရာဇ် စကြမင်းတို့၏ စည်းစိမ်ဥစ္စာ ရတနာတို့ကို စွန့်ခြင်း၊ (ဓနပရိစ္စာဂ)၊
၂။ သားသမီးတို့ကို စွန့်ခြင်း၊ (ပုတ္တပရိစ္စာဂ)၊
၃။ မယားကို စွန့်ခြင်း၊ (ဘရိယပရိစ္စာဂ)၊
၄။ ခြေ၊ လက်၊ နား၊ နှာခေါင်း အစရှိသည့် အင်္ဂါကြီးငယ်ကို စွန့်ခြင်း၊ (အင်္ဂပရိစ္စာဂ)၊
၅။ ကိုယ့်အသက်ကို စွန့်ခြင်း၊ (ဇီဝိတ ပရိစ္စာဂ)၊ ဟု ဆိုအပ်သော စွန့်ခြင်းကြီး ငါးပါးကို ဖြည့်စွန့်တော်မူခဲ့လေသည်။

စရိယ(၃)ပါး၊

၁။ လောကတ္ထစရိယ =လောကလူသား သတ္တဝါများအတွက် ကျင့်တော်မူခြင်း။
၂။ ဉာကတ္ထစရိယ =ဆွေမျိုးသားချင်းများအတွက် ကျင့်တော်မူခြင်း။
၃။ ဗုဒ္ဓတ္ထစရိယ =သဗ္ဗညုတဉာဏ်တော်အတွက် ကျင့်တော်မူခြင်း။
ဟူသော စရိယသုံးပါးကိုလည်း ကျင့်တော်မူခဲ့လေသည်။

.....ဤသို့ ဘဝများစွာ သံသရာ ကာလပတ်လုံး ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူခဲ့ပြီးနောကဘုရား အလောင်းတော်သည် တုသိတာနတ်ပြည်၌ သေတကေတုမည်သော နတ်သားဖြစ်ခဲ့လေသည်။

......နတ်သား ဖြစ်စဉ် စကြဝဠာ တိုက်တစ်သောင်းမှ နတ်ဗြဟ္မာအပေါင်းတို့က “ဘုရားဖြစ်ချိန်တန်ပါပြီ၊ လူ့ပြည်သို့ဆင်း၍ ဘုရားဖြစ်တော်မူပါ” ဟု ဘုရားအလောင်းတော်ကို တောင်းပန်တော်မူလေသည်။

......ကြည့်ခြင်းကြီး(၅)ပါး၊

သို့ဖြစ်၍ ဘုရားအလောင်းတော် သေတကေတု နတ်သားသည်…
၁။ ကာလ = ဘုရားဖြစ်ရာ အချိန်ကာလ၊
၂။ ဒီပ = ဘုရားဖြစ်ရာ ကျွန်းအရပ်၊
၃။ ဒေသ = ဘုရားဖြစ်ရာ အရပ်ဒေသ၊
၄။ ကုသလ = ဘုရားဖြစ်ရာ အမျိုးအနွယ်၊
၅။ မာတုအာယုပရိစ္ဆေဒ = ဘုရားအလောင်းတော်၏ မယ်တော် ဖြစ်မည့် သူ၏သက်တမ်း အပိုင်းအခြား၊ ဟူသော ကြည့်ခြင်းကြီး ငါးပါးတို့ကို ကြည့်ရှု့တော်မူလေသည်။

ယင်းသို့ ကြည့်ရှု့တော်မူပြီး နတ်အဖြစ်မှ စုတေကာ မဟာသက္ကရာဇ် (၆၇)ခု၊ ၀ါဆိုလပြည့်၊ ကြာသပတေးနေ့၌ ကပိလဝတ်ပြည့်ရှင် ဘုရင်သုဒ္ဓေါဒနမင်းကြီး၏ တောင်ညာ ဒေဝီမိဖုရားကြီး မယ်တော်မာယာဒေဝီ ၀မ်း၌ ပဋိသန္ဓေ တည်နေလေသည်။

..........ဘုရားအလောင်းတော်သည် မဟာသက္ကရာဇ် (၆၈)ခု၊ ကဆုန်လပြည့် သောကြာနေ့ဝယ် ဒေဝဒဟပြည် နှင့် ကပိလဝတ်ပြည်၏ အကြားရှိ လုမ္ဗိနီသာမော အင်ကြင်းတော၌ မယ်တော်မာယာဝမ်းမှ မီးရှူးသန့်စင် ဖွားမြင် တော်မူလေသည်။

.....ဘုရားအလောင်းတော်သည် (၁၆)နှစ် အရွယ်ရောက်သောအခါ ယသော်ဓရာ မင်းသမီးနှင့် ထိမ်းမြား လက်ထပ်၍ မင်းစည်းစိမ်ကို ခံစားလေသည်။

....ကပိလဝတ်နဲ့ ဒေဝဒဟ နှစ်ပြည်ထောင်သာကီဝင်မင်းတို့ဟာ ဘိုးစဉ်ဘောင်ဆက် ကတည်းက မောင်လှယ်နှမလှယ် ရွှေလမ်းငွေလမ်း ဖောက်ခဲ့ကြပါတယ်..။

...... ကပိလဝတ်ပြည့်ရှင်-ဇေယျသနမင်းရဲ့သားတော် သီဟဟနုနဲ့ ဒေဝဒဟပြည့်ရှင် ဥက္ကာသက္ကမင်းရဲ့သမီးတော်-ကဥ္စနာမင်းသမီးတို့ လက်ဆက်လိုက်တဲ့အခါ သုဒ္ဓေါဒန၊ အမိတောဒန၊ ဓေါတောဒန၊သက္ကောဒန၊ သုက္ကောဒနဆိုပြီး သား(၅ယောက်၊ အမိတာနဲ့ ပါလိတာဆိုပြီး သမီး(၂)ယောက် မွေးဖွားခဲ့ပါတယ်..။

ဒါက သုဒ္ဓေါဒနတို့ ဘက်ကမိသားစုပါ..။ ဒေဝဒဟပြည့်ရှင် ဥက္ကာသက္ကမင်းရဲ့သားတော် အဥ္စနာမင်းသားနဲ့ ကပိလဝတ်ပြည့်ရှင် ဇေယျသနမင်းရဲ့သမီးတော် ယသောဓရာ (ဘဒ္ဒကဥ္စနာယသောဓရာ ရဲ့အဖွားလေးတော်စပ်ပါတယ်..) တို့ လက်ဆက်လိုက်တဲ့အခါ သုပ္ပဗုဒ္ဓနဲ့ ဒဏ္ဍပါဏီဆိုပြီး သား(၂)ယောက်၊ သီရိမဟာမာယာဒေဝီနဲ့ ပဇာပတိဂေါတမီဆိုပြီး သမီး(၂)ယောက် မွေးဖွားခဲ့ပါတယ်..။ ဒါက မယ်တော်မာယာ တို့ဘက်က မိသားစုပေါ့..။

သီဟဟနုရဲ့သားတော် သုဒ္ဓေါဒနနဲ့ အဥ္စနာမင်းရဲ့ သမီးတော်နှစ်ပါးဖြစ်တဲ့ သီရိမဟာမာယာဒေဝီနဲ့ ပဇာပတိဂေါတမီတို့ လက်ဆက်လိုက်တဲ့အခါ သီရိမဟာမာယာဒေဝီက ဘုရားလောင်းသိဒ္ဓတ္ထမင်းသားနဲ့ ပဇာပတိဂေါတမီက ရူပနန္ဒာမင်းသမီးနဲ့နန္ဒမင်းသားတို့ကို အသီးသီးမွေးဖွားခဲ့ပါတယ်..။

...နောက်တစ်ခါ သီဟဟနုမင်းရဲ့ သမီးတော် အမိတာနဲ့ အဥ္စနာမင်းရဲ့သားတော် သုပ္ပဗုဒ္ဓတို့ လက်ဆက်ရာမှာ သမီးတော် ဘဒ္ဒကဥ္စနာယသောဓရာ နဲ့ သားတော် ဒေဝဒတ် တို့ကိုမွေးဖွားခဲ့ပါတယ်..။

ဘုရားလောင်းသိဒ္ဓတ္ထမင်းသားနဲ့ ဘဒ္ဒကဥ္စနာယသောဓရာတို့လက်ဆက်လိုက်တဲ့ အခါ သားတော်ရာဟုလာလေးကို မွေးဖွားခဲ့ပါတယ်..။

.....၂၉နှစ်အရွယ် ရောက်သောအခါ (သူအို၊ သူနာ၊ သူသေ၊ ရဟန်း)ဟူသော နိမတ်ကြီးလေးပါးကို မြင်တော်မူသဖြင့် တောထွက်၍ ရဟန်းပြုလေသည်။

............ဘုရားအလောင်းတော်သည် အလွန်ပြုနိုင်ခဲသော ဒုက္ကရစရိယာအကျင့်ကို ရဟန်းအဖြစ်နှင့် (၆)နှစ်ပတ်လုံး ကျင့်တော်မူခဲ့လေသည်။
ထို့နောက် ဘုရားအလောင်းတော်သည် သုဇာတာမည်သော သူဌေးသမီးလှူဒါန်းအပ်သော နို့ဃနာ ဆွမ်းကို အဇပါလညောင်ပင်ရင်း၌ အလှူခံဘုဉ်းပေးပြီး မဟာဗောဓိပင်သို့ ကြွသွားတော်မူလေသည်။

.....သောတ္ထိယငစင် မြက်ထမ်းသမား (မြက်ထမ်းလုလင်)သည် မဟာဗောဓိပင်သို့ ကြွလာသော ဘုရားအ လောင်းတော်အား မြက်ရှစ်ဆုပ်ကို လှူဒါန်းလေသည်။

...ဘုရားအလောင်းတော်သည် သောတ္ထိယငစင် လှူဒါန်းအပ်သော မြက်ရှစ်ဆုပ်ကို ကြဲဖြန့်လိုက်သော အခါ ထိုခဏဝယ် မြက်ရှစ်ဆုပ်သည် မဟာဗောဓိပင်ရင်း၌ အပရာဇိတပလ္လင် ဖြစ်လာလေသည်။

.........(ထိုမြက်တို့ သည် မြက်အသွင်သဏ္ဍန်ဖြင့် မတည်ကြကုန်)။
ဘုရားအလောင်းတော်သည် ထိုပလ္လင်ထက်၌ ထက်ဝယ်ဖွဲ့ခွေနေတော်မူစဉ် နေမဝင်မီ ဒေဝပုတ္တမာရ် (မာရ်နတ်ရန်)ကို အောင်မြင်တော်မူလေသည်။

..... ( ပု ) ( ဒိ ) ( အာ ) ဟုဆိုအပ်သော .....။

..... ( ပု )ညဉ့်ဦးယံ၌ ရှေးက ဖြစ်ခဲ့ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့သိတတ် သော ပုဗ္ဗေနိ၀ါသာနုဿတိဉာဏ်ကို ရတော်မူလေသည်။

..... ( ဒိ ) သန်းခေါင်ယံ၌ နတ်တို့၏ မျက်စိနှင့်တူသော ဉာဏ်မျက်စိဖြင့် စုတေခါနီးသော သတ္တဝါစသည်တို့ကို မြင်တတ်သော ဒိဗ္ဗစက္ခုဉာဏ်ကို ရတော်မူလေသည်။

.....( အာ )မိုးသောက်ယံ၌ အာသဝေါတရားလေးပါး တို့၏ ကုန်ခြင်းကို ပြုတတ်သော (အာသဝက္ခယဉာဏ်)ကို ရတော်မူလေသည်။ .

....အသက်(၃၅)နှစ် အရွယ်၊ မဟာသက္ကရာဇ် (၁၀၃)ခု၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့ မိုးသောက်ယံဝယ် လောကသုံး ပါးတွင် အတုမရှိသော သဗ္ဗညုတ ဘုရားရှင်အဖြစ်သို့ ရောက်တော်မူလေသည်။
သုံးလူ့သခင် သဗ္ဗညုတဘုရားရှင်သည် (၄၅)၀ါ ကာလပတ်လုံး ဝေနေယျတို့အား ဓမ္မစကြာစသည့် တရားဓမ္မတို့ကို ဟောပြတော်မူကာ နတ်ဗြဟ္မာသတ္တဝါတို့၏ အကျိုးစီးပွားကို ဆောင်ရွက်တော်မူခဲ့လေသည်။

..... (၄၅)၀ါ ကာလပတ်လုံး သတ္တဝါတို့၏ အကျိုးစီးပွားကို မနားမနေ ဆောင်ရွက်တော်မူခဲ့သော သဗ္ဗညုတ ဘုရားရှင်သည် သက်တော်(၈၀) အရွယ်ရောက်သောအခါ မဟာသက္ကရာဇ် (၁၄၈)ခု၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ဝယ် ကုသိနာရုံပြည် မလ္လာမင်းတို့၏ ဥယျာဉ်၌ ပရိနိဗ္ဗာန် စံတော်မူလေသည်..........။
See More

မွေးရပ်မြေမလှိုင် ဆည်တို

ကျွန်တော်မွေးရပ်မြေမလှိုင်မြို့လေးအကြောင်း ရင်ဘတ်ကြီးနဲ့ခံစားပြီးရေးလိုက်ပါတယ်.........မလှိုင်မြို့ဆိုတာ ပဲမျိုးစုံ၊ ၀ါမျိုးစုံ နဲ့ ထန်လျက်၊ ကောက်ပဲသီးနှံများ ပေါကြွေတဲ့ကုန်ပွဲစားမြို့လေးဖြစ်ပါတယ်။ အစိုးရဌာနဆိုင်ရာရုံးပေါင်းစုံရိှပြီ မြို့အင်္ဂါရပ်နဲ့ညီတဲ့ မြို့ငယ်လေးတစ်မြို့ပါ။ ပညာရေးမှာ မြန်မာပြည်တစ်ပြည်လုံး (1 to 10)အဆင့်ဝင်အောင် မွေးထုတ်ပေးနိုင်တဲ့ ပညာမြို့လည်းဖြင့်ပါတယ် ပညာတတ်တွေးအများကြီးမွေးထုတ...်ပေးထားပါတယ်။ ကျွန်တော်ပြန်ရောက်ခဲ့ပါတယ် ရောက်သွားတဲ့အချိန်မှာ မျက်စိထဲ မြို့အိုလေးကိုရောက်သွားသလိုခံစားမိလိုက်ပါတယ်။ အချိန်တွေပြောင်းလဲနေပေမဲ့ တိုးတတ်မှုကတော့ အားနည်းနေပါတယ် ဘာကြောင့်လဲ လူမှုအဖွဲ့အစည်းတွေအားနည်းနေတာလား၊ တောင်းဆိုတင်ပြမှုတွေမရှိတာလား၊ အဖွဲ့အစည်းတစ်ခုကပဲ ချုပ်ချယ်နေတာလား ဆိုတဲ့မေးခွန်းလေးတွေ ထုတ်ရှိလို့လာခဲ့ပါတယ်။ မြို့လေးတိုးတတ်ဖို့လိုအပ်နေတာဘာတွေလဲ မြို့ရွာဖွံ့ဖြိုးတိုးတတ်စေဖို့ လူ့အဖွဲ့အစည်းတွေ အများကြီး အားပြိုင်ဖို့လိုပါတယ် ဟိုအဖွဲ့ကလုပ်ပေးလိုက် ဒီအဖွဲ့ကလုပ်ပေးလိုက်ဆိုသလိုပေါ့ အခုတော့နယ်မြေနာမည်တောင်ပေါက်နေသလို ကြံခိုင်ရေးနယ် ကြံခိုင်ရေးနယ်ဆိုပြီမဖြစ်သင့်ပါဘူး။ အဖွဲ့အစည်းတစ်ခုထဲ ဆိုတော့ဂုဏ်နောက်ကိုလိုက်နေသလိုမြင်မိပါတယ် ငါမှငါပဲဆိုတာမရှိသင့်ပါဘူး အားပြိုင်မှုရှိမှ ပြည်သူတွေကောင်းစားလာမှာပါ။ ကျွန်တော်ဆိုဘယ်ပါတီမှ မဝင်နိုင်ပါဘူး။ ဘာကြောင့်ဒီလိုဖြစ်ခဲ့ရလဲ ကြံ့ခိုင်ရေးကြောင့်ပါ ပါတီကဒ်ပြားရရင် ဘယ်သွားသွားဘာမှမဖြစ်စေရဘူး အားလုံးပါတီထဲဝင်ရမယ် ပါတီထဲဝင်ဘာလုပ်လုပ် လုပ်လို့ရတယ် sorry ပါ လူတိုင်းလူတိုင်းမှာ ကိုယ်ပိုင်အခွင့်အရေးတော့ရှိပါတယ် နောက်နောင်လည်း ပြည်သူအနေနဲ့ပဲနေတော့မယ် အမြင်မတော်ရင်တော့ဝင်ပြောမိမှာပဲ ဒါကပြည်သူရဲ့ပြောပိုင်ခွင့်လေ။ ဘာကြောင့်ပြောတာလဲ ကိုယ့်ပြည်ကိုချစ်လို့ပဲ ကိုယ့်ပြည်ကိုမချစ်တတ်တဲ့သူတွေသာ အာဏာဆိုတဲ့ဂုဏ်ပုဒ်နောက်ကိုလိုက်နေတာ။ နောက်တစ်ခုရှိသေးတယ် အုပ်ချုပ်ရေးမှူးတွေက မြို့တံတိုင်းလို့ခေါ်တဲ့ ပိုက်ဆံရှိအသိုင်းအဝိုင်းကိုမကေျာ်နိုင်တာကလဲ မြို့ရွာ ဖွံ့ဖြိုးမှုရဲ့ အတားအစည်းတစ်ခုဖြစ်နေပါတယ် ငွေများတရားနိုင်ဆိုသလိုပေါ့။ ပြောင်းလဲသင့်နေပါပြီ။

မိမိဘဝ၊မိမိလူမျိုး၊မိမိတိုင်းပြည်ကိုချစ်ကြပါ....

အနယ်နယ်အရပ်ရပ်မှာရောက်ရှိလုပ်ကိုင်နေကြတဲ့ မြန်မာတွေအားလုံးပဲ ဘာပဲလုပ်လုပ် မိမိဘဝအတွက်၊ လူမျိုးအတွက်၊ တိုင်းပြည်အတွက်ဆိုပြီး ရည်မှန်းချက်နဲ့ အလုပ်လုပ်စေချင်ပါတယ် ဘာအလုပ်ပဲဖြစ်ဖြစ်ပါ။ ဥပမာ ထိုင်းနိုင်ငံမှာ သံနဲ့ ဂဟေးလုပ်ငန်းမှာ အလုပ်လုပ်နေရတယ် ဆိုရင် ကောင်းကောင်းလုပ်ပါ နည်းပညာယူပါ တစ်ချိန်မှာ မိမိအတွက် အသက်မွေးဝမ်းကျောင်းတစ်ခုဖြစ်လာနိုင်မှာပါ၊ မြန်မာြ...ပည်အတွက်လည်း မိမိတတ်ကြွမ်းခဲ့တဲ့ ပညာရပ်ဟာ အသုံးဝင်နေမှာပါ၊ ဆောက်လုပ်ရေးဆိုလည်း ဒီလိုပါပဲ၊ နည်းပညာကိုရယူကြပါ မိမိတစ်ယောက်တည့်အကျိုးရှိသည်မဟုတ်ပါ တိုင်းပြည်ပါအကျိုးရှိပါတယ်။ တိုင်းပြည်ကောင်းစားလာစေဖို့ ကိုယ်ဘာမျှမလုပ်နိုင်ဘူးဆိုတာမရိှပါဘူး။ မိမိရောက်ရှိနေတဲ့ဘဝကနေပဲ အုတ်တစ်ချပ်၊ သဲတစ်ပွင့် ပါ၀င်လာမယ်ဆိုရင် မြန်မာပြည်ကြီးတိုးတက်လာမှာ များမကြာပါ ထိုင်ပြီးလေကန်တဲ့ အလုပ်ကိုတော့ နည်းနည်းလျော့လိုက်ကြပါ သူများနောက်လိုက်လုပ်ကြတာ ကိုလည်း ပြင်ကြပါ မိမိကိုယ်ပိုင် ဦးနှောက်နဲ့ ဖန်းတီးမှုကို နှစ်သက်ပါ၊ ရတဲ့အချိန်မှာ လက်လှမ်းမှီသလောက် နည်းပညာတွေရယူကြပါ နည်းပညာဆိုလို့ မိမိ၀ါသနာကို ဦးစားပေးပါ သူများရောင်လို့လိုက်ရောင်တယ်ဆိုတာမျိုးမဖြစ်ရလေအောင် စိတ်ဝင်စားမှုရှိမှ လုပ်ချင်တာဖြစ်ပါလိမ့်မယ် မြန်မာပြည်အတွက် အဖက်ဖက်မှာ ပညာရှင်တွေလိုအပ်နေပါတယ် ဒို့နိုင်ငံအတွက် ငါတို့ကပဲလုပ်ယူရမှာမဟုတ်ပါလား ကွန်ပျူတာပိုင်းဆိုရင် လည်း hardware ပိုင်း ၊ software ဖန်းတီးနိုင်သူမြန်မာတွေဟာ လက်ချိုးရေလို့တောင်ရပါတယ် ကျောင်းနေခဲ့မှ၊ (၁၀)တန်းအောင်မှ၊ ဘွဲ့ရမှဆိုပြီးမရှိပါဘူး လူတိုင်း ၀ါသနာပါတာကို လုပ်နိုင်ပါတယ် ကြိုးစားနိုင်ပါတယ်၊ စွမ်းဆောင်နိုင်ပါတယ်။ မိမိကိုယ်ကိုဖန်တီးမှုကိုနှစ်သက်ပါ ပညာရှင်များကို လေးစားပါ။
နေမင်းကြီး

ဘယ်တော့ရေကြည်မှာလဲ

ငါတို့နိုင်ငံကရေဘယ်တော့ကြည်မှာလဲ ရှေးကပြောတယ် ရေကြည်ရာ၊မြက်နုရာ တို့နိုင်ငံက ရေမကြည်တော့ ရေကြည်ရာကိုသွားကြပြီး ရေကြည်ရာနေရာကိုပဲ အထင်ကြီးတော့ သူတို့ရဲ့ဝါးမြိုခြငး်ကိုခံရတော့တာပေါ့ တကယ်ဆို နောက်နေတဲ့ ရေကို ကြည်အောင်လုပ်ရမှာက တို့ပြည်သူတွေပဲ ဘယ်အုပ်ချုပ်သူမကောင်းမကောင်း၊ မကောင်းတာကိုတိုက်ထုတ်ရမှာကလည်း ပြည်သူတွေပဲ အသက်ဆိုတာတစ်ခါတည်းသေတာပါ စောပြီးသေတာနဲ့ နောက်ကျပြီးသေတာပဲကွာပါတယ် တစ်နေ့တော့သေရမှာပါပဲ ...ငါတို့ပြုပြင်လို့ ရေမကြည်သေးလဲ တို့သွေး တို့သားကြရင် သောက်သုံးကြရမယ် မဟုတ်သေးဘူး ငါ့တို့ခေတ်မှာပဲ ရေကြည်စေရမယ်..... မခံစားနိုင်ဘူး ပညာတတ်တွေကို ဖိနှပ်၊ ပြောရဆိုရအနိုင်ကျင့်ရတဲ့သူတွေ နေရာရ လူမိုက်ကနေရာရတော့ ပြည်ပျက်တာ ဓမ္မတာ အခုအချိန်ထက်ရှေ့ရေးကိုမကြည့်တတ်သူတွေကြောင့် မြေပုံပြန်ဆွဲရင် ပိန်သွားတာလဲ လူမိုက်ပဲ တိုင်းပြည်ဆင်းရဲပြီး အုပ်ချုပ်သူတွေချမ်းသာသွားတာလည်း တစ်ခဏပဲ ရှေ့ှုကိုမကြည့်တတ်တဲ့ မိုက်မဲမှုကြောင့် မိမိကိုယ့်ကိုပြန်သတ်နေတာမသိကြြပန်။ ဥပဒေတွေထုတ်ပြီး ဥပဒေဆိုတာ သူတို့ ကောင်းစားဖို့ပဲဖြစ်ပြီး နိုင်ငံကောင်းစားဖို့ဆိုတဲ့နာမည်သုံးတာတော့ ရင်နာလို့မဆုံးနိုင်ပါဘူး.....

ကောင်းမွန်ပြီး free ရတဲ့ scanner for pc

သူငယ်ချင်းများအတွက် software ကောင်းလေ မိတ်ဆတ်ပေးလိုက်တာပါ pc အတွက် fix လုပ်ရန် cleaningလုပ်ရန် junk file များရှင်းရန် registry cleaning လုပ်ရန်အတွက်နဲ့ internet virus scan နဲ့ pc virus scan ကိုပါပြုလုပ်လို့ရတဲ့ free ပေးတဲ့ china made baidu ကတော်တော်ကောင်းတယ်ဗျ baidu က online storage လည်းပေးတယ် လိုချင်တာလည်းရှာ ဒေါင်းနိုင်တယ် resister လုပ်မှနော်  daidu faster ကို ဒီမှာဒေါင်း ယူလိုက်ပါ။ offical site ကိုတင်ပေးထားပါတယ်.......     နေမင်းကြီး

ပြောင်းလဲခဲ့တဲ့ခေတ်တွေ

ပြီးခဲ့တဲ့(၃၊၄၊၅)နှစ်လောက်က blog တွေ၊ forum တွေ၊ naing.com တွေပေါ်ပေါက်ခဲ့တော့ နည်းပညာတွေဝေငှာကြ၊ ဗဟုသုတတွေ ပေးစွမ်းကြနဲ့ ပျော်စရာကောင်းခဲ့ပါတယ် ကိုယ်ပိုင် group၊ ကိုယ်ပိုင် အသင်းဝင် forum တွေနဲ့ အချင်းချင်းကူညီခဲ့ကြတယ် (၂)နှစ်လောက်အတွင်းမှာ ဒီပိုင်းဆိုင်မှုတွေကို facebook ကသိမ်းပိုက်သွားတော့ forum ကိုမရောက်ဖြင့် blog ကိုမရေးဖြစ် ဖြစ်ကုန်ကျရော ခေတ်ရေစီးကြောင်းပဲလား အကျိုးကျေးဇူးတွေတော့ရခဲ့ပါတယ် အခုေ...တာ့ forum တွေဆိုလူသူမရောက်ဖြစ်နေကြတယ် ကိုယ်ပိုင်ကမ္ဘာ blog လေးတွေလည်း စိတ်ဝင်စားမှုနည်းလာကြပြီ ဒီ facebook ကြောင့်ပဲ twitter လည်းစိတ်မဝင်စား စိတ်ကြီးတဲ့ ဒို့မြန်မာတွေ အရင်ကလည်း yahoo သုံးလို့ (၁)နှစ်မပြည့်သေးဘူး google မှ google ခဲ့ကြတယ် ခုလည်း facebook မှ facebook ပဲ ထိုင်းနိုင်ငံကြတော့ google ကို mail အဖြစ်အသုံးပြုနည်းပြီး Search engine အဖြစ်ပဲ အသုံးများတယ် အရင်က yahoo mailကို အသုံးများပြီး နောက်တော့ microsoft mail, hotmail ကိုပဲအသုံးပြုကြတယ် gmail ကို အသုံးနည်းတယ် android တွေခေတ်စားလာတော့မှ gmail တွေ အသက်ဝင်လာတော့တယ်... သူ့ဟာနဲ့သူပဲ

BAT အကြောင်းသင်ခန်းစာ

ဒုက္ခနဲ့သုခကို ခံစားနိုင်စေရန် programer ကိုစိတ်ဝင်စားသူများအတွက် BAT အကြောင်း သင်ခန်းစာကို ဒေါင်းယူနိုင်ပါတယ်...... ဒီမှာ ယူလိုက်ပါ

နိုးထကြလော့

မြန်မာပြည်အတွက် လိုအပ်နေတဲ့ သံထည်ပစ္စည်း၊ အီလထော်နစ်ပစ္စည်း၊ ဆောက်လုပ်ရေးပစ္စည်း၊ အင်ဂျင်နဲ့စက်ပိုင်းဆိုင်ရာပစ္စည်းတွေနဲ့ အိမ်၊ခြံ၊မြေ တွေကို တရုတ်နဲ့ကုလား လူမျိုးတွေက နေရာယူနေ ချိန်မှာ မြန်မာနိုင်ငံသားတွေက အခြားသော နိုင်ငံတွေကို ဒုက္ခခံဖို့ ကျိုးစားနေကြပါလား ...... နိုးထကြလော့...... ကူလီဆိုမြန်မာ၊ အလုပ်သမားဆို မြန်မာ၊ အိမ်ဖော်ဆိုမြန်မာ၊ သံထည်ပစ္စည်းဆိုင် မြန်မာဘယ်နှစ်ယောက်ရှိလဲ၊ အီလထော်နစ်ပစ္စည်းဆိုင် ြ...မန်မာဘယ်နှစ်ယောက်ရှိလဲ၊ နည်းပညာနဲ့ပတ်သက်ပြီးရော လူမျိုးရေးတိုက်ခိုက်တာမဟုတ်ပါ မြန်မာအချင်းချင်း ကြိုးစားစေချင်လို့ပြောလိုက်ပါတယ် ဂျပန်က open ဆိုစိတ်ဝင်စားကြတယ် တစ်ထောင်ကိုပေးပြီး (၁၀)ကိုယူနေကြတော့ ကောင်းကြသေးလား ကိုယ်လုပ်မှရမယ်ဆိုတာ သတိ၀င်ပါ သူများတွေ တိုးတတ်တာကို အပစ်မမြင်နဲ့ သူများတွေတတ်မြောက်တာကိုလည်း မနာလိုမဖြစ်နဲ့ မိမိကိုယ်တိုင် ဖန်တီးနိုင်စွမ်းရှိဖို့ကိုပဲ ကြိုးစားကြပါ...... ကွာခြားမှုက ငါဘယ်အလုပ်ကလက်ခံမှာလဲ(မြန်မာအေတွး)၊ ဒီနေရာကနေရာကောင်းပဲ ငါရအောင်ဘယ်လိုလုပ်ရမလဲ (တရုတ်နဲ့ကုလားအတွေး) ပြောရမယ်ဆိုရင်တော့ လိုချင်တာရနေကြတာပဲ ထက်ပြောမယ်နော် လူမျိုးရေး တိုက်ခိုက်တာမဟုတ် အမြင်မှန်ရစေဖို့ပြောတာပါ မြန်မာပြည်ရဲ့လိုအပ်ချက်ကို ကူညီပေးခဲ့လို့ ကျေးဇူးတောင်တင်ရအုံးမယ် ဒီလိုပြောလို့ မခံသည့်မခံသာဖြစ်ရင်ဖြစ်မယ် ဒါအမှန်ဖြစ်နေတာ ကိုယ်တွေ လျှောက်နေတဲ့ လမ်းကိုကဒီလိုဖြစ်နေလို့ပါပဲ..... ကြိုးစားကြပါ ဒို့မြန်မာ.......
နေမင်းကြီး

Tuesday, January 14, 2014

Windows 8/7 all Activator 100%

Winsows activate မဖြစ်သေးတဲ့သူငယ်ချင်းများအတွက် တင်ပေးလိုက်ပါတယ် အောက်မှာဒေါင်းယူနိုင်ပါတယ်
Windows 8.0 Activator Download Link:http://adf.ly/goCWc
Windows 8.1 Activator Download Link:http://adf.ly/goCay
Windows 7 Activator Download Link:http://adf.ly/goCfr
အဆင်ပြေကြပါစေ......