Tuesday, February 7, 2017

အင်တာနက်ပေါ်မှာ ငွေရှာနည်းအကြောင်း

အင်တာနက်ပေါ်မှာ ငွေရှာနည်းအကြောင်း ဗဟုသုတအဖြစ်ရေးသားပေးလိုက်ပါတယ်။ ပထမဦးဆုံးအနေနဲ့ google အကြောင်းပါ။ google ကနေ လိုချင်တာလိုအပ်တာတွေပဲ ရှာဖွေလို့ရရှိနေတယ်လို့ လူအများကသိရှိကြပါတယ်။ google ကနေပြီး ပိုက်ဆံတွေရအောင် ဖန်တီးလို့ရတယ်ဆိုတာ သိသူနည်းပါးသေးပါတယ်။ ဖြစ်ချင်တော့ သူပိုက်ဆံပေးနေတာက မြန်မာပြည်မပါဝင်သေးလို့ပါ။ ယခုရရှိနေသူတွေကလည်း အခြားသောနိုင်ငံတွေကနေပြီး ရရှိနေခြင်းပါ။ အခြားသော ပိုက်ဆံပေးသည့် အရာတွေနဲ့ စာရင် google ကပေးတာ အရမ်းများပါတယ်။ ဘယ်လိုတွေရရှိလဲ? ဘာတွေလုပ်ရမလဲ? အသေးစိတ် အနည်းငယ်မျှ ရှင်းပြပေးလိုက်ပါတယ်။
(၁) blog နှင့် website ရေးခြင်းဖြင့် ဝင်ငွေရရှိခြင်း
(၂) youtube တွင် ဗွီဒီယိုတင်ခြင်းဖြင့် ဝင်ငွေရရှိခြင်း
(၃) application များကို ရေးသားခြင်းဖြင့် ဝင်ငွေရရှိခြင်း
(၄) adwords မှနေ၍ ဝင်ငွေရရှိခြင်း
(၅) အပေါ်ကအချက်အလက်တွေအတွက် adsense ကနေရရှိမှာဖြစ်ပါတယ်။
ခုလိုဝင်ငွေရရှိခြင်းတွေဟာ free ပေးသည်ဖြစ်စေ ကြော်ငြာခတွေရရှိပါတယ်။ ရောင်းချရင်တော့ ရောင်းချသည့် ပမာဏထက်မန်ရရှိပါတယ်။
ဒီလိုဝင်ငွေရရှိအောင် အချိန်၊ အင်တာနက်ဖိုးငွေကြေး၊ နည်းပညာနဲ့ အောင်မြင်မှုလိုအပ်ပါတယ်။ အခြား ရင်းနှီးစရာမလိုအပ်ပါ။
တစ်ခုခြင်းစီရဲ့ အသေးစိတ်ကိုတော့ အချိန်ရတိုင် ထပ်မံရေးသားပေးပါမယ်။

No comments:

Post a Comment

ဝင်ရောက်ဆွေးနွေးနိုင်ကြပါတယ်