Tuesday, December 15, 2015

imobile istyle 7.8 dtv ၏ ဖြစ်တတ်သည့်သဘော

မြန်မာပြည်ကသူတွေတော့ service မလုပ်ရပါဘူး နယ်စပ်ကလူတွေနဲ့ ထိုင်းမှာရှိသည့် သူများအတွက်ပေါ့ imobile istyle 7.8 dtv ဖုန်းတွေမှာဖြစ်တတ်သည့်သဘောလေး တွေ့ကြုံရသလောက်ပြောပြချင်ပါတယ်။ 7.8 က ဘာမျှမဖြစ်ရင်အတော်လေးကို အသုံးပြုလို့ကောင်းပါတယ်။ သူက MTK device မဟုတ်ပါဘူး spectrum device ပါ။ ဒါကြောင့် အကြောင်းအမျိုးမျိုးကြောင့် firmware တင်ရရင် downloader tool နဲ့တင်ရပါတယ်။ ပထမ firmware ရေးရင် loading အချိန်ကြာမြင့်ပါသည်။ reset ချလျှင်လည်း loading အချိန်ကြာမြင့်ပါသည်။ firmware တင်မရခြင်းများနဲ့ error များတတ်နေလျှင် build အမြင့် firmware ကိုရှာပြီးပြန်ကြိုးစား။ အများအားဖြင့်တော့ တင်စရာမလိုအပ်ပါဘူး recovery mode ကနေ cache data clean လုပ်ပေးယုံဖြင့်ရရှိပါတယ်။ firmware တင်ရင် windows 64 bit တွေမှာအလုပ်မလုပ်ပါဘူး။ သူ့အတွက် LCD အသစ်လဲရမည်ဆိုရင် သတိထားပါ။ LCD အသစ်ဆိုပေမဲ့ အလုပ်မလုပ်သည့် အချပ်များအများကြီးတွေ့ရှိပါတယ် သေချာစစ်ဆေးပြီးမှဝယ်ယူပါ။ LCD မလာလျှင် သို့မဟုတ် အစင်းကြောင်းများပေါ်နေလျှင် အထိုင်နေရကိုသေချာကြည့်ပါ သူ့ရဲ့ဘေးနားက အတုံးလေး လေးခုလောက်ရှိပါမယ် အပူပေးလိုက်ရင်ရပါသည်။ root ဖောက်ချင်လျှင် iroot ဖြင့်ပေါက်ပါသည်။ ရေဝင်ခဲ့လျှင် သင်ဒါရေဖြင့် ဘုတ်တစ်ခုလုံး ဆေးကြောပါ။ ပြီးလျှင်အပူပေးပါ အခြား ပြသနာအဖြစ်နည်းပါတယ်။ firmware လိုအပ်ပါက ဒီမှာ ယူလိုက်ပါ။ tool and driver အတွက် ဒီမှာ ယူလိုက်ပါ။