ဆောင်းပါးများ

မြန်မာပြည်နှင့်ကျွန်တော်ရဲ့အမြင်
မြန်မာပြည်အပေါ်ကျွန်တော်ထားရှိတဲ့ စိတ်သဘောထားအမြင်ကတော့ ဘယ်အစိုးရတတ်တတ် အဓိက ကတော့ တိုင်းပြည်ကောင်းစားဖို့ပါပဲ ဘယ်သူတတ်မှ ဆိုတဲ့ ပုဂ္ဂိုလ်အစွဲတွေမရှိပါဘူး ... ရင်ထဲကစိတ်သဘောထားအမှန်ကိုပြောတာပါ....ပြည်သူနဲ့အစိုးရဆိုတာ သားသမီးနဲ့မိဘ ဆိုရင်လည်းမမှားပါဘူး တိုင်ပြည်ကချမ်းသာလျက်နဲ့ ပြည်သူပြည်သားတွေ ပြည်ပမှာ ၀မ်းရေးအတွက် အလုပ်သွားလုပ်နေရပါတယ် တိုင်းတစ်ပါးမှာလည်း အနှိမ်ခံဘဝနဲ့ ရုန်းကန်နေရရှာပါတယ် .... မြန်မာပြည်မှာနေပြန်တော့လည်း ၀မ်းရေကမလွယ်ကူလှတဲ့ကြားက ဟိုဟာလေးဝယ်ချင် ဒီလေးဝယ်ချင်နဲ့ မလွယ်ကူပါဘူး ပြည်ပမှာ (၃)ရက်လောက်လုပ်လိုက်ရင် မြန်မာပြည်မှာ လူတိုင်းမဝယ်နိုင်တဲ့ ဖုန်းတစ်လုံးလောက်တော့ သုံးနိုင်နေတာဆိုတော့ အခက်သာလား ဒါပေမဲ့ ငါမြန်မာဆိုပြီး တောင်မသွားရဲဘူး လောင်ရယ်စရာတွေဖြစ်လာတယ်.... အချုံပြောရရင် တိုင်းပြည်ကောင်းစားဖို့က အုပ်ထိန်းသူသာလျှင် အဓိကကျနေပါတယ် မိဘမကောင်းတော့ သားသမီးခေါင်ပေါ်ကို ပြန်ကျရောက်တာပေါ့ အစိုးရဆိုတာ ပြည်သူပြည်သားတွေရဲ့မျက်နှာကို အမြဲကြည့်နေရပါမယ် အခက်အခဲတွေကိုလည်းဖြေရှင်းပေးနိုင်ရပါမယ်... အစိုးရနဲ့ပြည်သူဆိုတာ ရန်သူမဟုတ်ပါ အစိုးရဆိုတာလဲ ပြည်သူထဲကထွက်ပေါ်လာတာပါ ကျွန်တော်တို့လိုချင်တာက တိုင်းပြည်ကိုချစ်တဲ့ အစိုးရ၊ ပြည်သူကိုချစ်တဲ့အစိုးရကိုပဲလိုချင်ပါတယ် မိမိကောင်းစားဖို့တစ်ခုအတွက်တတ်လာမည့် အစိုးရမျိုးကို မလိုချင်ပါဘူး ဒါဆိုရင် ပြည်သူပြည်သားတွေကလည်း ပြန်ချစ်လာမှာပါ။
နို်င်ငံရေးသမားမဟုတ်ပါ ပြည်သူထဲကပြည်သူတစ်ယောက်သာဖြစ်ပါသည်။........ ခင်မင်လျှက်  နေမင်းကြီး