Friday, March 21, 2014

pdf file နဲ့စာအုပ်တွေကို flash file ပြောင်းပြီး လုပ်မယ်

ကျွန်တော်တို့ စာအုပ်အမျိုးမျိုးတွေရှိပါတယ် ဒါတွေကို တစ်စုတစ်စည်းတည်း ဖြစ်စေပြီး flash file ပုံစံမျိုးဖြစ်အောင် လုပ်ပေးနိုင်တဲ့ software လေးပါ နည်းပညာ စာအုပ်တွေကို တစ်စုတစ်စည်းထဲထားမယ် အခြား ရသစာပေ နဲ့ မိမိဖတ်ရှု့လိုတဲ့စာအုပ်တွေကို အလွယ်တစ်ကူဖတ်နိုင်ရန် အတွက် ပေါင်းချုပ်သဘော flash file ပြုလုပ်ပစ်လိုက်ပါတယ် ဒီလို ကောင်းမွန်တဲ့ software free version လေးကို လိုအပ် ရင်တော့ ဒီမှာ ဒေါင်းယူနိုင်ပါတယ် ကြိုက်နှစ်သက်ရာကနေဒေါင်းလိုက်ပါ windows 7 နှင့်အထက်တွေပဲ အလုပ်လုပ်ပါတယ် ဒီကောင်လေးရှာဖွေပြီး တင်ပေးနိုင်တာဟာ မန္တလေး ဆေးတက္ကသိုလ်က ဆရာတစ်ယောက်ကတောင်းဆိုမှုနဲ့ အခက်အခဲကို ကူရှာရင် သူငယ်ချင်းတွေလည်းရရှိစေရန် မျှဝေလိုက်ပါတယ်။

Windows 8 အသုံးပြုပုံလေးတွေ ရေးသားထားတဲ့ စာအုပ်



တစ်ချို့သူငယ်ချင်းတွေ windows 8 မှာ တိုင်ပတ်နေကြရပါတယ် ဘယ်လိုသုံးရမလဲ ဖြစ်တတ်ပါတယ် အသုံးပြုပုံ အသုံးပြုနည်းနဲ့ အလုပ်လုပ်ပုံ၊ လုပ်ရမည့် အရာများကို ရေးသားထားသော မြန်မာလိုစာအုပ်ကောင်းလေးတစ်အုပ်ဖြစ်ပါတယ်။ 
လိုအပ်နေသူများ ဒီမှာ ဒေါင်းယူနိုင်ပါတယ်။

Java Scripts အကြောင်းသင်ပြထားတဲ့စာအုပ်(မြန်မာလို)

မိမိရေးလိုသော website, blog တို့မှာ မမြင်ရပဲ နောက်ကွယ်ကနေ အလုပ်လုပ်နေတဲ့ Java Script code လေးတွေအကြောင်းကို နားလည်လွယ်အောင် ရေးသားထားတဲ့ စာအုပ်ကောင်းလေးတစ်အုပ်ဖြစ်ပါတယ်။ လေ့လာချင်သူများ ဒီမှာ ဒေါင်းယူလိုက်ပါ ခင်ဗျာ။

photo shop cs4 မြန်မာလိုစာအုပ်

ဒီဇိုင်းရေးဆွဲဖို့ရန်နှင့် ဓာတ်ပုံပညာကိုလေ့လာနေသူများအတွက် စာအုပ်ကောင်းလေးတစ်အုပ် မျှဝေလိုက်ပါတယ်
လိုအပ်သူများ
ဒေါင်းယူလိုက်ပါ။

CD No. 1

တစ်ခွေလုံးဒေါင်းချင်သူများအတွက် ဒီမှာ ယူလိုက်ပါ။ ဒီမှာလည်း ဒေါင်းနိုင်ပါတယ်။
rar password က www.ehlar.com

CD No. 2
တစ်ခွေလုံးဒေါင်းယူချင်သူများအတွက် ဒီမှာ ယူလိုက်ပါ။
rar password က www.ehlar.com


LADY ANTEBELLUM

အင်္ဂလိပ်သီချင်း ခွေကောင်းလေးတစ်ခွေပါ ခံစားမှုရသနဲ့ ညိမ်ညော်တဲ့သံစဉ် feel သီချင်းလေးတွေ ကြိုက်နှစ်သက်သူများအတွက်ပါ


တစ်ခွေလုံးလိုချင်သူများအတွက် ဒီမှာ ဒေါင်းယူလိုက်ပါ။ ဒီမှာ လည်းဒေါင်းနိုင်ပါတယ်။
password ကတော့ www.ehlar.com

Thursday, March 20, 2014

လဝီ ရဲ့ နိဒါန်း IC ရဲ့မျိုးဇာတ်သစ်

နားထောင်လို့တော့အရမး်ကောင်းပါတယ်
လိုချင်ရင် တစ်ခွေလုံးဒေါင်းယူနိုင်ပါတယ်
ဒီမှာ ယူလိုက်ပါ။

EPSON STYLUS PHOTO T50 resetter tool

ဒီ printer ဟာဆိုရင် အိမ်မှာ photo ထုတ်ဖို့အလွန်းကောင်းမွန်ပြီး ဆိုင်တွေမှာသုံးတာများပါတယ် သူ့အတွက်လည်း error ဖျက်ပေးနိုင်တဲ့ tool လေးကို ဒီမှာ ဒေါင်းယူနိုင်ပါတယ်။

Epson Stylus Office T33 Ink Jet 4 cores resetter tool

ရုံးသုံး၊ လုပ်ငန်းခွင်တွေမှာအသုံးပြုများပါတယ် သူ့အတွက် သီးသန့်ထွက်ရှိထားတဲ့ service error resetter tool ကို ဒီမှာ ဒေါင်းယူနိုင်ပါတယ်။

EPSON Printer T30 resetter tool

EPSON Printer T30 အတွက် သီးသန့် ထွက်ထားတဲ့ service error ကို ဖျက်ပေးနိုင်တဲ့ tool လေးပါ လိုအပ်ရင် ဒီမှာ ယူလိုက်ပါ။

EPSON Printer T11 resetter tool

ကျွန်တော်တို့ epson printer T11 အတွက် service error ပြေပေးနိုင်တဲ့ tool လေးပါ ဒီကောင်လေးက T11 အတွက်သီးသန့် ဖြစ်ပါတယ် ဒီမှာ ယူလိုက်ပါ။

Wednesday, March 19, 2014

2014 v1.2.3 Windows and Office Activator (Portable)

KMSAuto Net 2014 v1.2.3 Windows and Office Activator (Portable) နောက်

ဘာဘူ – 2014 (2014) [Album]

၀၁။ Hip Hop ပွဲတော်.mp3
၀၂။ မင်းနဲ့ပြတ်ရင် (feat. Jar Jar).mp3
၀၃။ မင်းကိုချစ်လို့ပါ (feat. အဲလက်စ် & အနဂ္ဂ).mp3
၀၄။ မင်းသိရင်ပြီးတာပဲ.mp3
၀၅။ ဘာလုပ်ကြမှာလဲ.mp3
၀၆။ ဒါမျိုးတွေကြိုက်တယ်ဟေ့.mp3
၀၇။ ပိုက်ဆံ ပိုက်ဆံ ပိုက်ဆံ.mp3
၀၈။ ပိုင်ရှင်.mp3
၀၉။ ရူးချင်ယောင်ဆောင်.mp3
၁၀။ တွေ့မယ်သတိထား.mp3
၁၁။ ပြဿနာမရှိ (feat. Bigg Y).mp3
၁၂။ ဗိုက်လှုပ်ပြီးတော့က (feat. ဂျာဂျား).mp3
၁၃။ ဆေးပေးမီးယူ.mp3
၁၄။ ဘယ်မှာထားမှာလဲ.mp3
တစ်ခွေလုံးဒေါင်းယူချင်သူများ mp3   ဒီမှာ ဒေါင်းယူလိုက်ပါ

Tuesday, March 18, 2014

မာစတာသင်္ကြန် (2014) [DVD Karaoke]

၀၁။ Nine One, မိစန္ဒီ – နှစ်သက်ကူးတော့မယ်.mp4
၀၂။ လွှမ်းပိုင်၊ Bobby Soxer – အများနဲ့မသက်ဆိုင်တဲ့ငါ.mp4
၀၃။ အေသင်ချိုဆွေ – ရင်ခံတယ်.mp4
၀၄။ ဂျောက်ဂျက် – သင်္ကြန် Barbie ရုပ်.mp4
၀၅။ ထွန်းရတီ – ဒါမျိုးကျတတ်တယ်.mp4
၀၆။ သားကြီး – ဓါတ်လိုက်တယ်.mp4
၀၇။ အိမ့်ချစ် – တစ်ကြိမ်သာရသော.mp4
၀၈။ ဆန်းသစ်လ – ဖိန့်ဖိန့်တုန်.mp4
၀၉။ ပူစူး – တစ်ယောက်ဆိုတစ်ယောက်.mp4
၁၀။ မေသူ – သုံးရက်ထဲပါ.mp4
၁၁။ ဇော်ဝင်းထွဋ်၊ သားစိုး – ဖြူပြာနီဝါ.mp4
ဒီဗွီဒီခွေကို လိုချင်သောသူများ ဒီမှာ ဒေါင်းယူနိုင်ပါတယ် ပျော်ရွှင်ကြပါစေ

နွေကကြိုးကဗျာ (သင်္ကြန်သီချင်းသစ်များ) (2014) [Album]

၀၁။ ပြည်လမ်းက ရေနန်းသဘင် – အလင်္ကာဝတ်ရည်အဖွဲ့
၀၂။ ပျော်ရွှင်ချမ်းမြေ့ကြပါစေ – မြတ်သူစိုး
၀၃။ ရိုးရိုးနဲ့ ယဉ်ယဉ် – ရဲရင့်ဝေလွင်
၀၄။ ရှာလိုက်ရတာမော – ရဲထိုက်
၀၅။ မငိုပါနဲ့ ငုဝါရယ် – ဗညားဟန်
၀၆။ နွေမိုးပြေး – အလင်္ကာဝတ်ရည်အဖွဲ့
၀၇။ ပိတောက်ဦးကို ခူးခဲ့တယ် – မောင်သိန်းဝင်း
၀၈။ နွေဦးအလှသခင် – မစပယ်
၀၉။ ပိတောက်နဲ့အပြိုင် – မြတ်သူစိုး
၁၀။ ကန်တော်ကြီးကစောင့်နေတယ် – သန်းမြတ်စိုး၊ ရွှေယမင်းဦး
၁၁။ သင်္ကြန်ခါဦး တန်ခူးလေ – ရဲရင့်ဝေလွင်
၁၂။ ချစ်သူပိတောက် – ရဲထိုက်

တစ်ခွေလုံး ဒေါင်းယူလိုက်မယ်ဆို ဒီမှာ ယူလိုက်ပါ

ဘာဘူ တစ်နှစ်မှာတစ်ခါ 2014

ဘာဘူရဲ့ 2014 သီချင်း တစ်နှစ်မှာတစ်ခါတည်း
MTV လိုချင်သူများ ဒီမှာ ဒေါင်းယူကြပါ
MP3 လိုချင်သောသူများ ဒီမှာ ဒေါင်းယူကြပါ

ံHello Music 2014 album

ကျွန်တော်တို့လိုအဝေးရောက်မြန်မာတွေအတွက် အလွမ်းပြေစေရန်နဲ့ ရောက်သည့်နေရာ သင်္ကြန်ပွဲ ဆင်နွှဲ့ပျော်ရွှင်နိုင်စေရန် 2014 သင်္ကြန်သီချင်းများကို တင်ပေးလိုက်ပါတယ်
တိုက်ရိုက်ကြည့်ချင်သူများအတွက်ကတော့အောက်မှာကြည့်လိုက်ပါ
MTV တစ်ခွေလုံးဒေါင်းချင်ရင်တော့ ဒီမှာ ဒေါင်းယူလိုက်ပါ
MP3 တစ်ခွေလုံးဒေါင်းချင်ရင်တော့ ဒီမှာ ဒေါင်းယူလိုက်ပါ

Sunday, March 16, 2014

စတော.ရှယ်ယာ ဘာညာ သာရကာ


August 3, 2011 at 2:55pm
လေလံပွဲကြီးတစ်ခုလို စတော.လို. ခေါ်တဲ. စာရွက်တွေ ရောင်းတာ ၀ယ်တာကိုပဲ စတော.မားကက်ဆိုပဲ၊ ကျုပ်တို.ကတော. စကော.မားကက် အကြောင်းပဲ ပိုစိတ်ဝင်စားတယ်၊

သူရို.ဆီမှာတော. ကော်ပိုရေးရှင်းကြီးတွေက ငွေပင်ငွေရင်းတွေ ရဖို. စတော.ရှယ်ယာတွေ ထုတ်ရောင်းတတ်ကြတယ်၊ ၀ယ်တဲ.သူတွေကလည်း ၀ယ်တယ်၊ အဲလိုဆိုတော. ဈေးကွက်ကြီး ရှိလာတယ်ပေါ.ဗျာ၊ livestock ဆိုတာက စတယ်ပြောရမှာရယ်၊ ကျွဲတွေ နွားတွေမပါပဲ စာရွက်တွေပဲ ရောင်းလို. Live ဆိုတာကြီး ပြုတ်သွားတာနေမှာ၊ equities တို. Securities တို. ခေါ်လားခေါ်ရဲ.ဗျာ၊

အဲဒီ စတော.ဆိုတာကြီးကို ၀ယ်လိုက်ရင် ခင်ဗျားက investor တို. Shareholder တို.ဖြစ်သွားရောပဲ။ လုပ်ငန်းကို တစ်စိတ်တစ်ပိုင်း ပိုင်တယ်ပေါ.လေ၊ လုပ်ငန်းရဲ. ကောင်းမွေ ဆိုးမွေနဲလဲ ပါတ်သက်ရသူပေါ.၊ ရှယ်ယာပိုင်ရင် vote လုပ်လို.ရပါတယ်၊ ရွှေနိုင်ငံမှာ တော. စင်ပေါ်ကလူကြီးတွေက သဘောတူပါသလားမေးရင် အောက်က ရှယ်ယာရှင်တွေက သဘောတူပါတယ် လို.ဖြေရတယ်၊
ရင်းနှီးမြှုပ်နှံချင်သူတွေက စတော.တွေဝယ်ပြီး ရင်းနှီးလေ.ရှိတယ်၊ လုပ်ငန်းကောင်းရင် ရှယ်ယာဈေးတက်၊ အသုံးမကျရင်တော. ဈေးကျပေါ.၊

စတော.ဆိုတာ လုပ်ငန်းမှာ ခင်ဗျားရင်းနှီးထားပါတယ်ဆိုတဲ. စာရွက်တစ်ခုပဲ၊ ကိုယ်တိုင်သိမ်းထားတဲ.သူလဲ ရှိသလို ပွဲစားတွေလက်ထဲ အပ်ထားလို.လဲရတယ်၊

စတော.တွေမှာ common stock နဲ. Preferred stock ဆိုပြီး တွေ.နိုင်တယ်

အဲဒီ ဈေးကွက်ကြီးတစ်ခုလုံးဟာ ပိုက်ပိုက်အတွက်ပဲ (နင်ပြောမှလား တေနာရဲ.) ထုတ်ဝေတဲ. ကော်ပိုရေးရှင်းကြီးတွေအလုပ်ကောင်းလို. ရှယ်ယာဈေးတက်ရင် capital gain, ရှယ်ယာဈေးကျရင် capital loss ပဲ၊ ဘယ်သူမှ မြတ်မယ်လို. အာမ မခံနိုင်ဘူး၊

နယူးယော.သားတွေ ၁၇၉၀ လောက်ကတည်းက လမ်းကလေးတစ်ခုထဲက buttonwood ဆိုတဲ. အပင်လေးအောက်မှာ ရုံးဖွင်.ရက်တွေကို စတော.တွေ ရောင်းဝယ်ကြတာ၊ အစောင် ၁၀၀ လောက် အရောင်း အ၀ယ်ဖြစ်ရင်ပဲ တော်တော်များနေပြီ၊ အဲဒီလမ်းမှာ လူအရမ်းစည်တယ်၊ ပွဲစားနဲ. ကုန်သည် တစ်စုက အရောင်းအ၀ယ်တွေကို ထိန်းချုပ်တယ်၊ ကော်ပိုရေးရှင်းကြီးတွေရဲ. ရှယ်ယာတွေကို ပုံသေ ကော်မရှင် ယူပြီး ရောင်းပေး ၀ယ်ပေးတယ်၊ buttonwood agreement ဆိုပြီး ၁၇၉၂ မှာ စခဲ.တာ ဒီနေ.နာမည်ကျော် NYSE ရဲ. အစပဲ၊
နောက်တော. သစ်ပင်အောက်ကနေ ကော်ဖီဆိုထဲရွှေ.၊ နောက် အဆောက်အအုံနဲ.ဖြစ်လာတယ်၊ နှစ်ပေါင်း ၂၀၀ လောက်ကြာပြီးချိန်မှာတော. ဝေါ လမ်းဆိုတာ NYSE ရဲ. သင်္ကေတ တစ်ခုကို ဖြစ်လာပါတော.တယ်၊ ငွေရေး ကြေးရေး ဈေးကွက်နဲ.ပါတ်သက်ရင် ဝေါ လမ်းဟာ အလုပ်လုပ်ဖို. အဆင်အပြေဆုံးပါတဲ.၊

NYSE ဆို မ၀င်နိုင်တဲ. မကပ်နိုင်တဲ. ပွဲစားတွေ လည်းရှိခဲ.တယ်၊ သူတို.လဲ ပလက်ဖောင်းပေါ်ကနေ အမိုးအကာ အောက်ကိုရောက်၊ AMEX American Stock Exchange ဆိုပြီး နောက်တစ်ခုပေါ်လာတယ်၊

Nasdaq ကတော. National association of securities dealers automated quotation system , ၁၉၇၁ လောက်မှပဲ တည်ထောင်တာ၊ သူက ပထမဆုံး အီလက်ထရောနစ် စတော. အိပ်ချိန်းပဲ၊
ပြိုင်ဆိုင်မှုတွေများလာတော. ပိုမြန်၊ ပိုဈေးသက်သာလာတာထုံးစံပါပဲ၊ အခုတော. နိုင်ငံတိုင်းလိုလိုမှာ စတော.အိပ်ချိန်းတွေရှိနေပါပြီ၊ ဈေးကွက်ကတော. အမေရိကန်မှာ အကြီးဆုံးပါပဲ၊ Cincinnati stock exchange, philadelphia stock exchange, the boston stock exchange တွေလဲ နာမည်ကြီးတယ်၊

လာအို၊ ကမ္ဘောဒီးယားလို နိုင်ငံမျိုးတွေမှာတောင် စတော.အိပ်ချိန်းရှိနေပါပြီ

ကျုပ်တို.မြန်မာမှာလည်းရှိနေတာကြာပေါ.၊ နောက်ဆုံးမှပဲ ရေးပါမယ်၊

NYSE ကိုပြိုင်ဖို.ဆိုပြီး Nasdaq ပိုင်တဲ. NASD ရယ် AMEX ရယ် ပေါင်းတယ်၊
စတော.အိပ်ချိန်းတွေမှာ listed ဖြစ်ဖို. သိပ်တော. မလွယ်ဘူး၊ စည်းကမ်းတွေများလှတယ်၊ အဲဒီစည်းကမ်းတွေနဲ. ကိုက်ညီဖို. နှစ်နဲ.ချီပြီးကို ကြာပါတယ်၊ အိပ်ချိန်းတွေက သူတို. ဖီလော်နဲ. ပန်းတိုင်တွေနဲ. ကိုက်ညီတဲ. ကော်ပိုရေးရှင်းကြီးတွေကိုပဲ လက်ခံလေ.ရှိတယ်၊
NYSE မှာ listed လုပ်ထားတဲ. သူတွေကိုကြည်.ရင် ဆရာကြိးတွေပဲ၊ Nasdaq ဘက်မှာတော. နည်းပညာ နဲ.ပါတ်သက်တဲ. လုပ်ငန်းတွေများတယ်၊
ကော်ပိုရေးရှင်းကြီးတွေက အများပိုင်လုပ်ငန်းအဖြစ်ဖွဲ.ပြီး စတော.တွေရောင်းခွင်.ရပြီဆိုရင် ရင်းနှီးမြှုပ်နှံချင်သူတွေကို ဆွဲဆောင်ရတော.တာပဲ၊ တတ်နိုင်သူတွေက တီဗွီတို. ပုံနှိပ်မီဒီယာတို. သုံးပေါ.၊ တစ်ချို.လဲ အီးမေးတို. ၊ တစ်ဆင်.စကားတို.နဲ.ပေါ.၊ ဒီမှာသာ ကြော်ငြာရင် မင်းသား မင်းသမီးက စတော. စာရွက်လေးကိုင် ဖင်လေးလှုပ် ခေါင်းလေးလှုပ် ဟိုပြေး ဒီပြေးနဲ. တီဗွီမှာ တွေ.ရအုံးမှာ၊
ဝယ်ချင်သူတွေများလေ ၊ ဝေါလမ်းက လူတွေ ထောလေပါပဲ၊ အဲဒီမှာ လူ ၃ မျိုးလောက် တွေ.နိုင်ပါတယ်
Individual investor ရယ်၊ trader ရယ်၊ professionals တွေရယ် ပါပဲ၊

Individual investor တွေက မြန်မာဆန်ဆန်ပြောရရင် အာရုံလာတဲ. စတော.၀ယ်ပြီး ခပ်ကြာကြာလေး ကိုင်ထားတတ်ကြတယ်၊ နေ.စဉ်အတက်အကျ ဈေးတွေကို သိပ်စိတ်မ၀င် စားတတ်ဘူး၊
စတော.တွေ အများကြီးဝယ်ပြီး ကိုင်ထားတဲ.သူတွေအကြောင်းပြောရရင် warren buffett အကြောင်းပြောရမယ်၊ သူက စတော.၀ယ်တာမဟုတ် business ၀ယ်တာတဲ.၊ တတ်နိုင်တဲ. ဈေးနဲ.၀ယ်ပြီး . အကြာကြီးကိုင်ထားတယ်၊ ဘယ်တော.ပြန်ရောင်းမလဲမေးရင် never တဲ.၊ သူက ရှေးရိုးဆန်တဲ. ကော်ပိုရေးရှင်းကြီးတွေ၊ ဘဏ်တွေ၊ အာမခံ လုပ်ငန်းတွေရဲ. ရှယ်ယာတွေ ၀ယ်လေ.ရှိတယ်၊ နည်းပညာနဲ. ပါတ်သက်တဲ. လုပ်ငန်းတွေရဲ. စတော.ကို ၀ယ်ခဲတယ်၊ အဲဒီနည်းနဲ.ပဲ ဘီလျံနာကြီးပေါ.ဗျာ၊
CAT, LMT, MMM တို.ရဲ. ရှယ်ယာတွေဝယ်ခဲ.သူတွေ အမြတ်ကောင်းကောင်းရကြတယ်၊ ၁၉၉၀ နေ.တွေဟာ စကော.ဈေးကွက်မှာ မြှုပ်နှံသူတွေအတွက် ဘယ်တုန်းကနဲ.မှ မတူအောင် ကောင်းခဲ.တယ်၊ ရှယ်ယာတွေဟာ ၂၅%၊ ၅၀%၊ ၁၀၀% တွေထိအောင်မြတ်ခဲ.တယ်လို.ဆိုပါတယ်

Short term trader တွေလဲရှိတယ်၊ သူတို.က ကော်ပိုရေးရှင်းကြီးတွေရဲ.ရေရှည်ကိစ္စတွေကိ စိတ်မ၀င်စားဘူး၊ အချိန်တိုတစ်ခုအတွင်း အမြတ်ရဖို.ပဲသိတယ်၊ ၀ယ်ပြီး ၅ မိနစ်လောက်နဲ. ရောင်းချင်ပြန် ရောင်မယ်၊ နာရီပိုင်း၊ရက်ပိုင်း နဲ.ပြန်ရောင်းတယ်၊အဓိက က ရှယ်ယာဈေးတက်ဖို.ပဲ၊ အဲလိုလူတွေထဲမှာ မှ day trader ဆိုတာရှိသေးတယ်၊ ၁၀ လောက်နဲ.၀ယ်ပြီး ၁၀.၅ လောက်ရရင် ပြန်ရောင်းမယ်လို. ဆုံးဖြတ်ထားပြီး ရောင်းတတ်တယ်၊ လောဘသတ်နိုင်တယ် ပြောရမလား၊ ပါးနပ်တဲ.လောင်းကစား စိတ်လို.ပြောရမလားမသိ၊ ဈေးနဲနဲ ကျတာနဲ.လဲ အရှုံးသက်သာအောင် အကုန်ပြန်ရောင်းတတ်တယ်၊ အဲဒီလိုလူမျိုးတွေက စတော.တွေကို မနက်ပိုင်းမှာ ၀ယ်ကြတာများတယ်၊ ညနေပိုင်းဆိုရင် ငွေပြန်ဖေါ်တာ၊ အမြဲတမ်းမြတ်နေဖို.တော.မလွယ်ပါ၊ လူနဲနဲလောက်ပဲ အဲဒီနည်းနဲ. အလုပ်ဖြစ်တာတဲ.၊
ဟောင်ကောင်ကမိတ်ဆွေကတော. သူတိုဆီမှာ အိမ်ရှင်မတွေ နေ.ခင်းဘက် အလုပ်အားပြီဆိုရင် စတော.အိပ်ချိန်းသွားတယ်ဆိုပါတယ်၊ နဲနဲလောက်မြတ်ရင်ပဲ အဟုတ်ကြီးထင်ပြီး ပျော်ကြတာတဲ. ၊ ရေရှည်မှာတော. လက်ကြီးသမားကပဲ စားသွားတာပဲလို. ပြောပါတယ်၊
Professional trader တွေကတော. ဝေါလမ်းက အိပ်ချိန်းတွေနဲ. ပွဲစားလုပ်ငန်းတွေက လူတွေပါပဲ၊ ပင်စင်ရံပုံငွေ၊ ဘဏ်နဲ. Mutual fund တွေမှာ လုပ်တဲ.သူတွေလဲပါတယ်၊ ငွေပင်ငွေရင်းကြီးကြတော. စတော. တစ်ခုတည်းတင်မဟုတ်ပဲ ဈေးကွက်တစ်ခုလုံးမှာကို ကစားကြတာ၊ တစ်ချို.က ကွန်ပြူတာပရိုဂရမ်တွေရေးပြီး အော်တိငုတ်တုတ် အရောင်းအ၀ယ်လုပ်တယ်ဆိုပါတယ်၊ ခေါင်းစား သက်သာတာပေါ.၊ အိပ်ချိန်တွေက အဲဒီလို institutional investor တစ်နေ. ဘယ်လောက်ပဲ ရောင်းနိုင် ၀ယ်နိုင်တယ်လို. ကန်.သတ်ထားတတ်ပါတယ်၊

ဝေါလမ်းမှာ ဆရာကြီးဖြစ်ချင်ရင် အိပ်ချိန်းတွေမှာ အဖွဲ.၀င်အဖြစ်လက်ခံဖို. လျောက်ရပါတယ်၊ NYSE လိုနေရာမျိုးမှာ seat တစ်ခုရဖို. ဒေါ်လှ သန်းပေါင်းများစွာ ပေးရပါမယ်၊ အခွင်.အရေးက အဲဒီ အိပ်ချိန်း မှာ စတော.တွေကို တိုက်ရိုက်လွတ်လွတ် လပ်လပ်ကြီးကစားပေတော.ပဲ၊ seat ငှားစားလို.လဲရတယ်၊ အိမ်ကနေ ၀ယ်ရောင်းလုပ်နိုင်တဲ. အစီအစဉ်တွေလဲရှိတယ်၊

သတင်းစာ၊တီဗွီ၊ အင်တာနက်တွေကနေ ဈေးကွက်အခြေအနေကို စောင်.ကြည်.နိုင်တယ်၊ ပံမှန်ကတော. DJIA လို.ခေါ်တဲ. Don Jones Industrial Average ကို စောင်.ကြည်ကြတာများတယ်

၁၈၈၄ လောက်တုန်းက ရထားလုပ်ငန်းနဲ.ပါတ်သက်တဲ. စတော. ၁၂ မျိုးရဲ. ပျမ်းမျှအပိတ်ဈေးတွေကို Charles Dow ဆိုတဲ.သတင်းထောက်က နေ.စဉ်ရေးလေ.ရှိတယ်၊ Don Jones Transportation Average လို.ခေါ်တယ်၊ သူ.ရည်မှန်းချက်က စတော.ဈေးကွက်တွေရဲ. နေ.စဉ်အလုပ်ဖြစ်မှုကို တိုင်းတာနိုင်မယ်. နည်းလမ်းရှိဖို.ပဲ၊ Flimsie ဆို.ခေါ်တဲ. ၄ မျက်နှာသာပါတဲ. သတင်းစာမှာ သူ.ရဲ. comments တွေကို နေ.စဉ်ရေခဲ.တာ … နောက်တော. Wall street journal ဆိုပြီး ဖြစ်လာတယ်၊
နောက်နှစ်အနည်းငယ်ကြာတော. DJIA ပေါ်လာတယ်၊ စက်မှုနဲ.ဆိုင်တဲ. စတော. ၁၂ မျိုးရဲ. အညွှန်းကိန်းတွေ  ပါတယ်၊  အဲဒီ ကိန်းဂဏန်းတွေကြည်.ပြီး ဈေးကွက်ထဲမှာ ဘာဖြစ်နေတယ်ဆိုတာ သိနိုင်တယ်၊ ကောက်ချက်ဆွဲနိုင်တယ်၊ အလားအလာတွေ သိနိုင်တယ်၊
Dow မှာ ဖေါ်ပြတဲ. စတော. ၁၂ မျိုးဟာ ၁၉ ရာစုနှောင်းပိုင်းမှာတော. အကြီးဆုံးနဲ. လူကြိုက်များဆုံး လုပ်ငန်းကြီးတွေပဲဖြစ်တယ်၊ G.E, U.S leather, American tobacco, စတာတွေပေါ.၊ တစ်ချို.လဲ အခုရှိသေးတယ်၊ တစ်ချို.လဲ ရှိတော.ဘူး၊ တစ်ချို.လဲ ပေါင်းသွားကြတယ်

၁၉၂၈ ကစပြီး DJIA မှာ စတော. ၃၀ ပါလာပါတယ်၊ Dow 30 လို.ခေါ်ကြတယ်၊ ဈေးကွက်ရဲ. အရေးပါဆုံး စတော.တွေပဲ၊ ပထမတော. Equal weighted index သုံးခဲ.ပေမယ်. နောက်ပိုင်းတော. Different weighting တွေပြောင်းလာတယ်၊ higher weighting လုပ်ထားတဲ. စတော.တွေ ဈေးကွက်မှာ အလုပ်မဖြစ်တဲ.အခါမျိုးမှာ သူ.ရဲ. အညွှန်းကိန်းကို အများကြီးကျသွားစေတယ်၊ affect များတယ်ပေါ.ဗျာ၊ အညွှန်းကိန်းကျတိုင်းလဲ ကိုယ်.ရဲ. စတော.ဈေး ကျချင်မှ ကျမယ်၊ ၃၀ တောင်ရှိတာကိုး

Dow (wall street journal) ကတော. စတော.ဈေးနှုန်းတွေကိုလေ.လာနိုင်ဖို. နံပါတ် ၁ ပါပဲ၊ အခြား ရာချီတဲ. အညွှန်းကိန်းတွေ ရှိပါသေးတယ်၊ အများကြီးကို ကြည်.တဲ.လူလဲရှိတာပေါ.၊ အဓိကလူကြိုက်များတာကတော. Dow ပြီးရင် Nasdaq composite index စတော.ပေါင်း ၅၀၀၀ ကျော်ပါတယ်၊ တီဗီမှာပဲဖြစ်ဖြစ် အင်တာနက်မှာပဲဖြစ်ဖြစ် Dow ရဲ.အောက်မှာ Nasdaq ကိုတွေ.နိုင်တယ်၊ နောက်ပြီး S&P 500 (Standard & Poor’s corporation), Russell 2000 နဲ. Wilshire 5000 တွေလဲလူသိများတယ်
ဝေါလမ်းက ဆရာကြီးတွေရဲ.ရည်မှန်းချက်က နှစ်စဉ် အညွှန်းကိန်းတွေထက် ပိုအလုပ်ဖြစ်ဖို.ပဲ၊ ဥပမာ . Dow က ဒီနှစ် ၁၅% တက်တယ်ဆိုရင် ကိုယ်က ၁၅% ထက်ပိုပြီး တွက်ချေကိုက်ခဲ.ရင် ဆရာ.ဆရာကြီးပေါ.၊ ဒီလိုဖြစ်ဖို. တော်တော်ခက်ပါတယ်တဲ.၊ ပရိုတွေရဲ. သုံးပုံတစ်ပုံလောက်တော. လုပ်နိုင်ကြဆိုပဲ၊
စတော.ဈေးကွက်မှာ အရှုံးအမြတ်ကို တိုင်းတာဖို. Wall street က ဒေါ်လာကို ကိုယ်စားပြုတဲ. ပွိုင်. စနစ် တစ်ခုကို ကျင်.သုံးပါတယ်၊ ၅ ဒေါ်လာကနေ ၁၀ တက်သွားပြီဆိုရင် ၅ ပွိုင်.မြတ်တယ်ပြောပါတယ်၊ Dow မှာ ၁၀၀၀၀ ကနေ ၁၀၁၀၀ တက်သွားရင် ပွိုင်. ၁၀၀ မြတ်တယ်ပေါ.ဗျာ၊ ဒေါ်လာ ဘယ်လောက် မြတ်တယ် ရှုံးတယ် လို.ပြောတာကို မယဉ်ကျေးဘူးလို. ယူဆတယ်၊ အဲဒါကြောင်. ပွိုင်. နဲ.ပဲပြောကြတယ်၊
တွက်ရတာလည်း ရိုးရှင်းပါတယ်၊ ၁၅ တန်ရှယ်ယာ ၁၀၀၀ ၀ယ်ရင် ၁၅၀၀၀ နဲ. ကော်မရှင်ပေါ.၊ ၁၆ ဖြစ်သွားရင် ၁ ပွိုင်.မြတ်တယ်၊ ၁၇ ဆို ၂ ပွိုင်.မြတ်တယ်ပေါ.ဗျာ၊

ကိုယ်က ရောင်ချင်တာ၊ ၀ယ်သူရှိပါ.မလား၊ ကိုယ်က ၀ယ်ချင်ရင်ရော ရောင်းသူရှိပါ.မလား စိတ်ပူစရာမလိုပါ၊အိပ်ချိန်းတွေက ရောင်းသူ၊ ၀ယ်သူ ကို အမြဲ ရှိအောင်လုပ်ပေးထားပါတယ်၊ ခင်ဗျားကြိုက်ဈေးရချင်မှ ရမယ်၊ ဒါပေမယ်. တစ်ဖက်မှာ ၀ယ်သူရှိတယ်၊ ကိုယ်ဝယ်ချင်ရင်လဲ ဒီလိုပဲ တစ်ဖက်မှာ ရောင်းသူ အဆင်သင်.ရှိပါတယ်၊ ဒါမျိုးကို NYSE မှာ specialist ဆိုသူတွေက ကြားဝင် ဆောင်ရွက်ပေးတယ် ၊ သူတို.က ဈေးကွက် ဖြစ်အောင်ကို ဖန်တီးပေးထားတယ်၊ ခင်ဗျားရောင်းချင်လို. ၀ယ်မယ်.သူမရှိရင် သူတို.ငွေနဲ. စိုက်ဝယ်ပေးတယ်၊ specialist တွေက စတော.တွေအကြောင်း နောကြေတယ်၊ ဖြစ်နိုင်သမျှ အနိမ်.ဆုံးဈေးနဲ. ၀ယ်မယ်၊ အဖြစ်နိုင်ဆုံး အမြင်.ဈေးနဲ.ပြန်ရောင်းမယ်၊ ရောင်းသမျှ ၀ယ်သမျှထဲက ကော်လည်းရသေးတယ်၊ ဒါကို မမျှတဘူးလို. တစ်ချို.ကဆိုပေမယ်. သူတို. ငွေစိုက်ပြီးယူရတဲ. Risk အတွက် ပြန်ရတဲ. Compensation သဘောပါတဲ.၊

ရာဂဏန်း ထောင်ဂဏန်းလောက်သာ ကစားတဲ.သူတွေက ပြားဂဏန်းလောက်ပဲ ကြားလူကို ပေးရပေမယ်. သန်းချီပြီးကစားတဲ.သူတွေက တော. ကော်မရှင်လည်းများသွားတာပေါ.၊ ဈေးတက်တက် ကျကျ specialist တွေ ရကြပါတယ်၊

Nasdaq ကတော. Market maker တွေထားပြီး ရောင်းသူ ၀ယ်သူကို match လုပ်ပေးပါတယ်၊ NYSE လို စတော. တစ်ခုကို specialist တစ်ယောက်ထားတာမျိုးမဟုတ်ပဲ စတော.တစ်ခုတည်းကိုပဲ Market maker တွေ အများကြီးထားပေးတယ်၊ စတော. လူကြိုက်များလေ market maker များလေပဲ၊ Microsoft လို စတော.မျိုးဆိုရင် market maker 30 လောက်ရှိပါတယ်၊

စတော.ကို ၀ယ်ယူသင်.တဲ. အကြောင်းတွေအများကြီးရှိပါတယ်၊ လေ.လာသူတွေက လွန်ခဲ.တဲ. ၇၅ နှစ်အတွင်း ရင်းနှီးမြှုပ်နှံမှုနယ်ပယ်ကို လေ.လာရင် စတော.တွေမှာ အများဆုံးပါတဲ.၊ ရေရှည်မြှုပ်နှံလို. အကောင်းဆုံးပါတဲ.၊ တစ်နှစ် ပြန်ရချက် ၁၁% လောက်ရှိတယ်ဆိုပါတယ်၊ ဒါဟာ ငွေကြေးဖောင်းပွနှုန်းထက်လဲ ပိုတယ်၊ ဘွန်းဝယ်တာထက်လဲ ကိုက်တယ်၊ ဘဏ်မှာ ငွေစုတာထက်လဲ ကိုက်တယ် (သူတို.ဆီမှာပေါ.ဗျာ) ဆိုပါတယ်၊

Risk ဆိုတာ ဘာမှန်းကို မသိကြပဲ အဲဒီဈေးကွက်ကို ရောက်လာသူတွေများပါတယ်၊ ၀ယ်ပြီဆိုကတည်းက ဆုံးနိုင်ချေလည်းရှိနေပါတယ်၊ risk အနည်းဆုံးဖြစ်အောင်ဘယ်လို လုပ်မလဲပဲစဉ်းစားရတယ်၊ risk လုံးဝမရှိအောင်တော. ဘယ်သူမှ မတတ်နိုင်ပါဘူး၊ စစ်ပွဲ၊ အကြမ်းဖက်မှု၊ စီးပွားရေးကျဆင်းမှုတွေ ဟာ ဈေးကွက် တစ်ခုလုံးကို ဂန်.သွားစေနိုင်ပါတယ်၊ တခြားစတော.တွေ တက်ပြီး ကိုယ်.စတော.မှ ဈေးကျတာမျိုးလည်းရှိနိုင်ပါတယ်၊ စတော.မ၀ယ်ဘူးကွာ ဘဏ်မှာ ငွေစုတာ သေခြာတယ်ဆိုရင်တောင်မှာ ရတဲ. အတိုးက ငွေဖေါင်းပွနှုန်းထက်နည်းနေရင် ရှုံးတယ်လို. ပြောရပါမယ်

ဒါက Dow 30 ပါ
Alcoa (AA)
American Express Co. (AXP)
AT&T Corp. (T)
Boeing Co. (BA)
Caterpillar, Inc. (CAT)
Citigroup, Inc. (C)
Coca-Cola Co. (KO)
DuPont Co. (DD)
Eastman Kodak Co. (EK)
ExxonMobil Corp. (XOM)
General Electric Co. (GE)
General Motors Corp. (GM)
Hewlett-Packard Co. (HPQ)
Home Depot (HD)
Honeywell International Inc. (HON)
Intel Corp. (INTC)
International Business Machines Corp. (IBM)
International Paper Co. (IP)
J.P. Morgan Chase (JPM)
Johnson & Johnson (JNJ)
McDonald’s Corp. (MCD)
Merck & Co. (MRK)
Microsoft (MSFT)
Minnesota Mining and Manufacturing Co. (MMM)
Philip Morris and Co. (MO)
Procter & Gamble Co. (PG)
SBC Communications (SBC)
United Technologies Corp. (UTX)
Wal-Mart Stores, Inc. (WMT)
Walt Disney Co. (DIS)

ကျုပ်တို.ရဲ. ရွှေနိုင်ငံကြီးမှာလည်း အိပ်ချိန်းရှိပါ.ဗျာ
Myanmar Security Exchange Center (MSEC) လို.ခေါ်ပါတယ် ၊ သူတို.ရဲ. vision က To initiate the Securities Market in Myanmar to support Marketisation, Privatisation and Internationalisation of Myanmar Economy ပါ
ခွင်.ပြုရင်းနှီးငွေ ကျပ် ၁၀၀၀၀၀၀၀၀ (ဒေါ်လှ ၁၇ သန်းခန်.တဲ.) ကိုယ်.ဟာကိုယ်သာ တွက်ကြည်.
ထည်.၀င်ပြီး ရင်းနှီးငွေ ၂၀၀၀၀၀၀၀ (ဒေါ်လှ ၃.၄ သန်းခန်.တဲ.) ရှိပါတယ်
MSEC ကို ၁၉၉၆ ဇွန်လ ကတည်းက တည်ထောင်ခဲ.တာပါ၊ မြန်.မာ.စီးပွားရေးဘက်က ၅၀% နဲ. Daiwa Institute of Research Ltd. က ၅၀% ထည်.၀င်ရင်းနှီးထားပါတယ်
မြန်မာ.စီးပွားရေးဘဏ်ဆိုတာ တစ်နိုင်ငံလုံးအနှံ. ဘဏ်ခွဲပေါင်း ၃၀၀ ကျော်ရှိပြီး ၀န်ထမ်းပေါင်း သောင်းကျော်နဲ. လည်ပါတ်နေတဲ. အစိုးရဘဏ်ပါ၊
Daiwa ဆိုတာက သုတေသန၊ အကြံပေး၊ နဲ. System solution ဆိုတဲ.နယ်ပယ်တွေမှာ လူသိများပါတယ်၊ ဂျပန် ဘဏ္ဍာရေးလောကရဲ. Opinion leader ပါတဲ.၊ capital market တွေ ပြည်တွင်းနဲ. ပြည်ပ စီးပွားရေးအခြေအနေတွေကို စီစစ်လေ.လာ သုတေသနပြုတာတွေ ကျယ်ကျယ်ပြန်.ပြန်.လုပ်ပါတယ်
MSEC က အခုတော. Company တွေ အများပိုင် ပြောင်းချင်ရင် အကူအညီပေးတယ်၊ securities တွေမှာ ရင်းနှီးမြှုပ်နှံချင်ရင် ကူညီတယ်၊ securities တွေ ရောင်းဝယ်ချင်ရင် ကြားက ဆောင်ရွက်ပေး တယ်၊ ရင်းနှီးမြှုပ်နှံဖို. သတင်းအချက်အလက်တွေပေးတယ်၊ နိုင်ငံခြားဘဏ္ဍာရံပိုငွေတွေ ပြည်တွင်း ၀င်လာဖို. အကြံဥဏ်တွေပေးတယ်၊ စီးပွားရေးအခြေအနေတွေကို သုတေသနပြုတယ်၊ ရင်းနှီးမြှုပ်နှံမှု သတင်းတွေကို ထုတ်ပြန်ပေးတယ်၊ securities တွေကို ပွဲစားလုပ်ပေးတယ်၊ တာဝန်ယူရောင်းပေးတယ်၊ စသည်ဖြင်.ပေါ.ဗျာ၊ နောက်ပြီး Myanmar treasury bond တွေကို အေးဂျင်.လုပ်ပြီးရောင်းပေးတယ်
သက်တမ်းကကြာပေမယ်. ကြာသလောက်တိုးတက်လာတာမတွေ.ရပါဘူး၊ မြန်မာနိုင်ငံမှာ လက်ချိုးရေလို.ရတဲ. အများပိုင် လုပ်ငန်းတွေရှိတယ်၊ ရှယ်ယာတွေကို ကိုယ်.ဟာကိုပဲ ရောင်းကြတယ်၊ MSEC မှာ လာပြီး listed လုပ်ထားတာ မြန်မာနိုင်ငံသားများဘဏ်နဲ. သစ်တောဖက်စပ်တို.ပဲရှိမယ်ထင်တယ်၊
ဒီနှစ်ထဲမှာ မှ ဖွင်.တဲ. လာအိုနဲ. ကမ္ဘေဒီးယား အိပ်ချိန်းတွေလောက်တောင် အလုပ်ဖြစ်မယ် မထင်ပါ၊
သစ်တောဖက်စပ်တို. မွေးရေဘဏ်တို. စက်မှုလက်မှုဘဏ်တို.က တစ်နှစ်ကို ၂၀% ကျော် dividend ခွဲဝေပေးလို. မဆိုးဘူးပြောလို.ရပါတယ်၊ ဒါပေမယ်. ရှယ်ယာဈေးတက်မယ် မထင်ပါ၊ အားနည်းချက်က Liquidity လို.ခေါ်တဲ. ငွေဖြစ်လွယ်မှုပါပဲ၊ မြန်မြန် ပြန်ရောင်းလို.မရဘူးပေါ.ဗျာ
Thet Lwin Shwe  ထံမှကူးယူဖော်ပြပေးပါသည်။

Mobile Banking ကို သုံးစွဲလာစေရေး အဆင့်သုံးဆင့်ဖြင့် ဆောင်ရွက်မည်

 မြန်မာနိုင်ငံ၏ ပထမဆုံးမိုဘိုင်းလ်ငွေကြေးစနစ်ဖြစ်သော Myanmar Mobile Money ၏ ၀န်ဆောင်မှု များနှင့်ပတ်သက်၍ The Trade Times ဂျာနယ်မှ ဇင်မာဝင်းစံက Myanmar Mobile Money အထွေထွေမန် နေဂျာ(စီမံကိန်း) ဦးအောင်အောင်ချိုနှင့် တွေ့ဆုံမေးမြန်းခဲ့မှုများကို ရေးသားဖော်ပြလိုက်ပါသည်။
Myanmar Mobile Money က တစ်ဆင့် ဘယ်လိုဝန်ဆောင်မှုမျိုးတွေ ရရှိနိုင်မလဲဆိုတာ အရင်ဆုံးပြောပြပေးပါ ဆရာ။
လူတစ်ဦးနဲ့တစ်ဦးကြား ငွေလွှဲပြောင်းပေးချေမှုတွေကို မိုဘိုင်းလ်ဖုန်းအသုံးပြုပြီး ဆောင်ရွက်နိုင်မှာပါ။ အဓိက ဝန်ဆောင်မှု ခြောက်မျိုးရှိတယ်။ လက်ရှိမှာ ငွေသွင်း၊ ငွေထုတ်ခြင်း၊ ငွေလွှဲခြင်း၊ လစာပေးခြင်း၊ အသေး စား ချေးငွေလုပ်ငန်းနဲ့မိုဘိုင်းလ်ဖုန်း ငွေဖြည့်သွင်းခြင်းတို့ကို အသုံးပြုလို့ရနေပြီ။ နောက်ပိုင်း စျေးဝယ်စင်တာ တွေမှာ POS Terminal တွေ ထားပြီး စျေးဝယ်နိုင်တဲ့ဝန်ဆောင်မှုလည်း လုပ်သွားမှာဖြစ်ပါတယ်။
ဝန်ဆောင်မှုတွေကို အသုံးပြုချင်ရင် ဘယ်လိုလုပ်ရမလဲ။
ပြည်တွင်းမှာ အသုံးပြုနေတဲ့မိုဘိုင်းလ်ဖုန်း အမျိုးအစားတွေအားလုံးမှာ အသုံးပြုလို့ ရပါတယ်။ အသုံး ပြုဖို့ SMS၊ USSD နဲ့ Mobile Apps ဆိုပြီး နည်းလမ်းသုံးခုရှိပါတယ်။ SMS က ဘယ်ဖုန်း၊ ဘယ်ဟန်းဆက်မှာ မဆိုသုံးလို့ရတယ်။ USSD က ဂျီအက်စ်အမ်ပေါ်မှာပဲသုံးလို့ရတယ်။  Mobile Apps  ကအင်တာနက် ချိတ်ဆက် ထားဖို့ လိုပါတယ်။ Register မှာပဲ Non KYC နဲ့ KYC ဆိုပြီး customer နှစ်မျိုးရှိပါတယ်။ အခုပြောသွားတဲ့နည်း လမ်းတွေက Non KYC ပဲ ဖြစ်မှာပါ။ Agent ဆီသွားဖို့ မလိုဘဲ မိုဘိုင်းလ်ဖုန်းနဲ့ Register လုပ်ဖို့ပဲ လိုပါတယ်။ KYC customer ဖြစ်ဖို့ Agent ဆီမှာ Customer application form သမာဖြည့်ဖို့လိုတယ်။
အခုပြောသွားတဲ့ Non KYC နဲ့ KYC customer နှစ်မျိုးက ဘာတွေကွဲပြားမှုရှိလို့လဲ။
Non KYC customer အချင်းချင်း၊ ဒါမှမဟုတ် Non KYC နဲ့ KYC ၊ ဒါမှမဟုတ် Non KYC ကနေ register မလုပ်ထားသူ၊ ဒီလူတွေ ငွေလွှဲရင် တစ်ရက်ကို ၅ဝ,ဝဝဝ ပဲ အများဆုံး လွှဲလို့ရတယ်။ KYC customer အချင်းချင်းဆိုရင် တစ်နေ့ကို သုံးကြိမ်၊ တစ်ကြိမ်မှာ ငါးသိန်း၊ ငွေပမာဏကဆယ်သိန်းအထိ လွှဲလို့ရတယ်။
ဝန်ဆောင်ခကိုရော ဘယ်လိုသတ်မှတ် ကောက်ခံသွားမှာပါလဲ။
ငွေပမာဏအလိုက် ဝန်ဆောင်ခခွဲခြားထားပါတယ်။ မှတ်ပုံတင်ကြေးကျပ် ၅ဝဝ နဲ့ လစဉ်ကြေး ကျပ် ၂,ဝဝဝ သတ်မှတ်ထားပေမယ့် ခြောက်လအခမဲ့ ပေးသွားမှာပါ။ ခြောက်လနောက်ပိုင်းမှာ လုပ်ငန်းအနေအထား အရ အဆင်ပြေတယ်။ မြန်မာ့ဆက်သွယ်ရေးကလည်း လက်ခံတယ်ဆိုရင် မကောက်ခံတော့ဘူး။ ကောက်ခံ ရမယ်ဆိုရင်လည်း လက်ရှိနှုန်းထားထက် လျော့သွားဖို့ ရှိပါတယ်။
တစ်နိုင်ငံလုံး အတိုင်းအတာနဲ့အသုံးပြုနိုင်မှာလား။
ပြည်နယ် သုံးခုလောက်မှာ မရသေးဘူး။ မရဘူးဆိုတာက လုံးဝမရတာ မဟုတ်ဘူး။ ၆ဝ ရာခိုင်နှုန်း လောက် cover ဖြစ်ထားတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁ဝ ခုလောက်မှာ Agent Network  ရာနှုန်းပြည့် ဖြန့်ကြက်ထားနိုင်ပြီ။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မြို့ကြီးတွေမှာအကုန်ရတယ်။
တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁ဝ ခုလောက်မှာ ရာနှုန်းပြည့် ရရှိနေပြီဆိုတော့ Agent Network ကို ဘယ်လောက် တည်ဆောက်ထားပြီးပြီလဲ။
ကျွန်တော်တို့ ဝန်ဆောင်မှု စတင်ဖို့လုပ်နေတာ နှစ်နှစ်လောက်ရှိပြီ။ လွန်ခဲ့တဲ့ ခြောက်လလောက်က စပြီး Agent Network တည်ဆောက်နိုင်ဖို့တစ်နိုင်ငံလုံးမှာ မြို့နယ်အလိုက်လူဦးရေနဲ့ ဖုန်းသိပ်သည်းဆတွေ တွက်ချက်ဒီဇိုင်းဆွဲပြီး Agent တွေခေါ်ယူခဲ့တာပါ။ လက်ရှိမှာ ၅,ဝဝဝ ဝန်းကျင်လောက် ရှိတယ်။ ၂,ဝဝဝ နီးပါး က အဆင်သင့်ဖြစ်နေပြီ။ ဒီနှစ်ဧပြီလလောက်မှာ Agent အင်အား ၁ဝ,ဝဝဝ၊ ၁၅,ဝဝဝ လောက်အထိရှိဖို့ မျှော်မှန်းထားတယ်။ Agent Network ဆိုတာ သုံးသူပေါ် မူတည်ပြီးတည်ဆောက်ရတာပါ။ ဒီနှစ်ကုန် လောက်မှာ သုံးသူ တစ်သန်းကနေတစ်သန်းခွဲလောက်အထိ မှန်းထားတယ်။ တစ်သန်းဆိုရင် Agent က ၃၅,ဝဝဝ လောက် ရှိမှ လုံလောက်တယ်လို့ ပြောလို့ရတယ်။ ဒါကြောင့်မို့ဒီနှစ်ကုန်မှာ အနည်းဆုံး Agent ၃၅,ဝဝဝ ကနေ အများဆုံး ၅ဝ,ဝဝဝ လောက်အထိ မျှော်မှန်းထားတယ်။
Agent အဖြစ် လျှောက်ထားချင်ရင် ဘယ်လိုဆောင်ရွက်ရမလဲဆိုတာလည်း သိချင်ပါတယ်။
Super Agent, Agent နဲ့ Merchant ဆိုပြီး Agent သုံးမျိုး ရှိတယ်။ Super Agent က ငွေသား deposit ကို သိန်း ၂၅ဝ နဲ့ သိန်း ၁,ဝဝဝ အတွင်း တင်ပေးရတယ်။ Agent ကသိန်း ၅ဝ နဲ့ ၂၅ဝ ကြား၊ Merchant က သိန်း ၂ဝ နဲ့ ၅ဝ ကြား တင်ပေးဖို့လိုတယ်။ Agent အဖြစ် လျှောက်ထားချင်တယ်ဆိုရင် ဒီသုံးမျိုးထဲကကြိုက်တဲ့ပုံစံ၊ ဆိုင်ဖွင့်မယ့်နေရာအတိအကျ ရွေးရမယ်။ ပြီးရင် သတ်မှတ်ထားတဲ့ပုံစံမှာအတိအကျ ဖြည့်စွက်ပြီး တင်ပြပါ။ စာရွက်စာတမ်း၊ အချက်အလက်ပေါ်မူတည်ပြီးအဆင်ပြေရင်ငွေသွင်းခိုင်းပြီးကိုယ့်ဆိုင်မှာ လုပ်မယ့် ဝန်ထမ်းငါးယောက်လောက်ကိုသင်တန်းပေးမယ်။ ဒါဆိုလုပ်လို့ရပြီ။ဒီလူတွေကကျွန်တော်တို့ကိုယ်စား ဝန်ဆောင်မှုပေးမယ်။ အဓိကလုပ်ရမှာတော့ Cash In, Cash Out လုပ်ငန်းတွေပါ။ နောက်တစ်ဆင့်အနေနဲ့ Bill Payment ပါလာရင် ဒီဝန်ဆောင်မှုပါ လုပ်ခွင့်ရမယ်။ အကျိုးအမြတ်ကို ဝန်ဆောင်မှုအလိုက် ခွဲဝေပေးတယ်။
အခုတော့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရဲ့ နက်ဝပ်ခ်တစ်ခုပဲ ရှိတော့ဒီပေါ်မှာပဲ သုံးတာပေါ့။ နောက်ပိုင်းနိုင်ငံ ခြားအော်ပရေတာတွေ ရှိလာတဲ့အခါ သူတို့ရဲ့နက်ဝပ်ခ်တွေကို သုံးသွားဖို့ရှိလား။
ဒါကတော့ Guideline ပေါ်မှာမူတည်တယ်။ ကိုယ့် platform နဲ့ ကိုယ်လုပ်ဖို့ များပါတယ်။ အဓိက အတူပူး ပေါင်းပြီး လုပ်မလားပေါ့။ ဒီတိုင်းပြည်ထဲမှာပဲ သုံးနေတာမို့ cross platform က သွားလို့ရနေမှာပဲ။
အခုဆိုရင် hacking တွေကအရမ်းများလာတယ်လေ။ ဒီတော့အကောင့် လုံခြုံရေးအတွက်ဘယ်လိုများ ဆောင်ရွက်ထားလဲ။
ဒီစနစ်က တစ်ကိုယ်ရေသုံးအတွက် တော်တော်ကြီးကို လုံခြံုတဲ့အနေအထားတစ်ခုမှာ ရှိပါတယ်။ လုံခြံုမှုကို နိုင်ငံတော်တော်များများက ဟက်ကာတွေ ခေါ်ယူစမ်းသပ်ပြီးသေချာပြီဆိုမှ အများပြည်သူကို ကြေညာတာပါ။ လိုအပ်တဲ့ လုံခြံုမှုစနစ်တွေကို အားလုံး အတိအကျလိုက်နာထားပါတယ်။ ကျွန်တော်တို့ရဲ့စနစ် က ရာနှုန်းပြည့် လုံခြံုစိတ်ချရမှု မရှိဘူးဆိုရင် ဗဟိုဘဏ်မှာလည်း ပညာရှင်တွေ ရှိတာပဲ ခွင့်ပြုမှာ မဟုတ်ပါဘူး။
ပြည်တွင်းက အခြားဘဏ်အပါအဝင် ငွေကြေးအဖွဲ့အစည်းတွေနဲ့ချိတ်ဆက် လုပ်ဆောင်သွားဖို့ရောရှိလား။
အခုအချိန်မှာ ဘဏ်အတော်များများနဲ့ ပဏာမ ညှိနှိုင်းဆွေးနွေးဆောင်ရွက်နေတာတွေ ရှိပါတယ်။ ငွေကြေးဝန်ဆောင်မှု ဖြစ်တဲ့အတွက်အသေးစိတ် ညှိနှိုင်းဆွေးနွေးရတာဖြစ်လို့ အချိန်ယူရပါတယ်။ သိပ်မကြာ ခင်မှာ လက်တွဲလုပ်မယ့်ဘဏ်တွေကို ကြေညာပေးသွားမှာပါ။
ကိစ္စတိုင်းမှာ အားနည်းချက်၊ အားသာချက် ရှိတယ်လေ။ ဒီဝန်ဆောင်မှုရဲ့ အားနည်းချက်တွေကရော ဘာတွေ ဖြစ်မလဲ။
အားနည်းချက်အနေနဲ့ တစ်ခုက awareness မရှိတာပေါ့။ ဖုန်းပေါ်ကတစ်ဆင့် သုံးစွဲဖို့ဆိုတာနည်းပညာ အခက်အခဲ ရှိပါတယ်။ လူတွေက ဒီစနစ်နဲ့ပတ်သက်ပြီး သေချာမသိသေးတော့ သုံးစွဲမှု သိပ်မတွင်ကျယ်ဘူးပေါ့။ နောက်တစ်ခုက rules & regulations ပါ။ လက်ရှိဝန်ဆောင်ခ နှုန်းထားတွေနဲ့ ယှဉ်ရင်နည်းအောင် လုပ်ထားတယ် ဆိုပေမယ့် ဒါက ကိုယ်ပိုင်အချက်အလက်တွေနဲ့ သတ်မှတ်ထားတာပါ။ rules & regulations တွေကြားမှာ ဥပဒေအနေနဲ့ ပြတ်ပြတ်သားသား မရှိသေးပါဘူး။ နောက်ပိုင်းမှာ ဝန်ဆောင်ခကိုဗဟိုဘဏ်က သတ်မှတ်ပေးမယ်ဆိုရင်တော့ ကောင်းတာပေါ့။ ဒါဒုတိယအခက်အခဲပါ။ နောက်ဆုံးတစ်ခုကတော့ ပြည်တွင်း အချင်းချင်းပဲ ငွေလွှဲပေးလို့ရသေးတယ်။ ပြည်ပငွေလွှဲပါလုပ်ပေးနိုင်မယ်ဆိုရင် အရမ်းအဆင်ပြေပါတယ်။ ဒါကတော့ အခက်အခဲလို့လည်း ပြောလို့ရတယ်။ အားနည်းချက်လို့လည်း ပြောလို့ရတယ်။ ဒါကိုလည်း အဆင်ပြေအောင် ဆောင်ရွက်သွားမှာပါ။
Mobile Banking စနစ်ကဒီက အသုံးပြုသူတွေနဲ့ စိမ်းနေသေးတယ်။ သုံးသူများလာအောင် ဘယ်လိုလုပ်မလဲ။
အဆင့် သုံးဆင့်နဲ့ ဆောင်ရွက်သွားဖို့ မှန်းထားတယ်။ အရင်ဆုံးရုပ်သံမီဒီယာတွေကတစ်ဆင့် ရင်းနှီးဖို့ လုပ်သွားမယ်။ ဒုတိယအဆင့်အနေနဲ့ road show နဲ့ awareness campaign တွေလုပ်မယ်။ ဆိုရှယ်မီဒီ ယာတွေ၊ ပြပွဲတွေကတစ်ဆင့်မိတ်ဆက်မယ်။ နောက်ဆုံးအဆင့်အနေနဲ့ Agent တွေနဲ့ ပူးပေါင်းပြီးသူတို့ ပတ်ဝန်းကျင်မှာ ဒီဝန်ဆောင်မှုကို ရင်းနှီးဖို့ ပညာပေးလုပ်ငန်းတွေလုပ်သွားမယ်။
သူငယ်ချင်းဆိုက်တစ်ခုမှကူးယူဖော်ပြပေးထားပါသည်။

စတော့အိတ်ချိန်းသည် ချမ်းသာစေသော နည်းလမ်းတစ်ခုဖြစ်

 ၂၀၁၅ ခုနှစ်တွင် ထူထောင်မည့် စတော့အိတ်ချိန်းနှင့် သက်ဆိုင်သောကိစ္စရပ်များနှင့်ပတ်သက်၍ The Trade Times ဂျာနယ်မှ ချမ်းမြထွေးက ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းနှင့် သီးသန့်တွေ့ဆုံမေးမြန်းခဲ့မှုများကို ရေးသားဖော်ပြလိုက်ပါသည်။
စတော့အိတ်ချိန်းကို ၂၀၁၅ ခုနှစ်မှာ တည်ထောင်မယ်လို့သိရပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ဘယ်လိုကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ်ထားပြီးပြီလည်းဆိုတာ သိပါရစေ။
တခြားနိုင်ငံတွေမှာတော့ လုပ်ငန်းအရင်စပြီးမှ ဥပဒေက နောက်ကလိုက်တယ်။ ဒို့နိုင်ငံမှာတော့ ဥပဒေထွက်ပြီးပြီ။ အခုမှ စတာဖြစ်တဲ့အတွက် တခြားနိုင်ငံတွေရဲ့ အတွေ့အကြုံပေါ်အခြေခံပြီးဥပဒေကို အရင် ထုတ်ထားတာ။ ဥပဒေထုတ်ပြီးတော့မှ လုပ်ငန်းစတာပေါ့။ စနစ်တကျစတယ်လို့ ပြောလို့ရတယ်။ ဥပဒေ ထုတ်ထားပြီးပြီ။ ဂျပန်နဲ့ Joint Venture နဲ့ စဖို့ လုပ်နေတယ်။
ငွေချေးသက်သေခံလက်မှတ် လဲလှယ်ရောင်းဝယ်ရေး ဥပဒေကို ၂၀၁၃ ခုနှစ်၊ ဇူလိုင်လမှာ ပြဋ္ဌာန်းနိုင်ခဲ့ပြီး Rules and Regulations ကို  အခုထိ မပြဋ္ဌာန်းနိုင်သေးတာ တွေ့ရပါတယ်။ ဘယ်လိုအကြောင်းကြောင်းတွေကြောင့် ကြန့်ကြာနေတယ်ဆိုတာသိပါရစေ။
Rules and Regulations က ဆွဲနေတယ်။ ဥပဒေထက်ကို Rule and Regulations ပိုပြီး အသေးစိတ်တယ်။ အဲဒီတော့ ပိုကြာတယ်။ မကြာခင် ပြီးတော့မှာပါ။ ဆွဲရာမှာလည်းပဲ ဂျပန်နိုင်ငံရဲ့ ဘဏ္ဍာရေး ၀န်ကြီးဌာန အကူအညီနဲ့ ဆွဲနေတာ။ အဲဒါပြီးရင် Direction ဆိုပြီးညွှန်ကြားချက်တွေ လုပ်ရဦးမယ်။ ဒါကတော့ တတိယအဆင့်ပေါ့။ ဒုတိယအဆင့် Rules and Regulations ကတော့မကြာခင် ပြီးတော့မယ်။ ဆရာမှန်းတာ ကတော့ နောက်လထဲလောက်မှာ ထွက်နိုင်တယ်။
SEC နဲ့ Stock Exchange ရုံးအဖွဲ့တွေအတွက် ကျွမ်းကျင်ဝန်ထမ်းတွေကို ဘယ်လိုစုဆောင်းလေ့ကျင့်သွားမလဲ ဆိုတာသိပါရစေ။ အခုလက်ရှိမှာ ကျွမ်းကျင်ဝန်ထမ်းတွေ ရရှိနေပါပြီလား။
Stock Exchange အတွက် နိုင်ငံခြားကို ကြိုလွှတ်ထားတဲ့ ၀န်ထမ်းတွေရှိတယ်။ အစိုးရပိုင်းက နိုင်ငံခြားမှာ Seminar တွေတက်၊ သင်တန်းတွေတက်ဖို့ လွှတ်ထားတဲ့ ၀န်ထမ်းတွေလည်းရှိတယ်။ ပြင်ပမှာ လည်းနိုင်ငံခြားမှာ လုပ်ခဲ့ဖူးတဲ့ ကလေးတွေလည်းရှိမယ်လေ။ အဲဒါတွေနဲ့လုပ်မယ်။
စတော့ဈေးကွက်မှာ အဓိက ပါဝင်လှုပ်ရှားမယ့် Broker, Dealer တွေအတွက် လိုင်စင်ကိုရော ဘယ်အချိန်မှာ စတင်လျှောက်ထားနိုင်မှာပါလဲ။
အဲဒါကတော့ အချိန်အတိအကျပြောဖို့ခက်တယ်။ SEC လို့ခေါ်တဲ့ ကြီးကြပ်မှုကော်မတီတောင် မဖွဲ့ရ သေးဘူး။ အဲဒါတွေပြီးမှာပဲ ဖြစ်မှာပေါ့။
ပညာရှင်အချို့က စတော့ဈေးကွက်ကို စနစ်တကျ ကျွမ်းကျင်စွာမထိန်းကျောင်းနိုင်ရင် အဲဒီစတော့အိတ်ချိန်းဟာ Cowboy Stock Exchange ဖြစ်သွားနိုင်တယ်လို့ပြောပါတယ်။ ဒီအခြေအနေမျိုး မဖြစ်အောင်ဆရာတို့အနေနဲ့ ဘယ်လိုဆောင်ရွက်သွားမယ်ဆိုတာ သိပါရစေ။
Cowboy Stock Exchange ဆိုတာက ဖြစ်သွားနိုင်တယ်။ ဒါပေမယ့် ရည်ရွယ်တာကတော့ အစမှာ စနစ်တကျ လုပ်ဖို့ပေါ့။ တအားကြီးဖြစ်မြောက်တဲ့ဟာမျိုးကတော့ မဖြစ်နိုင်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ တခြား နိုင်ငံမှာ နှစ်ပေါင်းများစွာလုပ်ခဲ့ရတာလေ။ ဒို့ကတော့စပေးဖို့ပဲ။ စတဲ့အခါမှာလည်း စနစ်တကျနဲ့စဖို့ပဲရည်ရွယ် တာပဲ။ စနစ်တကျနဲ့ စဖို့ပဲအရေးကြီးတယ်။ ဥပမာ လာအိုဆိုရင်ကုမ္ပဏီတစ်ခုတည်းနဲ့ စတာပေါ့။ ဗီယက်နမ်ဆို ရင်ကုမ္ပဏီငါးခုနဲ့စတာ။ အဲဒီလိုပေါ့။ ဒို့ကလည်း အရေအတွက်ထက် အရည်အချင်းက အရေးကြီးတယ်။ ဒါပေမယ့်လည်း သိပ်ပြီးကြောက်နေလို့ မရဘူး။ လုပ်တော့လုပ်ရမှာပဲ။ စထောင်တဲ့ နေရာမှာ ဟိုကိစ္စ၊ ဒီကိစ္စ တွေ စဉ်းစားပြီးတော့ ကြောက်နေလို့တော့ မရဘူး။ သို့သော်လည်း calculated risk တွက်ချက်ပြီးတော့ risk ကတော့ယူရတာပေါ့။ စိစိစစ်စစ် လုပ်သွားမှာပေါ့။
စတော့အိတ်ချိန်းမှာ ပါဝင်မယ့် Listed Public Company နဲ့ စတော့အိတ်ချိန်းမှာမပါတဲ့ Unlisted Public Company တို့ ကွဲပြားသွားအောင် နိုင်ငံတော်အနေနဲ့ Listed ကုမ္ပဏီတွေကို ဘယ်လိုထူးခြားတဲ့အခွင့်အရေးတွေ ပေးနိုင်ပါမလဲ။
အခွင့်အရေးပေးတာ ဘယ်နိုင်ငံမှမရှိဘူးလေ။ ကွာတာက Listed ကုမ္ပဏီတွေက စတော့အိတ်ချိန်းမှာ သူ့စတော့တွေ ရောင်းခွင့်ရှိတယ်။ Unlisted တွေက ရောင်းခွင့်မရှိဘူး။ အဲဒါ ကွာသွားတာပေါ့။ Listed ကုမ္ပဏီ တွေက စတော့အိတ်ချိန်းမှာ ရောင်းခွင့်ရှိတဲ့အတွက် ၀ယ်သူအနေနဲ့လည်း ၀ယ်ရတာအဆင်ပြေတယ်။ Unlisted ကျတော့ ရောင်းဖို့ခက်တာပေါ့။ ဒို့ဆီမှာတော့ ဘယ်သူမှ Listed ကုမ္ပဏီမရှိသေးတော့ ဒီအတိုင်းပဲ ရောင်းဝယ်နေကြတယ်။ ဒါပေမယ့် နောက်ပိုင်း ဆရာထင်တာက ဒီစတော့အိတ်ချိန်း ပေါ်လာရင်ဒီကုမ္ပဏီတွေ အားလုံးက Listed ကုမ္ပဏီတွေ ဖြစ်အောင် သူတို့ကြိုးစားမှာပဲ။ သတ်မှတ်ထားတဲ့ သတ်မှတ်ချက်တွေနဲ့ညီ အောင် ကြိုးစားမှာပဲ။ ကြိုးစားလို့ Listed ကုမ္ပဏီဖြစ်သွားရင် ဒီမှာပဲ ရောင်းဝယ်ကြမယ်လို့ ထင်တယ်။ စတော့ အိတ်ချိန်းပေါ်လာရင် အားလုံးက Listed ဖြစ်အောင်လုပ်ကြမှာပဲ။ အခုဟာက မရှိသေးလို့မလုပ်ကြတာ။
စတော့အိတ်ချိန်း ပေါ်ပေါက်လာရင်ဘယ်ကဏ္ဍတွေကို အကျိုးပြုမလဲ။
စတော့အိတ်ချိန်းက အာဆီယံနိုင်ငံတွေထဲမှာဆို ဒို့နိုင်ငံမှာပဲမရှိတာ။ နောက်တစ်ခုကလည်း ဈေးကွက် စီးပွားရေးစနစ်ရဲ့ အင်္ဂါရပ်တစ်ခုပဲဖြစ်တယ်။ စီးပွားရေးတိုးတက်ဖို့အတွက်အရေးကြီးတဲ့ အခြေခံတစ်ခုပဲ။ ကုမ္ပဏီတွေ ကြီးပွားဖို့ဆိုတာကလည်း စတော့အိတ်ချိန်းက အရေးကြီးတယ်။ ဘာကြောင့်လည်းဆိုတော့ စတော့အိတ်ချိန်းရှိမှ ကုမ္ပဏီတွေ အဲဒီမှာ သူတို့ရဲ့စတော့တွေအရောင်းအ၀ယ် လုပ်လို့ရတယ်လေ။ အဲဒီမှာ ငွေပင်ငွေရင်းတွေ ၀င်လာမယ်။ ထို့အတူပဲ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူတွေကလည်း ဒီဟာကရင်းနှီးမြှုပ်နှံဖို့ အတွက် အဲဒီကနေ တစ်ဆင့်ရင်းနှီးမြှုပ်နှံလို့ ရတယ်။
ဂျပန်ဘက်က တာဝန်ရှိသူတစ်ဦးပြောသွားတာက နိုင်ငံတစ်နိုင်ငံမှာ စတော့အိတ်ချိန်းရှိရင် ချမ်းသာတယ်လို့ပြော ပါတယ်။ အဲဒီအပေါ် ၀န်ကြီးရဲ့အမြင်ကို သိပါရစေ။
စတော့အိတ်ချိန်းကြောင့် ချမ်းသာတာတော့ မဟုတ်ဘူး။ ဒါပေမယ့်စတော့အိတ်ချိန်းက ချမ်းသာအောင် လုပ်နိုင်တဲ့ ကိရိယာတွေထဲမှာ တစ်ခုအပါဝင်ပေါ့။ ချမ်းသာအောင်လုပ်နိုင်တဲ့ အခွင့်အရေးတစ်ခုက စတော့ အိတ်ချိန်းမှာရှိတယ်။ စတော့အိတ်ချိန်းလုပ်တိုင်းလည်း မချမ်းသာဘူး။ ချမ်းသာတာက ကံအပေါ်လည်း မူတည် တယ်။ သို့သော်လည်းစတော့အိတ်ချိန်းရှိတာဟာ ချမ်းသာဖို့အတွက် အလားအလာကောင်းတစ်ခုဖြစ်တယ်။ ပြည်သူတွေအတွက်လည်း ကောင်းတယ်။ ကုမ္ပဏီတွေအတွက်လည်း အလားအလာရှိတယ်။ ကုမ္ပဏီနဲ့ ရင်းနှီး မြှုပ်နှံသူတွေအလားအလာ ရှိတဲ့အတွက်ကြောင့် စီးပွားရေးအဆောက်အဦကြီး တစ်ခုလုံးအတွက်လည်း ကောင်းတယ်။
စတော့အိတ်ချိန်း ပေါ်ပေါက်လာရေးနဲ့ပတ်သက်ပြီး ၀န်ကြီးအနေနဲ့ဘာများ ဖြည့်စွက်ပြောချင်ပါသလဲ။
ဒါကမရှိမဖြစ်တဲ့ အင်္ဂါရပ်တစ်ခုပဲ။ မရှိရှိအောင်တော့ လုပ်ရမှာပေါ့။ လုပ်တဲ့အခါမှာ အခက်အခဲတွေက တော့အများကြီးရှိမယ်။ ဒါပေမယ့် အခက်အခဲတွေကြောက်လို့ မလုပ်လို့တော့မရဘူး။ လုပ်ရမှာပဲ။ လွယ်တဲ့ ကိစ္စကြီးတော့ မဟုတ်ဘူး။ မလွယ်ဘူး။ ခက်ခဲတယ်ဆိုပြီး မလုပ်ဘဲနေလို့လည်းမရဘူး။ လုပ်တဲ့နေရာမှာတော့ အမှားအယွင်းနည်းအောင်အတတ်နိုင်ဆုံး တတ်ကျွမ်းတဲ့ပုဂ္ဂိုလ်တွေနဲ့ တိုင်ပင်ပြီးလုပ်ရမှာပေါ့။ နိုင်ငံခြားက တတ်ကျွမ်းတဲ့ ပုဂ္ဂိုလ်တွေ၊ သူတို့ဆီက အကြံဉာဏ်ယူပြီး အမှားအယွင်းနည်းအောင် လုပ်ရမှာပေါ့။ လွယ်တဲ့ ကိစ္စကြီးတော့မဟုတ်ဘူး။
သူငယ်ချင်းတစ်ယောက်ဆီမှ ကူးယူဖော်ပြပေးပါသည်။ ဗဟုသုတတိုးပွားစေရန်အတွက်ရည်ရွယ်ခြင်းကြောင့်