Wednesday, March 12, 2014

canon ip2770 resetter

ဒီ printer ဟာဆိုရင် စျေးနှုန်းချိုသာပြီး ဆေးရောင်ခြယ်သည့်တုံးကို မကြာမကြာအသစ်လဲပေးရလို့ကုန်ကျမှု ပိုများနိုင်ပါတယ် ဒါပေမဲ့ အလုပ်လုပ်ပုံမှာတော့ အခြားသော စက်တွေထက်သာလွန်းကောင်းမွန်ပြီး စိတ်တိုင်းကျစေပါတယ် သူ့မှာလည်း ဆေးခြယ်တုံးကောင်းနေပြီး စက်က service require error ပြပြီးဆိုရင် လုပ်ဆောင်ရမည့်နည်းလေး တင်ပြပေးလိုက်ပါတယ် ပထမဦးဆုံး ဒီresetter လေးကိုဒေါင်းလိုက်ပါ
1. Service Mode iP2770 ကိုဝင်ပါမယ် printer ကိုပိတ်လိုက်ပါ 
2.resume button ကိုနှိပ်ပြီးမှ  power button ကိုဆက်နှိပ်ပါ နှစ်ခုစလုံးနှိပ်ထားရပါမယ်
3.  power button ကိုမလွတ်လိုက်ပဲ resume button ကို (၅)ကြိမ်အတိအကျ နှိပ်လိုက်ပါ printer မှာ အစိမ်းရောင်မီးပြသွားပြီး စက်အလုပ်လုပ်နေလျှင် service mode ၀င်သွားပါပြီ ဒါဆိုရင် အပေါ်ကဒေါင်းထားတဲ့ ဟာလေးကို run လိုက်ပါ
ပုံမှာပြထားသည့်အတိုင်းလုပ်ကြည့်လိုက်ပါ ပြီးရင် print out ပြီးကြည့်လိုက်ရင် အဆင်ပြေတယ်ဆိုရင် စက်ကိုပိတ်ပြီး မှ ပြန််ဖွင့် အလုပ်လုပ်ကြည့်လိုက်ပါ အောင်မြင်စွာ အလုပ်လုပ်သွားပါလိမ့်မယ်
နည်းပညာတိုးတက်ပါစေ
နေမင်းကြီး

No comments:

Post a Comment

ဝင်ရောက်ဆွေးနွေးနိုင်ကြပါတယ်