Thursday, December 13, 2012

မြန်မာပြည်အတွက် ကျွန်တော့်ရဲ့တင်ပြချက်

ဒီတစ်ခါတော့ မြန်မာပြည်ကိုချစ်တဲ့ ကျွန်တော်မြန်မာပြည်ကိုနှလုံးသားကထွက်ပေါ်လာတဲ့ ဝေဖန် အကြံပြုချက်ကိုတင်ပြပေးလိုက်ပါတယ်
မြန်မာပြည်ရဲ့ အဓိကလိုအပ်ချက်က (၂)ခုပဲရှိပါတယ် ဘာလဲဆိုရင် လျှပ်စစ်မီးနှင့်သောက်သုံးရေ ကို မြန်မာပြည်အနှံအပြားပေးနိုင်ဖို့ပါပဲ ဖြစ်လာမည့်အကျိုးဆက်တွေကတော့
၁. မီးကိုနိုင်ငံအနှံရပြီဆိုရင် မြန်မာပြည်မှာ ကုန်ကြမ်းပေါများလှတဲ့နိုင်ငံတစ်နိုင်ငံပါ လိုအပ်ချက်က ကုန်ချောထုတ်လုပ်ပြီး make in

myanmar ဖြစ်ဖို့ပါ ဘာတွေပေါ့လည်း ကောက်ပဲသီးနှံ၊ ရာဘာ၊ ဆန်စပါး၊ သားငါး၊ သဘာဝဓာတ်ငွေ့၊ သစ်၊ ရွှေငွေကျောက်တန်ပတ္တမြား၊ စားအုန်းဆီ၊ ချည်ထည်ပိုထည်၊ ရေနံ တွေပေါများလှပါတယ် ဒါတွေကို ဒီအတိုင်းရောင်းမည့်အစား ကုန်ချောထုတ်ပြီးရောင်းမယ်ဆိုရင် အမြတ်အစွန်း(၂)ပိုရလာပါလိမ့်မယ်..... ရာဘာကနေ စက်ရုံပေါုင်းစုံထုတ်ပေါ်လာပါလိမ့်မယ် ဒီလိုပဲ စက်ရုံတွေပေါ့များလာပါလိမ့်မယ် ဒါဆိုရင် အလုပ်လက်မဲ့မရှိနိုင်တဲ့အပြင်ကို အခြားနိုင်ငံတွေက ပါ အလုပ်သမားငှားသုံးနေရမှာပါ သယံဇာတ မရှိတဲ့ ထိုင်းလို့နိုင်ငံတောင် နိုင်ငံတကာနဲ့ရင်ပေါင်တန်နိုင်တာ ဒို့မြန်မာပြည်က ရင်ပေါင်မတန်နိုင်စရာမရှိပါဘူး မိမိအစိုးရက နေရာတိုင်းကိုလိုက်လုပ်နေစရာတောင်မလိုအပ်ပါဘူး မီးကိုနိုင်ငံလုံး(၂၄)နာရီပေးနိုင်ရင် ကောင်းကျိုးတွေကြည့်ပါပဲ အစကနေလုပ်စရာလည်းမလိုအပ်ပါဘူး အရင်ရှိပြီးသားကိုထပ်တိုးလုပ်ရင်ရပါတယ်.. မီးအဆင့်အောင်မြင်ရင် ပြည်တွင်း၊ပြည်ပ လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ပြီး ဒီလိုဒီလိုဖြစ်ချင်တယ်ဆိုရင် လုပ်ကြမှာပဲ ပြည်သူ့တွေတောင်းတနေတဲ့ ဖုန်းကိုလည်း အစိုးရ က ကိုယ်တိုင်လုပ်စရာမလိုအပ်ပါဘူး ပင်ပန်းပါတယ် မီးတာပေးထားလိုက် လုပ်ငန်းရှင်များကို စျေးပြိုင်စနစ်နဲ့ လွဲပေးလိုက်ရင် သူ့ဘာသာ စျေးကွက်ရှာတဲ့အနေနဲ့ လိုအပ်တဲ့ တာဝါတိုင်တွေ ဘာတွေလုပ်ဆောင်သွားပါလိမ့်မယ် အများပြည်သူတွေလည်း စျေးပြိုင်စနစ်ဆိုတော့ စျေးသက်သာပါလိမ့်မယ်...........
လျှပ်စစ်မီးကို ကိုယ်တိုင်မထုတ်လုပ်နိုင်ပဲ အခြားနိုင်ငံကနေဝယ်သုံးနေရတဲ့ ထိုင်းနိုင်ငံမှာတောင်နေရာအနှံ တောပါမကျန်ပေးနိုင်တာထက် မီးကြေးတောင်မှ အခု unit ၅၀ အထိအလကားသုံးခွင့်ပြုထားပါတယ် အရင်ကဆို unit ၈၀ အထိပေးပါတယ် ပိုက်ဆံနဲ့ဆိုရင် (၁)လကို ဘတ်(၃၀၀)အထိအလကားသုံးစွဲခွင့်ပေးထားပါတယ် ဒို့နိုင်ငံကကိုယ်ပိုင်ထုတ်လုပ်တာဆိုတော့ သူ့ထက်တောင်ပိုပေးနိုုင်ရမှာပေါ့..
၂.
နောက်အဆင့် လစားနဲ့လုပ်အားခ ကမ္ဘာပေါ်မှာ လူတစ်ယောက်ရဲ့တစ်နေ့ဝင်ငွေကို (၁၅)ဒေါ်လာသတ်မှတ်ပေးထားပါတယ် အခုမြန်မာပြည်မှာ ရတဲ့လခဟာဆိုရင် ဒေါ်လာနဲ့ဆိုရင် (၂)ဒေါ်လာဝန်းကျင်ပဲ ရနေပါတယ် မိသားစု ဘယ်လိုလောက်ငှာအောင်သုံးမလဲ မိသားစုအရေးမလွယ်ကူလှပါ... တိုးတတ်နေတဲ့ထိုင်းနိုင်ငံတောင် တစ်ရက်လုပ်အားခ ပုံမှန်(၁၀)ဒေါ်လာပဲရပါတယ် မြန်မာပြည်မှာ ကုန်ချောထုတ်လုပ်မည့်စက်ရုံ၊ အလုပ်ရုံတွေပေါ်ပေါက်လာပြီဆိုရင် အခြေခံ လစာကို (၁၀)ဒေါ်လာအထက်မှာပေးနိုင်ပါတယ် ဖြစ်နိုင်မလားလို့တွေးကြည့်ပါ ဖြစ်နိုင်ပါတယ် ဒါဆိုရင် ပြည်သူတွေမှာ ပိုက်ဆံရှိလာပါလိမ်မယ် ......... ဒါဆိုရင် ကုန်ပစ္စည်းတွေရောင်းဝယ်အားလဲ ပိုမိုတိုးလာပါလိမ်မယ် အခုဟာက အလုပ်လက်မဲ့တွေက များပြားလွန်းပါတယ် အခြားနိုင်ငံသွားရောက်ပြီးအလုပ်လုပ်နေတာတင် (၁၀)သန်းလောက်ဖြစ်နေတယ် မြန်မာပြည်မှာအလုပ်တွေရှိနေပြီဆိုရင် မပြန်လာမည့်သူဘယ်သူရှိမှာလဲ ဘွဲ့ရအလုပ်လက်မဲ့ တော်ရာမှာမလုပ်ရပဲ အခြေနေကြောင့်လုပ်နေရတယ် အလုပ်မရှိတဲ့ အင်ဂျင်နီယာတွေလည်းအများကြီးပဲ
ကဲဘယ်လိုလဲ စာဖတ်ပရိတ်သတ် ဒါတွေကိုလုပ်ပေးနိုင်မည့် ဘယ်အစိုးရပဲဖြစ်ဖြစ် ကျွန်တော်တို့ လက်ခံနိုင်ပါတယ်.. ...
နောက်ထက်ရှိသေးတယ်ဗျာ မြန်မာတွေမှာ အရိုးစွဲနေတဲ့ ဘီဇ လို့ပြောရမယ် (၁၀၀၀)ကို မြင်ရ (၁၀)လောက်တော့စွန့်ရတော့မှာပေါ့ ဒါလေးတောင်မကြည့်တတ်ပဲ လက်မြှောက်ဆန္ဒပြနေမယ်ဆိုရင်တော့ မြန်မာပြည်ဟာ နိုင်ငံတကာနဲ့ရင်ဘောင်တန်နိုင်ဖို့မလွယ်ကူလှပါဘူး ခေတ်မှီချင်တယ် တိုးတတ်ချင်တယ် အပြောင်းအလဲအတွက် စွန့်သင့်သလောက်တော့ စွန့်လိုက်ရမှာပေါ့ ဥပမာဗျာ စက်ရုံတစ်ရုံဆောက်ဖို့ မြေဧက (၂၀)ပတ်လည် ကျယ်ဝန်းမယ်ဆိုရင် (၂၀)ဧကတော့ အတန်ရာတန်ကြေးရရှိပါလိမ်မယ် ဒါကိုမပေးနိုင်ဘူးမရောင်းနိုင်ဘူး ဆိုပြီးနေမယ်ဆိုရင်တော့ ကျွန်တော်ပြောခဲ့တဲ့ လုပ်အားခလည်း မဖြစ်နိုင်သလို အလုပ်လက်မဲ့တွေလည်း ဆက်လက်ရှိနေအုံးမှာပါ အများကြီး အကျိုးဖြစ်ထွန်းမယ်ဆိုရင် ဒီလောက် ပေးရမှာပါပဲ ကိုယ်လဲ လုံးဝ ဆုံးရှုံးတာမဟုတ်ပါဘူး တန်ရာတန်ကြေးတော့ရတာပါပဲ.........
ကျွန်တော်ရေးထားတာတွေကို ၀င်ရောက် ဆွေးနွေးနိုင်ပါတယ် အားလုံးပဲ......

No comments:

Post a Comment

ဝင်ရောက်ဆွေးနွေးနိုင်ကြပါတယ်