Wednesday, April 16, 2014

Samsung grand2 ကို root ဖောက်နည်း

ဟုတ်ကဲ့ချင်ဗျာ ပထမလိုအပ်တာကို အရင် ဒေါင်းပါမယ် odin ထဲမှာထည့်ပြီး root ဖောက်ပေးမည့် .tar file zip ကို ဒီမှာ အရင်ဒေါင်းယူထားပါ။ နောက်ထပ် odin v3.0.9 ကို ထပ် ဒေါင်းယူရန် ဒီမှာဒေါင်း ယူလိုက်ပါ။
ဒါဆိုစလို့ရပါပြီး ဖုန်းကိုသေချာအောင် backup အရင်လုပ်လိုက်ပါ ပြီးတော့ drivers ကို ဒီမှာ ဒေါင်းယူလိုက်ပါအုံး။ ဖုန်းမှာ ဘက်ထရီအနည်းဆုံး(၆၀)%ရှိရပါမယ်။
စတင်ဖို့ရန် drivers ကိုအရင် run ပါပြီးတော့မှ အစောကဒေါင်းထားတဲ့ root file zip ကိုဖြေလိုက်ရင် .tar.md5 ဖိုင်ကို folder တစ်ခုထဲမှာထားထားပါ။ ဒေါင်းထားတဲ့ odin v3.0.9 ကိုဖြေပြီး odin v3.0.9.exe ကိုနှိပ်၍ဖွင့်လိုက်ပါ။
အောက်ကအတိုင်းမြင်ရပါမယ်
ပုံထဲကအတိုင်း PDA နေရာကိုနှိပ်ပြီး အစောကဒေါင်းထားတဲ့ cf-auto-root-ms013g-ms013gxx-smg7102.tar.md5 ကို ရွေးပေးလိုက်ပါ။
ဖုန်းကို ပါ၀ါပိတ်ပြီး download mode ၀င်ပါ။ home+volume down+power ကိုနှိပ်လိုက်ပြီး volume up ကိုရွေးပေးလိုက်ပါ
အပေါ်ကအတိုင်းရမှ ကွန်ပျူတာနဲ့ ဖုန်းကိုချိတ်ပေးလိုက်ပါ
odin မှာ ID COM အောက်ကအကွက်လေး အရောင်ပေါ်နေတယ်ဆို ဖုန်းနဲ့ဆက်သွယ်မိနေပါပြီ အခြားဘာမျှမလုပ်ပဲ star ကိုသာနှိပ်လိုက်ပါ အလိုအလျှောက် အလုပ်လုပ်သွားပါလိမ့်မယ် နောက်ဆုံး pass ကိုမြင်ရင်တော့ အောင်မြင်သွားပါပြီး အဆင်ပြေကြပါစေ။

No comments:

Post a Comment

ဝင်ရောက်ဆွေးနွေးနိုင်ကြပါတယ်