Tuesday, June 10, 2014

samsung ဖုန်းများကို root လုပ်ပုံ

samsung ဖုန်းများကို root လုပ်ပုံ 
*********************************
အများအားဖြင့်တော့ ကျွန်တော်တို့တွေအားလုံးက VRoot ကိုအားကိုးကြပါတယ် ဒါပေမဲ့ samsung တော်တော်များများကို မရနိုင်ပါ ဒါကြောင့် မိမိတို့ကိုယ်တိုင်ပြုလုပ်တတ်စေရန် ရေးသားပေးလိုက်ပါတယ် ....
ပထမနည်းလမ်း
google တွင် မိမိပြုလုပ်မည့်အမျိုးအစား မော်ဒယ်နှင့် ယခုရှိနေသည့် ဗာရှင်းနဲ့ root.tar လို့ရိုက်ထည့်လိုက်ပါ (ဥပမာ) GT-S7270L v 4.2.2 root.tar download ပေါ့ ဒါဆိုရင် အောက်မှာ ဒေါင်းလော့ပေးထားတဲ့ ဆိုက်တွေကျလာပါလိမ့်မယ် ဒေါင်းယူလိုက်ပါ ဒေါင်းပြီးသားကို မိမိပြုလုပ်မည့်ဖုန်းအမျိုးအစား နဲ့ ကိုက်ညီသည့် Odin ကိုရွေးချယ်ပြီး flash လိုက်ပါက လွယ်လင့်တကူ root ဖောက်နိုင်ပါမည်။
ဒုတိယနည်းလမ်း
အပေါ်ကပြောသလိုပါပဲ google တွင် မိမိပြုလုပ်မည့်အမျိုးအစားနဲ့ ကိုက်ညီသည့် CWM ကိုရှာဖွေပြီး ဒေါင်းယူလိုက်ပါ။ ပြီးရင် ကိုက်ညီသည့် Odin နဲ့ သွင်းပါ။ အောင်မြင်ပြီးဆိုရင် root.zip ကိုရှာပြီး sd card ထဲထည့် recovery mode ကိုနေ update ပြုလုပ်နိုင်ပါသည်။ ဒါဆို root လုပ်ခြင်းအောင်မြင်သွားပါပြီ။ မြန်မာစာထည့်ဖို့ဆိုရင်တော့ root မလုပ်ပဲနဲ့ ထည့်သွင်းနိုင်ပါသည်။ မိမိဖုန်းတွင် cwm သွင်းထားမယ်ပြီးတော့ ဖုန်းရဲ့ version နဲ့ကိုက်ညီသည့် မြန်မာစာဖောင့်ပါသည့် zip file ကို sd card တွင်ထည့်ကာ cwm recovery မှသွင်းလိုက်ခြင်းသည် root မလုပ်ပဲ သွင်းခြင်းဖြစ်ပြီး မြန်မာစာကို ရာနှုန်းပြည့်မှန်ကန်ပါကြောင်း မျှဝေပေးလိုက်ပါသည်။ နည်းပညာများကို ပြောပြလိုက်ပါသည် လိုအပ်သည်များကို မိမိတို့ကိုယ်တိုင်ရှာဖွေပြီး ပြုလုပ်ကြပါ မိမိကိုယ်တိုင်ပြုလုပ်မှ တတ်မြောက်မည်ဖြစ်သောကြောင့် ကြိုးစားစေချင်သည့်ရည်ရွယ်ချက်ကြောင့်ပါ
နည်းပညာဖွံ့ဖြိုးတိုးတတ်ကြပါစေ

No comments:

Post a Comment

ဝင်ရောက်ဆွေးနွေးနိုင်ကြပါတယ်