Saturday, October 29, 2011

firefox ကိုပိုမိုမြန်လာစေရန်ပြုလုပ်ပုံ

Firefox ကိုပိုပြီးမြန်ဆန်လာအောင်ဘယ်လို လုပ်ရမလဲဆိုတော့... အခုနည်းလမ်းလေးကတော့လွယ်လဲလွယ်ပါတယ်။သိသိသာသာလဲ မြန်လာတာကိုတွေ့ရပါလိမ့်မယ်။ အောက်မှာပြောပြထားတဲ့အတိုင်း လိုက်လုပ်ကြည့်လိုက်ပါ။ * အရင်ဆုံး အသုံးပြုနေတဲ့ Firefox ရဲ့ Address bar မှာ about:config လို့ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။ * I'll be careful, I promise! ဆိုပြီးပေါ်လာပါလိမ့်မယ်။ အဲ့ဒီကောင်လေးကိုကလစ်ပေးလိုက်ပါ။ သူရဲ browser လေးပေါ်လာပါလိမ့် မယ်။ ကီးဘုတ်မှ Ctrl + F ကိုနှိပ်လိုက်ပါ။ အပေါ်မှာ Search box လေးပေါ်လာ ပါလိမ့်မယ်။ အဲ့ဒီ Search Box လေးထဲမှာ အောက် မှာ ပေးထားတာလေး တွေကိုထည့်ပြီးရှာလိုက်ယုံပါပဲ။ * အရင်ဆုံး network.http.pipelining ကိုရှာပါ။ တွေ့ပြီဆိုရင် Right Click နှိပ်လိုက်ပါ။ ပြီးရင် Toggle ဆိုတာကိုနှိပ်လိုက်ပါ။ Value တန်ဖိုး false မှ true သို့ပြောင်းသွားပါလိမ့်မယ်။ * နောက်ထပ် network.http.proxy.pipelining ကိုထပ်ရှာပါ။တွေ ့ပြီဆိုရင် Right Click နှိပ်လိုက်ပါ။ ပြီးရင် Toggle ဆိုတာကိုနှိပ် လိုက်ပါ။ Value တန်ဖိုး false မှ true သို့ပြောင်းသွားပါလိမ့်မယ်။ * နောက်ထပ် network.http.pipelining.maxrequests ကိုထပ်ရှာပါ။ တွေ ့ပြီဆိုရင် Right Click နှိပ်လိုက်ပါ။ ပြီးရင် Modify ကိုနှိပ်လိုက်ပါ။ ကျလာသော Box ထဲတွင် value တန်ဖိုးကို 30 သို့ပြောင်းလိုက်ပြီး OK နှိပ်လိုက်ပါ။ * နောက်ဆုံးအဆင့်အနေဖြင့် မိမိကြိုက်နှစ်သက်သောနေရာတွင် Right Click နှိပ်လိုက်ပါ။ ပြီးလျှင် New ထဲမှ Integer ကိုနှိပ်လိုက်ပါ။ ကျလာသောဘောက်ထဲတွင် nglayout.initialpaint.delay လို့ရိုက်ထည့်ပြီး OK ကိုနှိပ်လိုက်ပါ။ နောက်ထပ်ကျလာသောဘောက်ထဲ တွင် Value တန်ဖိုးကို 0 ထားပြီး OK ကိုနှိပ်လိုက်ပါ။ အားလုံးပြီးပါပြီ။ * ဒါဆိုရင်မိမိတို့ရဲ့ Firefox browse ဟာအရင်ကထက် သိသိသာသာမြန်လာတာကိုတွေ့ရပါလိမ့်မယ်။

No comments:

Post a Comment

ဝင်ရောက်ဆွေးနွေးနိုင်ကြပါတယ်