Saturday, October 29, 2011

Window 7 မှာ Partition ထပ်ပိုင်းတဲ့နည်း။

1. Desktop က my computer >> right click နှိပ်ပြီး Manage ကိုသွားလိုက်ပါ။ 2. Computer Management Box ပေါ်လာပါမယ်။ 3. Storage >> Disk Management ကို ရွေးပေးလိုက်ပါ။ 4. မိမိပွားယူမယ့်အပိုင်းကိုခွဲဖို့ မူလရှိသည့် HDD ကိုရွေးပေးပါ။ (တစ်ပိုင်းတည်းဆို C:\ ကိုရွေး ပေးပါ။) တစ်ပိုင်းတည်းကို ပြန်ခွ ဲတာပဲပြောပြပါ့မယ်။ အတူတူပါပဲ C:\ တစ်ပိုင်း တည်းကို နှစ်ပိုင်းပြန်ခွဲပြမှာပါ။ 5. C:\ >> right click နှိပ်ပြီး Shrink Volume ကိုရွေးပေးလိုက်ပါ။ 6. Enter the amount of space to shrink in MB မှာ မိမိ ပိုင်းချင်တဲ့ပမာဏကို ထည့်ပေးရမှာပါ။ (1024 MB = 1 GB) 7. ပြီးတာနဲ့ Shrink ကိုနှိပ်ပေးလိုက်ပါ။ 8. Partition အသစ်တစ်ခု တိုးလာတာကိုတွေ့ရမှာပါ တွေ့တဲ့ Partition အသစ်ကို Right Click ထောက်ပြီး New Simple Volume ကိုရွေးပေးပြီး၊ Next .... Next ဆိုပြီးတော့ ဆက်နှိပ်သွား လိုက်ပြီးတာနဲ့ နောက်ဆုံးမှာ Partition အသစ်တစ်ခု ထပ်တိုးလာတာကိုတွေ့ရမှာပါ။ အားလုံးအဆင်ပြေပါစေ။

No comments:

Post a Comment

ဝင်ရောက်ဆွေးနွေးနိုင်ကြပါတယ်