Saturday, October 29, 2011

Windows 7 boot time

Windows 7 boot time ဆိုတာ Windows 7 ဟာစတင်အလုပ်လုပ်စဉ်က Core တစ်လုံးတည်းကိုသာ အသုံးပြုပါတယ်။ အဲ့ဒါကြောင့် Boot Time ကိုမြှင့်ဖို ့အတွက် အသုံးပြုမယ့် Core တွေကို တိုးမြှင့်ခြင်းဖြင့်ပြူပြင်နိုင်ပါတယ်။ အဲ့ဒီလိုပြုပြင်လိုက်တော့.... Windows တက်လာတာမြန်သွားပါလိမ့်မယ်။ Start > Run > msconfig ( Enter ) ပြီးရင် Boot Tab > Advance Options ကို Click နှိပ်ပါ။ ထို ့နောက် Number Process တွင် မိမိကွန်ပျူတာရှိ Processor ရဲ့ Core အရေအတွက်ကိုရွေးပေးပါ။ စက်တိုင်း Number မတူပါဘူး။ P4 ကနေ Core 2 Dual ထိကို နှစ်လုံးပဲပါပါတယ်။ Core 2 quad ဆိုရင်တော့ 4 လုံးပါပါတယ်။ ရွေးပြီးရင်တော့ OK ကိုနှိပ်ပါ။ ပြီးရင် Restart လုပ်မလား။ Restart မလုပ်ဘူးလားဆိုတာမေးလာပါလိမ့်မယ်။ အဲ့ဒီမှာ မိမိက Restart မလုပ်ချင်သေးဘူးဆိုရင်တော့ Exit without restart ကို Click နှိပ်လိုက်ပါ။ Windows 7 Boot တက်တဲ့အချိန်လေးပိုပြီး မြန်လာပါလိမ့်မယ်။

No comments:

Post a Comment

ဝင်ရောက်ဆွေးနွေးနိုင်ကြပါတယ်